Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာမျက်နှာစာတွင် အောင်မြင်မှုများရရှိနေဟု NUG ဝန်ကြီးချုပ်ပြော

အကြမ်းဖက်စစ်ကောင်စီကမူ ၎င်းတို့ကို ‘တရားမဝင်စစ်အစိုးရ’ဟု ပြင်သစ်က သုံးနှုန်းခဲ့မှုနှင့် ကုလသမဂ္ဂအပါအဝင်အနောက်အင်အားကြီးနိုင်ငံများက ပြင်းထန်စွာဝေဖန်ရှုတ်ချခဲ့ခြင်းအပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတကာမျက်နှာစာတွင် အောင်မြင်မှုများရရှိနေဟု NUG ဝန်ကြီးချုပ်ပြော
နိုင်ငံတကာမျက်နှာစာတွင် အောင်မြင်မှုများရရှိနေဟု NUG ဝန်ကြီးချုပ်ပြော

အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာမျက်နှာစာတွင် အောင်မြင်မှုများရရှိနေပြီး ကမ္ဘာကြီးသည် မြန်မာပြည်သူများ၏ မှန်ကန်မှု၊ ရဲရင့်မှု၊ ဇွဲရှိမှုများကို တဖြည်းဖြည်းလက်ခံနားလည် နေပြီဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဇွန်လ ၇ ရက်တွင် ကျင်းပသော (၅၇) ကြိမ်မြောက် NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ယင်းသို့ ထည့်သွင်းပြောကြားပြီး နိုင်ငံတကာ၏ နားလည်လက်ခံအားပေးလာခြင်းသည် ပြည်တွင်း ရုန်းကန်လှုပ်ရှားမှုများအတွက် ‘အား’ဖြစ်စေကြောင်း ပြောသည်။

“နိုင်ငံတကာအနေနဲ့လည်း အမှန်တရားဘက်ကို ရဲရဲဝံ့ဝံ့ရပ်တည်ပြီး ဆက်လက်အားပေးကူညီ ထောက်ပံ့ပေးကြဖို့ အလေးအနက် တောင်းဆိုချင်သလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင် ရွက်နေကြတဲ့ ဝန်ကြီးဌာနတွေအနေနဲ့လည်း ဆက်လက်အားထုတ် ကြိုးပမ်းပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီကမူ ၎င်းတို့ကို ‘တရားမဝင်စစ်အစိုးရ’ဟု ပြင်သစ်က သုံးနှုန်းခဲ့မှုနှင့် ကုလသမဂ္ဂအပါအဝင်အနောက်အင်အားကြီးနိုင်ငံများက ပြင်းထန်စွာဝေဖန်ရှုတ်ချခဲ့ခြင်းအပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းပြီး ၁၆ လကြာချိန်အထိ စစ်ကောင်စီကို နိုင်ငံတကာက တရားဝင် အသိအမှတ်ပြုလက်ခံခြင်းမရှိသေးဘဲ ကုလသမဂ္ဂကိုယ်စားပြုခွင့်ကိုလည်း ဆုံးရှုံးထားဆဲဖြစ်သည်။

သို့သော် တော်လှန်ရေးကာလဖြစ်၍ အောင်မြင်မှုများနှင့်အတူ စွန့်လွှတ်ပေးဆပ်ရမှုများလည်း ရှိနေပြီး တော်လှန် ရေးကို မြန်သထက်မြန်အောင် အဆုံးသတ်လိုစိတ်များလည်း နေ့စဉ်နှင့်အမျှ ဖြစ်ရကြောင်း NUG ဝန်ကြီးချုပ်က ဆိုသည်။

“ဆုံးရှုံးနစ်နာရမှုတွေအတွက် အကောင်းဆုံး အဖြေရှာနိုင်မယ့် နည်းလမ်းကတော့ အကြမ်းဖက်သမားတွေကို အမြန်ဆုံး နိဂုံးချုပ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာလည်း တစ်နေ့ထက် တစ်နေ့ နီးကပ်လာနေပြီဖြစ်တယ်ဆိုတာ အခိုင်အမာ ယုံကြည်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် ပြည်သူလူထုကို အကြောက်တရားဖြင့် ခြိမ်းခြောက်နိုင်ရန် နည်းလမ်းမျိုးစုံ ကြိုးပမ်းလာသော်လည်း တော်လှန်ရေး အင်အားစုများသည် ၎င်းတို့ခြိမ်းခြောက်တိုင်း ယိမ်းယိုင်သွားမည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ယခုသီတင်းပတ်အတွင်း ပြည်သူများ စိတ်သောကဖြစ်စေသည့်ကိစ္စမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လူပုဂ္ဂိုလ် ​လေးဦးကို စစ်ကောင်စီက သေဒဏ်အတည်ပြုခြင်းဖြစ်ပြီး မတရားသည့် ပြစ်မှုပြစ်ဒဏ်များကို လက်မခံဘဲ ဆက်လက်ဆန့်ကျင်နေမည်ဖြစ်ကြောင်း ဆက်ပြောသည်။

သေဒဏ်ချမှတ်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ခဲ့ကြသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံတကာက မိတ်ဆွေများကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် NUG အထူးစိုးရိမ်သည့် ကိစ္စမှာ တော်လှန်ရေး အင်အားစုများကို နိုင်ငံတကာက အထင်လွဲမှားစေရန် အကြမ်းဖက်ဖြစ်စဉ်များ ဖန်တီးကာ ကလေးသူငယ်များကို ယုတ်မာရက်စက်မည်ဖြစ်ကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။

“မကြာသေးခင်ကဖြစ်သွားတဲ့ ဘားလမ်း ကားမှတ်တိုင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မျိုးတွေဟာ ခေတ်အဆက်ဆက်မှာ သူတို့သုံးလာတဲ့ နည်းလမ်းဟောင်းတွေမို့ ကျွန်တော်တို့ ပြည်သူတွေ အထူးဂရုစိုက်စေချင်ပါတယ်”ဟု ၎င်းက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။