Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတွင် တိုင်းရင်းသားပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် နာဂ PDF တိုက်တွန်း

တော်လှန်ရေးအောင်မြင်မှု၊ရှုံးနှိမ့်မှုသည် ပြည်သူလူထုပူးပေါင်းပါဝင်မှုအပေါ်တွင် များစွာမူတည်နေပြီး တော်လှန်ရေး၏ အကောင်းအဆိုး အကျိုးအမြတ်သည်လည်း ပြည်သူလူထုသာလျှင်ဖြစ်သည်ဟု ဖော်ပြသည်။

နာဂ PDF တိုက်တွန်း
နာဂ PDF တိုက်တွန်း

▪️တော်လှန်ရေးအောင်မြင်မှု၊ရှုံးနှိမ့်မှုသည် ပြည်သူ လူထုပူးပေါင်းပါဝင်မှုအပေါ် များစွာမူတည်နေဟု ဖော်ပြ

နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အနေဖြင့် စစ်အာ ဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်တိုက်ပွဲဝင်နေသော တိုင်းရင်းသားညီနှောင်များနှင့်အတူ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ဖြတ်ချေမှုန်းရေးအတွက် အစဉ်တစိုက်ရပ်တည် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း နာဂ PDFက ယနေ့ ထုတ်ပြန် လိုက်သည်။

ယနေ့(ဇွန်လ ၂၀ရက်) ကျရောက်သည့် နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်သည် ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်အုပ်စုကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အတူတကွလက်တွဲတွန်းလှန်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရန် အချိန်အခါကောင်းပင်ဖြစ်ကြောင်း ကြေညာ ချက်၌ ဖော်ပြသည်။

ထို့ကြောင့် နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် တိုင်းရင်းသားညီနှောင်များနှင့်အတူ လက်တွဲပြီး စစ်အာဏာရှင်အပြီးတိုင် ချေမှုန်းရေးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဖော်ပြကာ နာဂဒေသပြည်သူ လူထုအနေဖြင့်လည်း နာဂ PDF တပ်ဖွဲ့အား ထောက်ပံ့ပေးကြပါရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအောင်မြင်မှု၊ရှုံးနှိမ့်မှုသည် ပြည်သူလူထုပူးပေါင်းပါဝင်မှုအပေါ်တွင် များစွာမူတည်နေပြီး တော်လှန်ရေး၏ အကောင်းအဆိုး အကျိုးအမြတ်သည်လည်း ပြည်သူလူထုသာလျှင်ဖြစ်သည်ဟု ဖော်ပြသည်။

လက်ရှိအချိန်တွင် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတိုက်ပွဲများတွင် အောင်ပွဲရရှိနေပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း ၂၀၂၁ ကို ပြည်သူ့ညီလာခံတွင် ရေးဆွဲအတည်ပြု ပြဌာန်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

ဖက်ဒရယ်ပြည်ထောင်စုကြေညာစာတမ်းသည် တိုင်းရင်းသားလူမျိုးများ တောင်းဆိုနေသော နိုင်ငံရေးလမ်းကြောင်းကို အခြေခံရေးဆွဲထားသော အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု လမ်းပြမြေပုံလည်းဖြစ်သောကြောင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးကြရန်လိုအပ်သည်ဟု ဆိုသည်။

တိုင်းရင်းသားပြည်သူလူထု၏ စည်းလုံးညီညွှတ်မှုသည် အရေးတော်ပုံအောင်မြင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဓိကသော့ချက်ပင်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။