Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် စစ်ကောင်စီ၏ ခလရ(၂၅၆)နှင့် ခလရ (၂၅၈)တပ်ရင်း တိုက်ခိုက်ခံရ၊ တပ်တွင်း အလန့်တကြား​အော်ဟစ်​ပြေးလွှား​နေဟုဆို

စစ်ကောင်စီ တပ်မ(၁၀၁)လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ(၂၅၆)နှင့် ခလရ(၂၅၈) တပ်ရင်းကို ဇွန်လ ၈ ရက် နံနက် ၁နာရီတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ခလရ(၂၅၆)နှင့် ခလရ (၂၅၈)တပ်ရင်း
ခလရ(၂၅၆)နှင့် ခလရ (၂၅၈)တပ်ရင်း

ရေစကြိုတွင် စစ်ကောင်စီ၏ ခလရ(၂၅၆)နှင့် ခလရ (၂၅၈)တပ်ရင်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်(၅)ဖွဲ့က ညဘက်၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဝင်းအတွင်း ဆောက်တည်ရာမရ အလန့်တကြားအော်ဟစ်ပြေးလွှားနေသည့်အသံများဆူညံစွာကြားခဲ့ရကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။

စစ်ကောင်စီ တပ်မ(၁၀၁)လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ(၂၅၆)နှင့် ခလရ(၂၅၈) တပ်ရင်းကို ဇွန်လ ၈ ရက် နံနက် ၁နာရီတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တပ်ရင်းများအတွင်း၌ အိပ်မောကျနေကြသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆောက် တည်ရာမရ အလန့်တကြား အော်ဟစ်ပြေးလွှားနေခဲ့ကြသည့်အသံများ ဆူညံစွာထွက်ပေါ်လာခဲ့ပြီး ကျွန်ုပ်တို့ မဟာမိတ်တပ်များမှ လက်နက်ကြီးများဖြင့် နာရီဝက်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်”ဟု ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်က ယနေ့( ဇွန် ၈ရက်) ညနေတွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

စစ်ကောင်စီက တပ်ရင်းအတွင်းမှနေ၍ ပြန်လည်ပစ်ခေတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိ၊မရှိ အသေး စိတ် စုံစမ်းနေဆဲဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” ရေစကြိုနဲ့ မြိုင် PDFတွေ ပေါင်းတိုက်တာလို့ ကြားတယ်။ ကျွန်မတို့က ခလေး( PDF လူငယ်များ) တွေ ဘေးကင်းအောင်ညဆုတောင်းပေးနေတာ”ဟု မြိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ တိုက်ခိုက်မှုအတွေ့အကြုံအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များသည် မိခင်တပ်ရင်းများအတွင်း၌ပင် မလုံခြုံတော့ပဲ အချိန်မရွေး တိုက်ခိုက်ခံရနိုင်သည့် အခြေနေများနှင့် နေ့ညမပြတ်ရင်ဆိုင်နေကြရပြီဖြစ်၍ တော်လှန်ရေးအရှိန်မြှင့်ကြရန် လူထုအားရေစကြိုပြည်သူ့ကာကွယ်ရေးတပ်က တိုက်တွန်းထားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုပြည်သူ့ကာကွယ် ရေးတပ်၊Northern Yesagyo (NYSO) ပြောက်ကျားတပ်၊Myaing Rural Guerilla Force၊ Steel Hawk (သံမဏိသိန်းငှက်)နှင့်PDF -Myaing Townshipတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။