Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၈၈)လက်အောက်ခံ ခလရ(၈၃)မှ ထွက်ပြေးလားသော စစ်သားနှစ်ဦးကို အရှင်ဖမ်းမိ

“ခလရ(၈၃)ဆိုတာက ဗန်းမော်မှာ အခြေစိုက်တဲ့တပ်ပေါ့။ အဲဒီကနေ ထွက်ပြေးလာတာ။ တပ်ထဲမှာ ငွေကြေးပြဿနာရှိလို့ထွက်ပြေးလာတာလို့ သိရတယ်”ဟု Eagles Army-HPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထွက်ပြေးလားသော စစ်သားနှစ်ဦး
ထွက်ပြေးလားသော စစ်သားနှစ်ဦး

အကြမ်းဖက်စစ်ကောင်စီတပ်၏ တမ်မ(၈၈) လက်အောက်ခံ ခလရ(၈၃)မှ ထွက်ပြေးလားသော စစ်သားနှစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Eagles Army-HPDF က ယနေ့(ဇွန် ၁၂)အသိပေး ထုတ်ပြန်သည်။

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားနှစ်ဦးမှာ တပ်သား သက်ကိုကိုထွေး ကိုယ်ပိုင်နံပါတ် တ-၅၇၀၅၇၂ နှင့် တပ်သား ရှိုင်းဝဏ္ဏအောင် ကိုယ်ပိုင်နံပါတ် တ-၅၇၀၅၇၃ တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို ဇွန်လ ၁၀ ရက်က မန္တလေး – ဗန်းမော်ဗျူဟာလမ်းပေါ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

“ခလရ(၈၃)ဆိုတာက ဗန်းမော်မှာ အခြေစိုက်တဲ့တပ်ပေါ့။ အဲဒီကနေ ထွက်ပြေးလာတာ။ တပ်ထဲမှာ ငွေကြေးပြဿနာရှိလို့ထွက်ပြေးလာတာလို့ သိရတယ်”ဟု Eagles Army-HPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Eagles Army-HPDF တပ်ဖွဲ့မှ မန္တလေး – ဗန်းမော်ဗျူးဟာလမ်း၊ လမ်းပိုင်းတစ်နေရာတွင် နယ် မြေရှင်းလင်းရေးလုပ်စဥ် စစ်ကောင်စီတပ်မှ တပ်ပြေးနှစ်ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ခေတ္တထိန်းသိမ်းစစ်ဆေးပြီးနောက် ပြည်သူ့ရင်ခွင့်နှင့် ချိတ်ဆက်ပေးခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကျူးလွန်သူက ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း စိတ်ကစဉ့်ကလျားဖြစ်နေသူဟု သတင်းထွက်

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။