Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြောက်ပိုင်းပြောက်ကျားတပ်မှ ရဲဘော် ငါးဦးကို စစ်ကောင်စီတပ်အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်သွားဟု ထုတ်ပြန်

စစ်ကောင်စီတပ်သည် ဝက္ကတောရွာ၊သစ်ကြီးတောရွာဘက်သို့ဆက်လက် စစ်ကြောင်းထိုးပြီး သစ်ကြီးတောရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း N-YSOက ထုတ်ပြန်သည်။

ရေစကြိုမြောက်ပိုင်းပြောက်ကျားတပ်
ရေစကြိုမြောက်ပိုင်းပြောက်ကျားတပ်

▪️ကျဆုံးခဲ့သူများမှာ CDMကျောင်းအုပ်နှင့် ကိုယ်ဝန်ဆောင် CDM ကျောင်းဆရာမ၊ သူနာပြုဆရာမတို့ ပါဝင်

▪️စစ်​ကောင်စီတပ်ကိုပြန်တိုက်ရာစစ်သား၁၃ ဦး​သေ

စစ်ကောင်စီတပ်က ရေစကြိုမြောက်ပိုင်း ပြောက်ကျား တပ်(N-YSO) တပ်စခန်းကို လာရောက်စီးနင်းစဉ် ဖမ်းဆီးသွားသည့် တပ်ဖွဲ့ဝင် ငါးဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်သွားကြောင်း N-YSOက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းသုံးခုသည် ဇွန်လ ၁၀ ရက်တွင် N-YSO တပ်စခန်းအား ဝင်ရောက်စီးနင်းရာ ကားဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား လက်ဦးမှုယူပြီး ပဒေသာမိုင်းဖြင့် တိုက်ခိုက်နိုင်ခဲ့ပြီး အရာခံဗိုလ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးသေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရသူများလည်း အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း တပ်တွင်းသတင်းပေးက ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ရေစကြိုမြောက်ပိုင်းပြောက်ကျားတပ်
ရေစကြိုမြောက်ပိုင်းပြောက်ကျားတပ်

အဆိုပါ စစ်ကြောင်းများသည် ပတ်ပတ်လည်က စစ်ကြောင်းထိုးလာ၍ N-YSO တပ်ဖွဲ့ဝင်များ နောက် ဆုတ်ပေးခဲ့ရကြောင်း၊ ပြည်သူ့အချို့အား လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး N-YSO ရဲဘော် ငါးဦးအား ဖမ်းဆီးသွားကာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန် သည်။

ကျဆုံးခဲ့ရသည့် ရဲဘော်များမှာ CDMကျောင်းအုပ် ဆရာကြီး ဦးဝင်းကျော်၊ အထက်တန်းသူနာပြုဆရာမလေး ဒေါ်ဇာလီနိုင် ၊ ထောက်ပို့ရဲဘော်မလေး မသဲအိအိဝင်း ၊ ကိုယ်ဝန် ၅လ ရှိနေသည့် CDMကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ နှင့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရဲဘော်ဝူခုန်းတို့ဖြစ်သည်ဟု ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

“ဒါက လူမဆန်တဲ့လုပ်ရပ်ပေါ့။ သူတို့က ဖက်ဆစ်စစ်တပ်ဆိုတော့ ဖက်ဆစ်အမူအကျင့်တွေအတိုင်း လူမဆန်တဲ့လုပ်ရပ်တွေလုပ်နေကြတာ။ ကျွန်တော်တို့ကလည်း ဒီဟာကို ကျွန်တော်တို့ ဝမ်းနည်းစရာ ဆိုပေမယ့် ခွန်အားအဖြစ် အသုံးချပြီး ဆက်ပြီးတိုက်ရမှာပဲ”ဟု ရေစကြို PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေစကြိုမြောက်ပိုင်းပြောက်ကျားတပ်
ရေစကြိုမြောက်ပိုင်းပြောက်ကျားတပ်

စစ်ကောင်စီတပ်သည် ဝက္ကတောရွာ၊သစ်ကြီးတောရွာဘက်သို့ဆက်လက် စစ်ကြောင်းထိုးပြီး သစ်ကြီးတောရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း N-YSOက ထုတ်ပြန်သည်။

ထို့နောက် ဒါန်းပင်ကန်ရွာအတွင်း၌ မီးရှို့ဖျက်စီးနေသော စစ်ကောင်စီတပ်ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုကို N-YSOတပ်ဖွဲ့ ၊ ငဘဒေသကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့၊ MSPDF နှင့် Chaung U PDF ၊ဂျိုင်းဂျားတပ်ဖွဲ့ ၊ Gen 21 ၊ မြိုင်အရှေ့မြောက်ဘက်ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။