Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံမြို့နယ်တွင်ဆန္ဒပြသူများ၊ CDMများကိုစစ်ကောင်စီတပ်ကဖမ်းဆီး​နေ၍ ရှောင်တိမ်း​နေရန်ပ.က.ဖ သတိ​ပေး

စစ်ကောင်စီတပ်ကဖမ်းဆီးသူများထဲတွင် တော်လှန်ရေးဦးဆောင်သူများ၊ CDMဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ နှင့်တက်ကြွလှုပ်ရှားသူများပါဝင်သည်ဟု လောင်းလုံးမြို့နယ်ပ.အ.ဖ ထုတ်ပြန်ချက်တွင်ပါရှိသည်။

(လောင်းလုံးမြို့နယ်တွင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှဦး​ဆောင်​၍ဇွန် ၁၆ ည​နေတွင်ဆန္ဒပြ​နေကြစဥ်။ ဓာတ်ပုံ - DDMSC)
(လောင်းလုံးမြို့နယ်တွင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှဦး​ဆောင်​၍ဇွန် ၁၆ ည​နေတွင်ဆန္ဒပြ​နေကြစဥ်။ ဓာတ်ပုံ - DDMSC)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်သားများက CDM ဝန်ထမ်းများနှင့် ဒီမိုကရေစီလိုအရေးတက်ကြွလှုပ်ရှားသူများကို ယနေ့ (ဇွန်၁၆ ရက်) နေ့လယ်မှ စတင်ပြီး ဖမ်းဆီးနေ၍ အမြန် ရှောင်တိမ်းရန် လောင်းလုံးမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်ကဖမ်းဆီးသူများထဲတွင် တော်လှန်ရေးဦးဆောင်သူများ၊ CDMဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ နှင့်တက်ကြွလှုပ်ရှားသူများပါဝင်သည်ဟု လောင်းလုံးမြို့နယ်ပ.အ.ဖ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုပုဂ္ဂိုလ်များအနေဖြင့် စစ်ကောင်စီတပ်များ၏မတရားဖမ်းဆီးမှုမခံကြရန်နှင့် ၎င်းတို့နှင့်ထိတွေ့ဆက်ဆံနေသူများအနေဖြင့် လုံခြုံဘေးကင်းသည့်နေရာများကို တိမ်းရှောင်ကြရန်တိုက်တွန်းထားသည်။

လောင်းလုံးမြို့နယ်အတွင်း ယနေ့နံနက် ၅နာရီတွင် မြေသယ်ကားများဖြင့် CDMဝန်ထမ်းများကို လိုက်လံဖမ်းဆီးနေပြီး ယနေ့ညနေပိုင်းအထိ CDMဝန်ထမ်း ၇ယောက်ဦး ဖမ်းဆီးခံရသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“မနေ့ကPDFတွေကို တောနင်းရှာတယ်။ အင်အား ၃၀၀လောက်ရှိမယ်ထင်တယ်။ ဒီနေ့လည်းမြို့ပေါ်မှာ ဆန္ဒပြပွဲလုပ်တဲ့သူတွေကိုလိုက်ဖမ်းနေတယ်”ဟု လောင်းလုံးမြို့ခံတစ်ဦးကပြောသည်။

တနင်္သာရီတိုင်းအတွင်း လောင်းလုံမြို့နယ်တွင်အကြမ်းဖက် အာဏာရှင်ဆန်ကျင်မှု အားကောင်းသည့်နေရာဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်ပါးစေ ပျူစောထီးများ အစစ်ဆေးကြမ်းနေသည့်တိုင် ဆန္ဒပြပွဲများ​နေစဥွ် ပြုလုပ်လျက်ရှိသည်။

စစ်​ကောင်စီတပ်အဖမ်းအဆီးများ​နေသည့်ကြားမှပင် ယ​နေ့ည​နေတွင်လည်းလောင်းလုံးမြို့နယ်တွင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ ဦးဆောင်၍ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျားသပိတ် ချီတက်ဆန္ဒပြခဲ့ကြသည်။

ထိုအပြင်သပိတ်စစ်ကြောင်းတွင် လူငယ်များက “ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မဲ့ သံမဏိဓား” ဆိုသည့် လူထုကြွေးကြော်သံများဖြင့် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံ ပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသ၍ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ကြသည်။

လောင်းလုံးမြို့နယ် တောင်ပေါ်တစ်နေရာတွင် ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းသားများသမဂ္ဂမှ ဦးဆောင်​၍ ခစစ်ကောင်စီဝင်များ တောနင်းမှုများပြုလုပ်နေတဲ့ကြားမှ တော်လှန်လူငယ်များက “ဖိနှိပ်မှုနှောင်ကြိုးမှ ရုန်းထွက်မည် ခေတ်ပြောင်းတော်လှန်ရေးအဆုံးသတ်ဆီ” (တော်လှန်လောင်းလုံး) ဆိုသည့် စာတန်းကို ချိတ်ဆွဲပြီး စစ်အာဏာရှင်ကိုသပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။