Connect with us

Hi, what are you looking for?

သတင်း

ကရင်နီအမျိုးသားများစည်းလုံးစွာ အကြမ်းဖက်စစ်အာဏာရှင်ချုပ်ငြိမ်းရေး အမြန်ဆုံးဆောင်ရွက်ရန်လိုအပ်နေကြောင်း KNPP ဥက္ကဋ္ဌပြော

KNPPသည် လူထုနှင့်တသွေးတသားတည်းရှိနေပြီး လူထုအတွက် ပေါ်ပေါက်လာ သည့် တော်လှန်ရေးတာဝန်တစ်ရပ်ကို လူထုကိုယ်စား တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း KNPP ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ကရင်နီအမျိုးသားများစည်းလုံးစွာ အကြမ်းဖက်စစ်အာဏာရှင်ချုပ်ငြိမ်းရေး အမြန်ဆုံးဆောင်ရွက်ရန်လိုအပ်နေကြောင်း KNPP ဥက္ကဋ္ဌပြော
ကရင်နီအမျိုးသားများစည်းလုံးစွာ အကြမ်းဖက်စစ်အာဏာရှင်ချုပ်ငြိမ်းရေး အမြန်ဆုံးဆောင်ရွက်ရန်လိုအပ်နေကြောင်း KNPP ဥက္ကဋ္ဌပြော

ကရင်နီအမျိုးသားများသည် ယနေ့ ဖြစ်ပျက်ပြောင်းလဲနေသည့် နိုင်ငံရေးအခြေအနေ အချိန်ကာလတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်များနှင့် ကရင်နီအမျိုးသားများအကြား ဘုံသဘောထားရရှိပြီး အတူတကွစည်းလုံးစွာ အကြမ်းဖက်စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်နေကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားသည်

ယနေ့ (ဇွန်လ ၂၁ရက်) ကျရောက်သည့် (၁၄၇)နှစ် မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ KNPP ဥက္ကဋ္ဌက သဝဏ်လွှာပေးပို့ ပြောကြားလိုက်ခြင်းဖြစ် သည်။

“ ဒီနေ့ ကျရောက်တဲ့ ကရင်နီအမျိုးသားနေ့မှာ ကျွန်​တော့်အနေနဲ့ ကရင်နီအမျိုးသားထု တစ်ရပ်လုံးနဲ့ အင်အားစုအဖွဲ့အစည်းအားလုံးကို အထူးမှာကြားလိုတာကတော့ မိမိတို့ဟာ ကရင်နီ အမျိုးသားရေး စိတ်ဓာတ်တွေ အမြဲရှင်သန်နေဖို့ လိုအပ်နေသလို အမျိုးသားချင်း စည်းလုံးညီညွတ်ရေးဟာ အထူးလိုအပ်နေတဲ့အချိန်ကာလ လည်းဖြစ်နေပါတယ်”ဟု ခူဦးရယ်က ပြောသည်။

ကရင်နီအမျိုးသားများနှင့် ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် အားလုံးချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိသည့် ကရင်နီပြည်ဖြစ်ပေါ်လာရေးအတွက် ရောက်ရှိသည့် နေရာမှအမျိုးသားရေးအတွက် ကျရာကဏ္ဍကနေ တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်သွားရန်လည်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် တိုင်းပြည်အာဏာကို အကြမ်းဖက် စစ်တပ်ကတကျော့ပြန် မတရားအာဏာ သိမ်းယူပြီးတဲ့နောက် ကရင်နီအမျိုးသားများနှင့် ကရင်နီပြည်သူလူထု ၂သိန်းကျော် အိုးမဲ့အိမ်မဲ့နှင့် စစ်ရှောင်ဘ၀ကို ရောက်ရှိလာခဲ့ရကြောင်း KNPP ဥက္ကဋ္ဌက ပြောသည်။

“အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးသတ်ဖြတ်မှုတွေအပြင် လူထုတွေရဲ့ အိုးအိမ်အဆောက်အဦတွေ ဘာသာရေးအဆောက်အဦတွေ အများအပြား ပျက်ဆီးဆုံးရှုံး မှုတွေဖြစ်ခဲ့ပါတယ်။ ဒီနေ့ ဒီအချိန်ထိ ပြည်တွင်းမှာ နေ့စဉ် ရက်ဆက် တိုက်ပွဲတွေရှိနေသလို လူထုတွေရဲ့ အသက်အိုးအိမ်လုံခြုံရေး၊ စားဝတ်နေနေရးနဲ့ ကျန်းမာရေး ၊ ပညာရေး အခန်းကဏ္ဍတွေဟာလည်း အရေးပေါ် ဆောင်ရွက်ဖို့ လိုအပ်နေတာဖြစ်ပါတယ်” ဟု ခူဦးရယ်က ပြောသည်။

KNPP အနေဖြင့် ကရင်နီလူထုများ မတရားသတ်ဖြတ်ဖမ်းဆီးနှိပ်စက်ခံနေရခြင်းများကို လက်ပိုက်ကြည့်နေ၍ မရကြောင်း၊ ကရင်နီပြည်သူလူထု၏ အကျိုးစီးပွားသည် KNPP၏ အကျိုးစီးပွားဟု ခံယူထားကြောင်း ၎င်းက ဆိုသည်။

“ကျွန်​တော်တို့ လူထုကို မတရားပြုမူခြင်းဟာ ကျနော်တို့ကို မတရားပြုတယ်လို့ ခံယူပါတယ်။ ”ဟု ခူဦးရယ်က ပြောသည်။

KNPPသည် လူထုနှင့်တသွေးတသားတည်းရှိနေပြီး လူထုအတွက် ပေါ်ပေါက်လာ သည့် တော်လှန်ရေးတာဝန်တစ်ရပ်ကို လူထုကိုယ်စား တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း KNPP ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ကရင်နီပြည်သည် သီးခြားလွတ်လပ်သည့် ပြည်ဖြစ် သည်ကို သမိုင်းကြောင်း အရ တည်ရှိခဲ့ကြောင်း သို့ရာတွင် ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်းအရသော် လည်းကောင်း၊ ကရင်နီပြည်နှင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ကြောင့် သော်လည်းကောင်း၊ ကရင်နီအမျိုးသားတစ်ရပ်လုံး၏ ဖြစ်ပေါ်တိုးတက်မှုကို ရည်မျှော်ပြီး KNPP၏ နိုင်ငံရေးဦးတည်ချက်ကို ၂၀၀၁ ခုနှစ်ကစပြီး အမျိုးသားများ တန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အ၀ အာမခံပေးနိုင်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ပြီး အခြားဘ၀တူ တိုင်းရင်းသားများနှင့် ယှဉ်တွဲနေထိုင်သွားရန် ချမှတ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော် ကရင်နီအမျိုးသား တို့၏ သမိုင်းဖြစ်တည်မှုကို ချွင်းချန် မေ့လျော့ထားခြင်းမျိုးတော့ မဟုတ်ကြောင်း KNPPက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပပြီး အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး ၂နေရာအတွက် အစားထိုးခန့်အပ်ခဲ့တယ်လို့ KNPPက ထုတ်ပြန်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ အတွင်းရေးမှူးဦးအောင်ဆန်းမြင့် ကွယ်လွန်သွားတယ်လို့ ကရင်နီဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။