Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတွင် တိုင်းရင်းသားပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် နာဂ PDF တိုက်တွန်း

တော်လှန်ရေးအောင်မြင်မှု၊ရှုံးနှိမ့်မှုသည် ပြည်သူလူထုပူးပေါင်းပါဝင်မှုအပေါ်တွင် များစွာမူတည်နေပြီး တော်လှန်ရေး၏ အကောင်းအဆိုး အကျိုးအမြတ်သည်လည်း ပြည်သူလူထုသာလျှင်ဖြစ်သည်ဟု ဖော်ပြသည်။

နာဂ PDF တိုက်တွန်း
နာဂ PDF တိုက်တွန်း

▪️တော်လှန်ရေးအောင်မြင်မှု၊ရှုံးနှိမ့်မှုသည် ပြည်သူ လူထုပူးပေါင်းပါဝင်မှုအပေါ် များစွာမူတည်နေဟု ဖော်ပြ

နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အနေဖြင့် စစ်အာ ဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်တိုက်ပွဲဝင်နေသော တိုင်းရင်းသားညီနှောင်များနှင့်အတူ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ဖြတ်ချေမှုန်းရေးအတွက် အစဉ်တစိုက်ရပ်တည် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း နာဂ PDFက ယနေ့ ထုတ်ပြန် လိုက်သည်။

ယနေ့(ဇွန်လ ၂၀ရက်) ကျရောက်သည့် နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်သည် ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်အုပ်စုကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အတူတကွလက်တွဲတွန်းလှန်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရန် အချိန်အခါကောင်းပင်ဖြစ်ကြောင်း ကြေညာ ချက်၌ ဖော်ပြသည်။

ထို့ကြောင့် နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် တိုင်းရင်းသားညီနှောင်များနှင့်အတူ လက်တွဲပြီး စစ်အာဏာရှင်အပြီးတိုင် ချေမှုန်းရေးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဖော်ပြကာ နာဂဒေသပြည်သူ လူထုအနေဖြင့်လည်း နာဂ PDF တပ်ဖွဲ့အား ထောက်ပံ့ပေးကြပါရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအောင်မြင်မှု၊ရှုံးနှိမ့်မှုသည် ပြည်သူလူထုပူးပေါင်းပါဝင်မှုအပေါ်တွင် များစွာမူတည်နေပြီး တော်လှန်ရေး၏ အကောင်းအဆိုး အကျိုးအမြတ်သည်လည်း ပြည်သူလူထုသာလျှင်ဖြစ်သည်ဟု ဖော်ပြသည်။

လက်ရှိအချိန်တွင် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတိုက်ပွဲများတွင် အောင်ပွဲရရှိနေပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း ၂၀၂၁ ကို ပြည်သူ့ညီလာခံတွင် ရေးဆွဲအတည်ပြု ပြဌာန်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

ဖက်ဒရယ်ပြည်ထောင်စုကြေညာစာတမ်းသည် တိုင်းရင်းသားလူမျိုးများ တောင်းဆိုနေသော နိုင်ငံရေးလမ်းကြောင်းကို အခြေခံရေးဆွဲထားသော အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု လမ်းပြမြေပုံလည်းဖြစ်သောကြောင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးကြရန်လိုအပ်သည်ဟု ဆိုသည်။

တိုင်းရင်းသားပြည်သူလူထု၏ စည်းလုံးညီညွှတ်မှုသည် အရေးတော်ပုံအောင်မြင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဓိကသော့ချက်ပင်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ