Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၈)နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်သုံးဦးသေဆုံး

မီးရှို့ခံရသည့်အိမ်များထဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏နေအိမ်များပါဝင်သလို ပြည်ခိုင်ဖြိုးပါတီ အမာခံနေအိမ်များလည်းပါဝင်ကြောင်း၊ မုံရွာမြို့တွင်တာဝန်ကျနေသော ဒုရဲအုပ်ရဲမေ၏ မိဘအိမ်လည်းပါဝင်ကြောင်း Kotaungbo Revolution KTB-Rက အသိပေးသည်။

ကန့်ဘလူမြို့နယ်
ကန့်ဘလူမြို့နယ်

စစ်ကောင်စီတပ်က ၆ရက်အတွင်း နေအိမ် ၅၀၀ခန့် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၈)နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်သုံးဦးသေဆုံးခဲ့ပြီး ၆ရက်အတွင်း နေအိမ် ၅၀၀ခန့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၁ ရက် ညပိုင်းက ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့အုပ်စုကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးထိမှန်ခံရပြီး (၅၆)နှစ်အရွယ် အိမ်ရှင်ဦးစိုးကျော်၊ သမီးဖြစ်သူ (၂၆)နှစ်အရွယ်မလဲ့လဲ့စိုးနှင့် မြေးဖြစ်သူ (၈)နှစ်အရွယ် မောင်ဇင်ဖုန်းပြည့်တို့ သေဆုံးခဲ့ကြောင်း Kotaungbo Revolution KTB-Rက သတင်းထုတ်ပြန်သည်။

ကန့်ဘလူမြို့နယ်
ကန့်ဘလူမြို့နယ်

ဇွန်လ ၃ ရက်တွင်လည်း စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ခဲ့၍ ကိုးတောင်ဘို့အုပ်စုမှ ပြည်သူနှစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၅ ရက်တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ ကိုင်းမရွာမှ နေအိမ် ၁၀လုံးနှင့် ရွာပြင်ရှိလယ်တဲအိမ်တစ်လုံး၊ ဇွန်လ ၆ ရက်တွင် ကန့်ဘလူမြို့နယ်၊လျှော်ဖြူကုန်းကျေးရွာမှ နေအိမ် ၁၁၈ လုံးမီးလောင်ပြာကျခဲ့ရပြီး စပါးတိုက် ၃၅လုံးမှ စပါးတင်းတစ်သောင်းကျော်၊တစ်ပိုင်းတစ်စ မီးလောင်ခံရသည့် နေအိမ် ၃၀ကျော်၊ နှောကုန်းရွာမှ နေအိမ် ၄၀ ကျော်၊ကျွန်းကုန်းရွာမှ နေအိမ် တစ်အိမ်လုံးတို့ မီးရှို့ဖျက်ဆီးသွားခဲ့သည်။

Public Service Announcement

Public Service Announcement

ကန့်ဘလူမြို့နယ်
ကန့်ဘလူမြို့နယ်

မီးရှို့ခံရသည့်အိမ်များထဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏နေအိမ်များပါဝင်သလို ပြည်ခိုင်ဖြိုးပါတီ အမာခံနေအိမ်များလည်းပါဝင်ကြောင်း၊ မုံရွာမြို့တွင်တာဝန်ကျနေသော ဒုရဲအုပ်ရဲမေ၏ မိဘအိမ်လည်းပါဝင်ကြောင်း Kotaungbo Revolution KTB-Rက အသိပေးသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်သည် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြရာ ဇွန်လ ၈ ရက်တွင် ဇော်ချောင်းကျေးရွာမှ နေအိမ် ၈၉ လုံး၊အလယ်ခုံကျေးရွာရှိ နေအိမ် ၁၆၄ လုံး၊ စပါးတင်းသုံးသောင်းကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ကန့်ဘလူမြို့နယ်
ကန့်ဘလူမြို့နယ်

ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တွင်လည်း နှစ်ရက်ဆက် မီးရှို့ခဲ့သည့်အတွက် ကန့်ဘလူမြို့နယ်၊အောက်တဲရွာမှ နေအိမ် ၃၅ လုံးနှင့်စပါးတိုက်(စပါးကျည်) နှစ်လုံးမီးလောင်ပြာကျဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ကန့်ဘလူမြို့နယ်
ကန့်ဘလူမြို့နယ်

အကြမ်းဖက်စစ်ကောင်စီတပ်သည် ခြောက်ရက်အတွင်း အိမ်ခြေစုစုပေါင်း ၄၈၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ​ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ကိုးတောင်ဘို့​ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။