Connect with us

Hi, what are you looking for?

သတင်း

၁၂ နာရီအတွင်း ကြည့်ရှုသူ တစ်သန်းပြည့်သွားတဲ့ ‘နိုင်ငံပျောက်သူ’

ကိုးမိနစ်ခန့်သာကြာသော်လည်း ပြောချင်သည့် ရည်ရွယ်ချက်ကို ပြသနိုင်သောကြောင့် ဖန်တီးထားသည့် အနုပညာရှင်များကို ပရိသတ်များက ချီးကျူးထားသည်။

နိုင်ငံပျောက်သူ
နိုင်ငံပျောက်သူ

‘နိုင်ငံပျောက်သူ’ ဇာတ်လမ်းတို ရုပ်ရှင်ကို ၁၂နာရီအတွင်း ကြည့်ရှုသူ တစ်သန်းပြည့်သွားကြောင်း ပဒေသာပင်ချန်နယ်မှ တာဝန်‌ရှိသူတစ်ဦးက ပြောသည်။

ယင်းဇာတ်ကားကို မေလ ၃၀ နံနက် ၈နာရီတွင် စတင်ကြည့်ရှုနိုင်ခဲ့ခြင်းဖြစ်ပြီး ၁၂ နာရီအကြာတွင် တစ်သန်းပြည့်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ယင်းဇာတ်လမ်းတိုရုပ်ရှင်ကို ဒါရိုက်တာ ဏကြီးက ရိုက်ကူးထားခြင်းဖြစ်ပြီး သရုပ်ဆောင်ဒေါင်း နှင့် ပိုင်ဖြိုးသုတို့က ပါဝင်သရုပ်ဆောင်ထားသည်။

ကိုးမိနစ်ခန့်သာကြာသော်လည်း ပြောချင်သည့် ရည်ရွယ်ချက်ကို ပြသနိုင်သောကြောင့် ဖန်တီးထားသည့် အနုပညာရှင်များကို ပရိသတ်များက ချီးကျူးထားသည်။

Public Service Announcement

Public Service Announcement

ယင်းဇာတ်ကားဖန်တီးသူများ နှင့် ကြည့်ရှုပေးသည့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

“ဒီနေ့တစ်ရက် target ပြည့်အောင် အကုန်ဝင်ကြည့် နောက်ရက်ကျ ပစ်ထားလိုက်တော့ ချန်နယ်တွေလည်း ကြော်ငြာပိတ်ခံရတာတွေရှိတယ်။အဲ့လိုပြဿနာတွေက ရှေ့မှာလည်းဖြစ်ခဲ့ဖူးတယ်ပေါ့နော် ၊ အဲလိုမဖြစ်ရအောင် တော်လှန်ရေးမပြီးမချင်း ကလစ်မယ် ၊ ယူကျူ့ကြည့်မယ် ၊ နေ့စဉ်ပါဝင်နေရမယ်ဆိုတဲ့ စိတ်မျိုးထားပြီး ပါဝင်ပေးကြဖို့ပြောချင်ပါတယ်။” ဟု ပဒေသာပင် ချန်နယ်မှ တာဝန်ရှိသူက မေတ္တာရပ်ခံသည်။

နိုင်ငံပျောက်သူ ဇာတ်လမ်းတို ရုပ်ရှင်မှရရှိလာသည့် ငွေများကို နွေဦးတော်လှန်ရေး၏ လိုအပ်သည့်နေရာများ၌ အသုံးပြုသွားမည်ဟု အနုပညာရှင်များက ပြောကြားထားသည်။

ယင်းဇာတ်လမ်းတိုရုပ်ရှင်ကို ဇွန်လ၂ ရက်တွင် နွေဦးဗီဒီယို Application ၌ တင်ပေးမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဏကြီး၊ဒေါင်းနှင့်ပိုင်ဖြိုးသုတို့သည် လူငယ်ချင်းလည်းဖြစ်၊အနုပညာကိုလည်းရူးသွပ်ကြပြီး သုံးဦးလုံး စာဖတ်ဝါသနာပါတာခြင်းလည်း တူညီကြသည်။ နောက်ထပ်တူညီတာတစ်ခုက အာဏာရှင်စနစ်ကို ရွံမုန်းပြီး နွေဦးတော်လှန်ရေးမှာ ဟန်ပြမဟုတ်ဘဲ စိတ်ပါလက်ပါ ပါဝင်နေကြခြင်းဖြစ်သည်။

သတင်း

၉ မိနစ်နှင့် ၁၀ စက္ကန့်သာရှိ​သော ဇာတ်လမ်းတိုက​လေးက စစ်အာဏာရှင်စနစ်ကို အဆုံးထိ့တွန်းလှန်ဖို့ တွန်းအား​တွေအများကြီး​ပေးလိမ့်မည်ဟု အာဏာသိမ်းစစ်​ခေါင်း​ဆောင်များ​​တွေးထားမည်မဟုတ်ပါ။

သတင်း

"ကျွန်တော်တို့ နိုင်ငံကြီး နာရေးဖြစ်နေတယ်ဆိုတာကို အားလုံးမမေ့ထားစေချင်ပါဘူး"ဟု သရုပ်​ဆောင် ဒေါင်းက ပြောသည်။

News

ယင်းဇာတ်ကားတွင် ဒေါင်း နှင့်ပိုင်ဖြိုးသု တို့ကပါဝင်သရုပ်ဆောင်ထားပြီး ကျားပေါက်က ဂီတပိုင်းကို တာဝန်ယူပေးထားသည်။