Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမှာ တိုက်ခိုက်ခံရ

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမြို့နယ်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမြို့နယ်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဩဂုတ်-၁၉ ၊၂၀၂၆။ဇော်၀င်း/People’s Spring

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမြို့နယ်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ကနီမြို့နယ်၊ရွှေစာရေးဝဲကြီးအတွင်းနဲ့ ဝဲကွေ့အောက်ဘက် နှစ်နေရာမှာ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးတပ်တွေက ဩဂုတ် ၁၈ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ဗီဒီယိုဖိုင်ကြည့်ရင် ဖလပ်သင်္ဘောပေါ်က မောင်းတဲ့ကောင်တွေ စစ်ဗိုလ်တွေ အရာရှိတွေ ဘယ်လို အော်ဟစ်နေကြလဲဆိုတာ တိုက်ပွဲအခြေအနေကို သိသွားပါမယ်”လို့ တိုက်ပွဲတွင်း ပါ၀င်ခဲ့သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရော့ကတ်၊ရှေ့ထွက်မိုင်း အပါအ၀င် အနီးကပ် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်သင်္ဘောအုပ်အပျက်အစီးတချို့တွေ့ရတယ်လို့ အသိပေးပါတယ်။

ဒါပေမယ့် တိကျတဲ့ ပျက်စီးမှုအခြေအနေကိုတော့ ဆက်လက်စုံစမ်းဆဲလို့ သူက ဆက်ပြောပါတယ်။

“မနေ့က တိုက်ခံရပြီး မုံရွာဆိပ်ကမ်းမှာည နားတယ်။ပြီးတော့ ဒီမနက် ၉ နာရီမှာ စစုန်နေပြီ။သစ်‌တင်ထားတဲ့ ဖလပ် တွေအများစုပါတော့ မန္တလေးဂေါ၀န်ကို ဦးတည်မယ်လို့ ခန့်မှန်းတယ်”လို့ စစ်သင်္ဘောအုပ်ကို ထောက်လှမ်းနေသူက ပြောပါတယ်။

ကျောက်နဲ့ သစ်တင်ဖလပ်သင်္ဘော ၅ စီး၊တိုက်ခိုက်ရေး ရေယာဉ် ၂ စီး၊စစ်သင်္ဘော ၃ စီးနဲ့ ၀န်ထမ်းတင်ထားတဲ့ရေယာဉ် ၂ စီး အပါအ၀င် ရေယာဉ် ၂၇ စီးပါတဲ့ စစ်သင်္ဘောအုပ်စုက ဩဂုတ် ပထမပတ်မှာ ဟုမ္မလင်းမြို့ကနေ ပြန်စုန်ဆင်းလာခဲ့တာဖြစ်ပါတယ်။

ဩဂုတ် ၁၄ ရက်မှာ ဖောင်းပြင်းနဲ့ မော်လိုက်မြို့နယ်ကြားမှာလည်း တိုက်ခိုက်ခံရပြီး အပျက်အစီးရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

အဲဒီစစ်သင်္ဘောအုပ်စုဟာ ဇူလိုင်လဆန်းမှာ မုံရွာဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်းမြို့အထိ ဆန်တက်ခဲ့စဉ်တုန်းလည်း တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ချင်းတွင်းမြစ်ရေ မြင့်တက်ချိန်မှာ အထက်ပိုင်းဒေသတွေကို လက်နက်ခဲယမ်း၊ လူအင်အားနဲ့ စားနပ်ရိက္ခာတွေပို့ဆောင်ပြီး ဟုမ္မလင်းမြို့ကနေပြန်စုန်ဆင်းရင်တော့ ဖားကန့်ဒေသထွက် ကျောက်စိမ်းတွေနဲ့ ဟုမ္မလင်း၊ခန္တီးဒေသထွက် သတ္တုတွေ ပြန်သယ်လေ့ရှိပါတယ်။

စစ်သင်္ဘောအုပ်စုအတိုက်မခံရရေးအတွက် စစ်တပ်က ချင်းတွင်းမြစ်ကမ်းတစ်လျှောက် ပစ်ခတ်မှုတွေကြောင့် အရပ်သားတစ်ချို့ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က တဆင့် အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောအုပ်စု အစီးရေ ၃၀ ခန့် ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ဘက်ဆီမနေ့ ( စက်တင် ဘာလ ၄ ရက်) ညပိုင်းမှာ စတင်ပြီး ဆန်တက်သွား တယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Trending

Facebook