Connect with us

Hi, what are you looking for?

သတင်း

အကျဉ်းထောင်တွေဆီ ICRC သွားရောက်လေ့လာခွင့် စစ်ကောင်စီခွင့်မပြုသေး

အကျဉ်းထောင်တွေကို ICRC လေ့လာခွင့်နဲ့ မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ခွင့်တွေကို မြန်မာနိုင်ငံမှာ ကိုဗစ်စတွေ့တဲ့ ၂၀၂၀ ခုနှစ် မတ်လထဲက ဆိုင်းငံထားတာဖြစ်ပါတယ်။

ဓာတ်ပုံ − Zayar Lwin / Facebook
ဓာတ်ပုံ − Zayar Lwin / Facebook

အကျဉ်းထောင်တွေဆီ သွားရောက်လေ့လာခွင့်ကို စစ်ကောင်စီဘက်က ခွင့်မပြုသေးကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကြီး(ICRC)က ဒီနေ့မှာထုတ်ပြန်ပါတယ်။

ICRC ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်ကိုလာရောက်ပြီး စစ်ကောင်စီနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ ကာကွယ်ရေး ၊ ပြည်ထဲရေး နဲ့ကျန်းမာရေးဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ICRC ဘက်က ထုတ်ပြန်ထားပါတယ်။

အဲဒီတွေ့ဆုံမှုတွေမှာ အကျဉ်းထောင်တွေဆီသွားရောက်လေ့လာနိုင်ဖို့နဲ့ အကျဉ်းကျသူတွေထံ မိသားစုဝင်တွေ ထောင်ဝင်စာသွားတွေ့ဆုံခွင့် ကိုအမြန်ဆုံးပြန်စတင်နိုင်ဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ICRC ရဲ့ တောင်းဆိုချက် ၂ ချက်လုံးကို စစ်ကောင်စီ က ခွင့်မပြု သေးဘူးလို့သိရပါတယ်။

ICRC ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ” အဆိုပါအချက် နှစ်ချက်အပေါ် အကျဉ်းထောင်အာဏာပိုင်များသဘောတူညီမှုမရရှိသေးသည့်အတွက် အိုင်စီအာရ်စီက စိတ်မကောင်းဖြစ်ရပါသည်” လို့ဖော်ပြထားပါတယ်။

အကျဉ်းထောင်တွေကို ICRC လေ့လာခွင့်နဲ့ မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ခွင့်တွေကို မြန်မာနိုင်ငံမှာ ကိုဗစ်စတွေ့တဲ့ ၂၀၂၀ ခုနှစ် မတ်လထဲက ဆိုင်းငံထားတာဖြစ်ပါတယ်။

လက်ရှိမှာ အကျဉ်းထောင်တွေထဲ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ညှင်းပန်းနှိပ်စက်တာ ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာ ၊ ထောင်အာဏာပိုင်တွေနဲ့ လက်ပါးစေတွေက ရိုက်နှက်တာတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။