Connect with us

Hi, what are you looking for?

သတင်း

ရွာလုံးကျွတ်မီးရှို့ခံ​ရ​သော ​ချောင်းဦးမြို့နယ်၊ မကျည်းတန်းရွာအ​ရေးပေါ်အကူအညီများလိုအပ်​နေ

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်ရွာလုံး အိမ်နှစ်လုံးသာကျန်ခဲ့ပြီး ရွာလုံးကျွတ်မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း၊ ရွာသူရွာသားများမှာ နေထိုင်စားသောက်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများကပြောသည်။

(တစ်ရွာလုံးတွင် ၂ အိမ်သာကျန်​သာကျန်​အောင်ပြာကျသည့်အထိ့ အကြမ်းဖက်စစ်တပ်ကမီးရှို့ခံရ​သောမန်ကျည်းတန်းရွာ။ ။ဓါတ်ပုံ-CJ)
(တစ်ရွာလုံးတွင် ၂ အိမ်သာကျန်​သာကျန်​အောင်ပြာကျသည့်အထိ့ အကြမ်းဖက်စစ်တပ်ကမီးရှို့ခံရ​သောမန်ကျည်းတန်းရွာ။ ။ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်တပ်၏ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မန်ကျည်းတန်းကျေးရွာတွင် ပြည်သူများ မီးလောင်ပြင်၌ တဲထိုး​ကာနေထိုင်နေရပြီး အခြေခံစားကုန်နှင့်လူသုံးကုန်များ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၀ ရက်နေ့ ​ညနေ ၄ နာရီခန့်က အကြမ်းဖက်စစ်တပ်သည် မန်ကျည်းတန်းကျေးရွာထဲသို့ဝင်ရောက်လာပြီး ညအိပ်စခန်းချခဲ့သည်။ နောက်တစ်နေ့ ဇွန်လ၁၁ ရက်နေ့နံနက် ၆ နာရီခန့်မှစတင်ကာ မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(တစ်ရွာလုံးတွင် ၂ အိမ်သာကျန်​သာကျန်​အောင်ပြာကျသည့်အထိ့ အကြမ်းဖက်စစ်တပ်ကမီးရှို့ခံရ​သောမန်ကျည်းတန်းရွာ။ ။ဓါတ်ပုံ-CJ)
(တစ်ရွာလုံးတွင် ၂ အိမ်သာကျန်​သာကျန်​အောင်ပြာကျသည့်အထိ့ အကြမ်းဖက်စစ်တပ်ကမီးရှို့ခံရ​သောမန်ကျည်းတန်းရွာ။ ။ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်ရွာလုံး အိမ်နှစ်လုံးသာကျန်ခဲ့ပြီး ရွာလုံးကျွတ်မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း၊ ရွာသူရွာသားများမှာ နေထိုင်စားသောက်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

“အစားအသောက်ဆိုတဲ့နေရာမှာ အဓိကက ဆီ ၊ဆား၊ဆန် အဲဒါမျိုး အခြေခံဟာတွေလိုအပ်နေပါတယ်။ နောက်ပြီး သူတို့အတွက် ရံပုံငွေလဲလိုတယ်​ဗျ။ ဆေးဝါးပိုင်းဆိုင်ရာတွေအတွက်ပေါ့။ အဓိက လူအသုံးကုန်အခြေခံတွေလိုတာဗျ။ အခုက မီးလောင်ပြင်ကြီးထဲမှာ တဲထိုးပြီး ဖြစ်သလိုနေနေရတဲ့အခြေနေမို့ပါ။”ဟု ​ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် မန်ကျည်းတန်းကျေးရွာအပြင် ချောင်းဦးမြို့နယ်အတွင်းရှိ ဘလွေကျေးရွာ၊ တောကျောင်းကြီးကျေးရွာ၊ တောကျောင်းလေးကျေးရွာတို့ကိုပါ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၁၄ ရက်နေ့က ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာတွင် ပြည်သူ၄ဦးအား အရှင်လတ်လတ်နောက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်သွားကြောင်း၊ ထိုနေ့တွင်ပင် အကြမ်းဖက်စစ်တပ်အားပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ ပျူစောထီး (၆)ဦး သေဆုံးခဲ့ကြောင်း ChaungU Revolution က ထုတ်ပြန်ထားသည်။

(တစ်ရွာလုံးတွင် ၂ အိမ်သာကျန်​သာကျန်​အောင်ပြာကျသည့်အထိ့ အကြမ်းဖက်စစ်တပ်ကမီးရှို့ခံရ​သောမန်ကျည်းတန်းရွာ။ ။ဓါတ်ပုံ-CJ)
(တစ်ရွာလုံးတွင် ၂ အိမ်သာကျန်​သာကျန်​အောင်ပြာကျသည့်အထိ့ အကြမ်းဖက်စစ်တပ်ကမီးရှို့ခံရ​သောမန်ကျည်းတန်းရွာ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မေလ (၃၁) ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးခဲ့၍ လူနေအိမ်ပေါင်း ၁၃၈၄၀ ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။