Connect with us

Hi, what are you looking for?

သတင်း

ရေစကြို PDF ကစစ်​ကောင်စီတပ်အားနှစ်ရက်အတွင်းသုံးကြိမ်တိုက်ခိုက် ၁ ဦး​သေဆုံးပြီး ၁၉ ဒဏ်ရဟုထုတ်ပြန်

အနီးဝန်းကျင်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ​ရေစကြို PDFက ​အသိပေးသည်။

(စစ်သင်တန်းတက်​ရောက်​နေ​သော ​ရေစကြို PDF တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-​ရေစကြို PDF)
(စစ်သင်တန်းတက်​ရောက်​နေ​သော ​ရေစကြို PDF တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-​ရေစကြို PDF)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင်စစ်တပ်အားနှစ်ရက်အတွင်းသုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးကာ၁၉ ဦးထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းရေစကြို PDFက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇွန်လ၁၇ရက်နေ့)နံနက်(၇)နာရီခန့်က မ.ဘ.သခေါင်းဆောင် ရှင်မတောင်ဆရာတော်အားလုံခြုံရေးယူပေးနေသည့် ပခန်းကြီးရဲစခန်းမှ ရဲများ၊ အကြမ်းဖက်စစ်တပ်နှင့် ပျူ ပူးပေါင်းအဖွဲ့သည် အဖြူရောင်ပေါင်မုန့်ကားဖြင့် ရှင်မတောင်ဘက်မှ တောင်အိုကျေးရွာဘက်သို့ ဦးတည်မောင်းနှင်လာစဥ်ချင်းယားကုန်းကျေးရွာအနီးအရောက်တွင်မိုင်း(၁)လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း​ရေစကြို PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကားမောင်းနှင်သူအပါအဝင်(၁၀)ဦးခန့် လိုက်ပါလာသည့်အနက် (၄)ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ပြီး (၃)ယောက် ဒဏ်ရာအပြင်းထန် ရရှိခဲ့ကာကားနောက်ပိုင်း ပျက်စီးခဲ့သည်ဟု​ဖော်ပြထားသည်။

ယနေ့ (ဇွန်လ၁၈ရက်နေ့) နံနက် (၁၀)နာရီခန့်ကလည်းပခုက္ကူမြို့ မှ ရေစကြိုမြို့နယ်ရှိ ခလရ (၂၅၈)သို့ ပခုက္ကူ-ရေစကြို ကားလမ်းအတိုင်း ဦးတည်မောင်းနှင်လာသောအကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းကို ကြီးကံအုပ်စု၊မိုက်ပင်ကုန်းကျေးရွာ အနီးတွင် (၄)လုံးတွဲပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း Yesagyo PDF၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာများအပြင်းအထန်ရရှိခဲ့ကာကား (၂) စီးထိခိုက်ပျက်စီးခဲ့သည်ဟု အသိ​ပေးသည်။

အနီးဝန်းကျင်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ​ရေစကြို PDFက ​အသိပေးသည်။

ယနေ့ နံနက် (၁၀)နာရီခွဲခန့်ကလည်း ရေစကြိုမြို့အတွင်းမှ ရမ်းကားနေသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များသည် hijet ကား အဖြူရောင်တစ်စီးဖြင့် မြို့အပြင်သို့ထွက်လာစဥ် ဆက်သွယ်ရေးရုံးအနီးတွင် မိုင်း(၁)လုံးခွဲပြီး တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့် (၁)ယောက် သေဆုံးပြီး (၂)ယောက် အပြင်းအထန် ဒဏ်ရာရသည်ဟု သိရှိရကြောင်း ထုတ်ပြန်ထားသည်။

မဟာမိတ်များ၏ ပူးပေါင်းတိုက်ခိုက်မှု(၃)ကြိမ်ကြောင့်စုစုပေါင်း (၁၉)ယောက်နှင့်အထက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး (၁)ဦး သေဆုံးကြောင်း Yesagyo PDF ကပြောသည်။

အထက်ပါစစ်ဆင်ရေးအား ​ရေစကြိုPDF၊N-YSO ပြောက်ကျားတပ်၊K.N.T ပြောက်ကျားတပ်၊Myaing Rural Guerilla Force၊Steel Hawk(သံမဏိသိန်းငှက်)PDF -Myaing Township စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ​ရေစကြို PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ရေစကြိုမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသကဲ့သို့ ရေစကြိုရေလယ်ကျွန်း​ဒေသတွင်လည်း အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။