Connect with us

Hi, what are you looking for?

LuduNwayOo

News

ဏကြီးဖန်တီးတဲ့ နိုင်ငံပျောက်သူ

ယင်းဇာတ်ကားတွင် ဒေါင်း နှင့်ပိုင်ဖြိုးသု တို့ကပါဝင်သရုပ်ဆောင်ထားပြီး ကျားပေါက်က ဂီတပိုင်းကို တာဝန်ယူပေးထားသည်။

နိုင်ငံပျောက်သူဇာတ်လမ်းတို ရုပ်ရှင်ကို မေ ၃၀ တွင် ပဒေသာပင် ယူကျူ့ချန်နယ်၌ တင်ပေးမည်ဟု ဒါရိုက်တာဏကြီးက အသိပေးထားသည်။

“ကျွန်တော် စစ်မတိုက်တတ်ဘူး။ fund raising တွေလည်း မလုပ်တတ်ဘူး။
ကျွန်တော်က ရုပ်ရှင်ရိုက်တဲ့သူဆိုတော့ ရုပ်ရှင်ပဲ ရိုက်တတ်ပါတယ်။
အဲဒါကြောင့် ရုပ်ရှင်ရိုက်ပြီး တော်လှန်ပါတယ်။ နိုင်ငံပျောက်သူ short film ကို ပဒေသာပင်ကနေ မေ ၃၀ မှာ တင်ပါမယ် “ဟု ဒါရိုက်တာ ဏကြီးက ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ ကြေညာထားသည်။

ယင်းဇာတ်ကားတွင် ဒေါင်း နှင့်ပိုင်ဖြိုးသု တို့ကပါဝင်သရုပ်ဆောင်ထားပြီး ကျားပေါက်က ဂီတပိုင်းကို တာဝန်ယူပေးထားသည်။

ကြည့်ရှုလိုသည့် ပရိသတ်များအနေဖြင့် https://tinyurl.com/PDTPCH တွင်ဝင်ရောက်၍ Subscribe ပြုလုပ်ကာ ကြည့်ရှုနိုင်မည်ဖြစ်သည်။

နိုင်ငံပျောက်သူ ဇာတ်လမ်းတို ရုပ်ရှင်၌ ပါဝင်သူများသည် အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းသည့်ဖြစ်စဉ်အပေါ် ပြည်သူနှင့်အတူ ရပ်တည်၍ တော်လှန်ခဲ့သောကြောင့် မိမိနိုင်ငံတွင် နေထိုင်နိုင်ခြင်းမရှိဘဲ အခြားနိုင်ငံများသို့ ရှောင်တိမ်းနေရသူများဖြစ်သည်။

You May Also Like

ဆောင်းပါး

ဏကြီး၊ဒေါင်းနှင့်ပိုင်ဖြိုးသုတို့သည် လူငယ်ချင်းလည်းဖြစ်၊အနုပညာကိုလည်းရူးသွပ်ကြပြီး သုံးဦးလုံး စာဖတ်ဝါသနာပါတာခြင်းလည်း တူညီကြသည်။ နောက်ထပ်တူညီတာတစ်ခုက အာဏာရှင်စနစ်ကို ရွံမုန်းပြီး နွေဦးတော်လှန်ရေးမှာ ဟန်ပြမဟုတ်ဘဲ စိတ်ပါလက်ပါ ပါဝင်နေကြခြင်းဖြစ်သည်။

သတင်း

၉ မိနစ်နှင့် ၁၀ စက္ကန့်သာရှိ​သော ဇာတ်လမ်းတိုက​လေးက စစ်အာဏာရှင်စနစ်ကို အဆုံးထိ့တွန်းလှန်ဖို့ တွန်းအား​တွေအများကြီး​ပေးလိမ့်မည်ဟု အာဏာသိမ်းစစ်​ခေါင်း​ဆောင်များ​​တွေးထားမည်မဟုတ်ပါ။

သတင်း

ကိုးမိနစ်ခန့်သာကြာသော်လည်း ပြောချင်သည့် ရည်ရွယ်ချက်ကို ပြသနိုင်သောကြောင့် ဖန်တီးထားသည့် အနုပညာရှင်များကို ပရိသတ်များက ချီးကျူးထားသည်။

သတင်း

"ကျွန်တော်တို့ နိုင်ငံကြီး နာရေးဖြစ်နေတယ်ဆိုတာကို အားလုံးမမေ့ထားစေချင်ပါဘူး"ဟု သရုပ်​ဆောင် ဒေါင်းက ပြောသည်။