Connect with us

Hi, what are you looking for?

သတင်း

က​လေးမှတီးတိန်သွား​သောစစ်ကာင်စီတပ်ကို ​ဒေသခံကာကွယ်​ရေးတပ်နှစ်ဖွဲ့​ပေါင်းတိုက်ရာ ၇ဦး​သေ၊ ၁၅ ဦးဒဏ်ရာရ

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

(CDF CDM (စီးယင်း)အပါအဝင် ​ဒေသခံ တိုင်းရင်းသားလက်နက်ကိုက်အဖွဲ့များ ။ ဓါတ်ပုံ-CDM (စီးယင်း)
(CDF CDM (စီးယင်း)အပါအဝင် ​ဒေသခံ တိုင်းရင်းသားလက်နက်ကိုက်အဖွဲ့များ ။ ဓါတ်ပုံ-CDM (စီးယင်း)

ကလေးမြို့မှ တီးတိန်မြို့သို့သွားသည့် စစ်ကောင်စီတပ်၏ ယာဉ် ၁၇ စီးပါ ယာဥ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ခုပူးပေါင်းတိုက်ခိုက်ရာစစ်ကောင်စီတပ်သား၇ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF CDM-Siyin အဖွဲ့ကသတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် ကားတန်းသည် ဇွန် ၁၆ ရက်တွင် ကလေးမြို့မှ ထွက်လာပြီး ဇွန် ၁၇ ရက်နေ့လယ် ၂နာရီခွဲခန့်တွင် ဒေသခံကာကွယ်ရေးတပ်များကတိုက်ခိုက်ခဲံ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ယနေ့တိုက်ပွဲကို CDF CDM (စီးယင်း)နှင့်PDF(Zoland)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“မြေပြင်မှာ လိုင်းမကောင်းလို့ မြေပြင်ကသူတို့နဲ့ ဆက်သွယ်လို့မရသေးဘူး”ဟု CDM (စီးယင်း)အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက တိုက်ပွဲအ​ခြေအ​နေအ​သေးစိပ်​မေးမြန်းရာတွင်ပြောသည်။

ကလေးမြို့မှ ချင်းတောင်ကို ဇွန် ၈ ရက် နံနက် ၈နာရီတွင် စစ်ကား ၄ စီးနှင့် နေ့လယ် ၁၁ နာရီတွင် စစ်ကား ၁၃ စီး တက်သွားသည်ဟု ​ဒေသခံများကပြောသည်။ ထိုကားတန်းတွင် ၅ စီးမှာ ရိက္ခာ ကားဖြစ်ပြီးကျန်ကားများမှစစ်ကောင်စီတပ်သားများဖြစ်သည်ဟုလည်း​ဒေသခံများက​​ပြောသည်။

ကလေးမြို့နှင့် တီးတိန်မြို့သည် မိုင် ၅၀ခန့် ကွာဝေးပြီး ပုံမှန် ၆ နာရီခန့်သာ မောင်းနှင်ရသည့် ခရီးအကွာအဝေးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook