Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အသုံးချခံပညာရေးဖော်ဆောင်မှုတွင် ပါဝင်ပတ်သက်သူအားလုံး ပြည်သူ့သစ္စာဖောက်ဟု မတူပီ CDF သတ်မှတ်ရှုတ်ချ

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် မတူပီမြို့နယ် ပညာရေးဘုတ် အဖွဲ့များ၏ ထုတ်ပြန်ချက်များကို ကြိုဆိုကြောင်း မတူပီ CDFက ထုတ်ပြန်ခဲ့သည်။

မတူပီ CDF
မတူပီ CDF

စစ်ကောင်စီ၏ အသုံးချခံပညာရေးဖော်ဆောင်မှု၌ ပါဝင်ပတ်သက်သူအားလုံးကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ရှုတ်ချကြောင်း မတူပီ ချင်းကာကွယ်ရေးတပ် (CDF)က ယနေ့ ထုတ်ပြန်လိုက်သည်။

မတူပီ CDFအနေဖြင့် လက်ရှိ ပညာရေးနှင့်သက်ဆိုင်ပြီး အဖွဲ့အစည်း၏ အသိပေးသတင်းထုတ်ပြန်ချက်ကို ယမန်နေ့ (ဇွန်လ ၁၉ရက်)က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မတူပီ CDF
မတူပီ CDF

ဇွန်လ ၁၇ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ တရားမဝင်အကြမ်းဖက် စစ်ကောင်စီ၏ စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ် အသက်ဝင်လည်ပတ်ရေးအတွက် ဖော်ဆောင်သည့် ပညာရေးဆိုင်ရာ လုပ်ဆောင်မှုအားလုံး( အတန်းတင်ပေးခြင်း၊ သင်ယူပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးခြင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ကြောင်း ကြေညာခြင်း)နှင့်ပတ်သက်ပြီး တရားဝင်မှုမရှိကြောင်း ထုတ်ပြန်ခဲ့ကြောင်း၊ အလားတူ မေလ ၂၆ရက်တွင် မတူပီ ပညာရေး ဘုတ်အဖွဲ့မှလည်း CDM ကျောင်းသား ကျောင်းသူများနှင့်အတူ ရပ်တည်ကြောင်း စစ်ကောင်စီကျင်းပသည့် စစ်ကျွန်စာမေးပွဲ ဖြေဆိုအောင်မြင်သူများ အား လုံး၀အသိအမှတ် မပြုကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် မတူပီမြို့နယ် ပညာရေးဘုတ် အဖွဲ့များ၏ ထုတ်ပြန်ချက်များကို ကြိုဆိုကြောင်း မတူပီ CDFက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်းကို ၂ပတ်အတွင်း အကြိမ် ၄၀ခန့် ဗုံးကြဲ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။