Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၈)နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်သုံးဦးသေဆုံး

မီးရှို့ခံရသည့်အိမ်များထဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏နေအိမ်များပါဝင်သလို ပြည်ခိုင်ဖြိုးပါတီ အမာခံနေအိမ်များလည်းပါဝင်ကြောင်း၊ မုံရွာမြို့တွင်တာဝန်ကျနေသော ဒုရဲအုပ်ရဲမေ၏ မိဘအိမ်လည်းပါဝင်ကြောင်း Kotaungbo Revolution KTB-Rက အသိပေးသည်။

ကန့်ဘလူမြို့နယ်
ကန့်ဘလူမြို့နယ်

စစ်ကောင်စီတပ်က ၆ရက်အတွင်း နေအိမ် ၅၀၀ခန့် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၈)နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်သုံးဦးသေဆုံးခဲ့ပြီး ၆ရက်အတွင်း နေအိမ် ၅၀၀ခန့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၁ ရက် ညပိုင်းက ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့အုပ်စုကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးထိမှန်ခံရပြီး (၅၆)နှစ်အရွယ် အိမ်ရှင်ဦးစိုးကျော်၊ သမီးဖြစ်သူ (၂၆)နှစ်အရွယ်မလဲ့လဲ့စိုးနှင့် မြေးဖြစ်သူ (၈)နှစ်အရွယ် မောင်ဇင်ဖုန်းပြည့်တို့ သေဆုံးခဲ့ကြောင်း Kotaungbo Revolution KTB-Rက သတင်းထုတ်ပြန်သည်။

ကန့်ဘလူမြို့နယ်
ကန့်ဘလူမြို့နယ်

ဇွန်လ ၃ ရက်တွင်လည်း စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ခဲ့၍ ကိုးတောင်ဘို့အုပ်စုမှ ပြည်သူနှစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၅ ရက်တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ ကိုင်းမရွာမှ နေအိမ် ၁၀လုံးနှင့် ရွာပြင်ရှိလယ်တဲအိမ်တစ်လုံး၊ ဇွန်လ ၆ ရက်တွင် ကန့်ဘလူမြို့နယ်၊လျှော်ဖြူကုန်းကျေးရွာမှ နေအိမ် ၁၁၈ လုံးမီးလောင်ပြာကျခဲ့ရပြီး စပါးတိုက် ၃၅လုံးမှ စပါးတင်းတစ်သောင်းကျော်၊တစ်ပိုင်းတစ်စ မီးလောင်ခံရသည့် နေအိမ် ၃၀ကျော်၊ နှောကုန်းရွာမှ နေအိမ် ၄၀ ကျော်၊ကျွန်းကုန်းရွာမှ နေအိမ် တစ်အိမ်လုံးတို့ မီးရှို့ဖျက်ဆီးသွားခဲ့သည်။

Public Service Announcement

Public Service Announcement

ကန့်ဘလူမြို့နယ်
ကန့်ဘလူမြို့နယ်

မီးရှို့ခံရသည့်အိမ်များထဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏နေအိမ်များပါဝင်သလို ပြည်ခိုင်ဖြိုးပါတီ အမာခံနေအိမ်များလည်းပါဝင်ကြောင်း၊ မုံရွာမြို့တွင်တာဝန်ကျနေသော ဒုရဲအုပ်ရဲမေ၏ မိဘအိမ်လည်းပါဝင်ကြောင်း Kotaungbo Revolution KTB-Rက အသိပေးသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်သည် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြရာ ဇွန်လ ၈ ရက်တွင် ဇော်ချောင်းကျေးရွာမှ နေအိမ် ၈၉ လုံး၊အလယ်ခုံကျေးရွာရှိ နေအိမ် ၁၆၄ လုံး၊ စပါးတင်းသုံးသောင်းကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ကန့်ဘလူမြို့နယ်
ကန့်ဘလူမြို့နယ်

ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တွင်လည်း နှစ်ရက်ဆက် မီးရှို့ခဲ့သည့်အတွက် ကန့်ဘလူမြို့နယ်၊အောက်တဲရွာမှ နေအိမ် ၃၅ လုံးနှင့်စပါးတိုက်(စပါးကျည်) နှစ်လုံးမီးလောင်ပြာကျဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ကန့်ဘလူမြို့နယ်
ကန့်ဘလူမြို့နယ်

အကြမ်းဖက်စစ်ကောင်စီတပ်သည် ခြောက်ရက်အတွင်း အိမ်ခြေစုစုပေါင်း ၄၈၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ​ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ကိုးတောင်ဘို့​ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။