Connect with us

Hi, what are you looking for?

သတင်း

Mytel တာဝါတိုင်များဖြင့် လက်နက်ကြီးများထုတ်လုပ်နိုင်ဟု ​မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ အသိ​ပေး

မဟာမိတ်စစ်ဆင်ရေးအများစုတွင် အဆိုပါ တဖက်ပွင့် လက်နက်ကြီးများအား အသုံးပြုခဲ့ပြီးအထူးသဖြင့် ၂၀၂၂ ဧပြီအတွင်း ဖြစ်ပွားခဲ့သော ရေလယ်ကျွန်းစစ်ဆင်ရေးနှင့် လက်ယက်မစစ်ဆင်ရေး တိုက်ပွဲများတွင် စတင်အသုံးပြုခဲ့သည်ဟု CDSOM က ပြော သည်။

(စစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင်ဖြင့် လက်နက်များ ထုတ်လုပ်ရန် ဖြတ်​တောက်​နေစဥ်၊ ဓာတ်ပုံ - CDSOM)
(စစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင်ဖြင့် လက်နက်များ ထုတ်လုပ်ရန် ဖြတ်​တောက်​နေစဥ်၊ ဓာတ်ပုံ - CDSOM)

Mytel တာဝါတိုင်များဖြင့် တဖက်ပွင့်လက်နက်ကြီးများအပါအဝင် လက်နက်ကြီး “မမ” များကိုလည်း ကိုယ်ပိုင်ဖန်တီးတီထွင်မှုများဖြင့် ထုတ်လုပ်နိုင်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ – CDSOM က ယနေ့(ဇွန် ၉ ရက်)တွင် ထုတ်ပြန်သည်။

“တော်လှန်ရေးကာလမှာ ထိုက်သင့်တဲ့ကုန်ကြမ်း တစ်ခုအနေနဲ့ ရှိတယ်။သူ့(စစ်ကောင်စီ)အရိုးနဲ့ သူ့ကိုပြန်ထိုးနိုင်တဲ့အခွင့်အလမ်း တစ်ခုပဲ”ဟု CDSOM တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါထုတ်လုပ်မှုများကို ယခုနှစ် တော်လှန်သင်္ကြန်ကာလအတွင်း အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ထုတ်လုပ်ထားသော “မမ”များသည် ပေ ၂၀၀၀ နှင့်အထက်ပြေးနိုင်သည့်အပြင် စစ်ဆင်ရေးများတွင် အဝေးပစ်အနေဖြင့် အကောင်းဆုံး အသုံးပြုနိုင်မည်ဟု ဆို သည်။

(စစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင်ဖြင့် လက်နက်များ ထုတ်လုပ်ရန် ဖြတ်​တောက်​နေစဥ်၊ ဓာတ်ပုံ - CDSOM)
(စစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင်ဖြင့် လက်နက်များ ထုတ်လုပ်ရန် ဖြတ်​တောက်​နေစဥ်၊ ဓာတ်ပုံ – CDSOM)

မဟာမိတ်စစ်ဆင်ရေးအများစုတွင် အဆိုပါ တဖက်ပွင့် လက်နက်ကြီးများအား အသုံးပြုခဲ့ပြီးအထူးသဖြင့် ၂၀၂၂ ဧပြီအတွင်း ဖြစ်ပွားခဲ့သော ရေလယ်ကျွန်းစစ်ဆင်ရေးနှင့် လက်ယက်မစစ်ဆင်ရေး တိုက်ပွဲများတွင် စတင်အသုံးပြုခဲ့သည်ဟု CDSOM က ပြော သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

လက်ရှိတွင် တဖက်ပွင့်လက်နက်ကြီးများကို ပြန် လည်ပြင်ဆင် ထုတ်လုပ်လျက်ရှိပြီအရေအတွက် အများအပြား ထုတ်လုပ်နိုင်ရန် စီစဥ်လျက်ရှိကြောင်း အသိပေးသည်။

ထိုအပြင် မကြာမီအချိန်အတွင်း Mytel တာဝါတိုင်များမှတဆင့် လက်နက်ကြီး၊ လက်နက်ငယ်များ အမျိုးအစားပေါင်းစုံ ထပ်မံထုပ်လုပ်သွားမည်ဖြစ်ကာ လက်နက်ထုတ်လုပ်မှုမှ ရဲဘော်များအား လက်နက်အတော်အသင့် တပ်ဆင်ပေးနိုင်မည်ဟု CDSOM က ခန့်မှန်းသည်။

(စစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင်ဖြင့် လက်နက်များ ထုတ်လုပ်ရန် ဖြတ်​တောက်​နေစဥ်၊ ဓာတ်ပုံ - CDSOM)
(စစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင်ဖြင့် လက်နက်များ ထုတ်လုပ်ရန် ဖြတ်​တောက်​နေစဥ်၊ ဓာတ်ပုံ – CDSOM)

Mytel တာဝါတိုင်များသည် လက်နက်ထုတ်လုပ်ရေးအတွက် အကောင်းဆုံးကုန်ကြမ်းဖြစ်သည့်အပြင် အဆိုပါ တာဝါတိုင်မှထုတ်လုပ်သော လက်နက်များသည် မဟာမိတ်စစ်ဆင်ရေးများ၏ အရေးကြီးသည့်နေရာမှ ပါဝင်နေ ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် Mytel တာဝါတိုင်မှတဆင့် လက်နက်ကြီး၊ငယ်နှင့် (မမ)များ ပိုမိုထုတ်လုပ်ပြီး တိုက်ပွဲဝင်နိုင်ရန်နှင့် ထုတ်လုပ်မှုတွင် ပါဝင်သော ဆက်စပ်ကုန်ကြမ်းများအတွက် ပါဝင်အားဖြည့်ပေးရန်လည်း CDSOM က မေတ္တာရပ်ခံသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်အတွင်းစစ်အုပ်စုပိုင်ဆိုင်သည့် Mytel တာဝါတိုင် ၅၀၀ခန့်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်း၌ သုံးပုံ နှစ်ပုံကျော်အထိရှိကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။