Connect with us

Hi, what are you looking for?

သတင်း

တရားမဝင်သည့်အဖွဲ့ကို တရားဝင်အသက်သွင်းရန် ကြိုးစားမည့်ရွေးကောက်ပွဲ အောင်မြင်မည် မဟုတ်ဟု NUGပြော

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) စုဖွဲ့မှုမှတစ်ဆင့် ပြည်သူများတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်စေရန် လမ်းပြမြေပုံအတိုင်း၊ ဖက်ဒရယ်ဒီမိုကရေစီချာတာ အတိုင်းလျှောက်လှမ်းနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းစာရှင်းလင်းပွဲ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းစာရှင်းလင်းပွဲ

ယာယီသမ္မတ ပြောကြားထားသည့်အတိုင်း စစ်ရေး၊ နိုင်ငံရေးအရ ချေဖျက်ရန် ဆောင်ရွက်ထား

စစ်ကောင်စီအနေဖြင့် တရားမဝင်သည့်အဖွဲ့ကို တရားဝင်အသက်သွင်းရန် ကြိုးစားသည့် အနေဖြင့် ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်လျက်ရှိရာ လုံး၀အောင်မြင်မည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လုံး၀ချေဖျက်ရေးအတွက် စစ်ရေး၊ နိုင်ငံရေးအရဆောင်ရွက်ရန် ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးကျော်ဇောက ပြောသည်။

“စကစလုပ်တဲ့ ရွေးကောက်ပွဲက စကစဆိုတာ လူသတ်သမား ၊ လူသတ်အုပ်စု၊ ရာဇဝတ်ကောင်တွေ။ ရာဇဝတ်ကောင်တွေလုပ်တဲ့ရွေးကောက်ပွဲဆိုတာက ဘယ်လိုမှတရားမဝင်ဘူး။ နံပါတ်တစ်အချက်ပေါ့”ဟု ဦးကျော်ဇောက ပြောသည်။

ထို့ပြင် ပြည်သူလူထုနှင့် တစ်ကမ္ဘာလုံးက မည်သူမျှ စစ်ကောင်စီကို မယုံကြည်ထိုက်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“သူတို့ကိုယ်တိုင်ရေးထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံဥပဒေကို သူတို့ချိုးဖောက်ပြီးတော့ အာဏာသိမ်းဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူးလား။ အဲဒီလို အကြမ်းဖက်အဖွဲ့အစည်း၊ အဲဒီလို လူသတ်သမားတွေ လုပ်တဲ့ရွေးကောက်ပွဲက ဘယ်လိုလုပ် တရားဝင်မလဲ။ ဘယ်လိုလုပ်တရားမျှတမလဲ”ဟု ဦးကျော်ဇောက ပြောသည်။

လက်ရှိတွင် ပြည်သူလူထု၏ တောင်းဆိုချက်အရ ၂၀၀၈ဖွဲ့စည်းပုံဥပဒေကို ပြည်သူလူထု ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖျက်သိမ်းထားပြီးဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းရန် လုပ်ဆောင်နေသည့် အရာအားလုံး တရားမဝင်ကြောင်း ၎င်းက ဆိုသည်။

“ ထပ်လောင်းပြီးပြောကြားချင်တာက စကစလုပ်တဲ့ ရွေးကောက်ပွဲက လုံး၀ တရားမဝင်တဲ့ ရွေးကောက်ပွဲ။ သူတို့ရဲ့ အခုတရားမဝင်ဘဲ ရှိနေတဲ့အဖွဲ့ကို သူတို့ တရားဝင် အသက်သွင်းဖို့ ကြိုးစားတာဘယ်လိုမှ မအောင်မြင်နိုင်ဘူးဆိုတာပြောကြားချင်ပါတယ်”ဟု ဦးကျော်ဇောက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) စုဖွဲ့မှုမှတစ်ဆင့် ပြည်သူများတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်စေရန် လမ်းပြမြေပုံအတိုင်း၊ ဖက်ဒရယ်ဒီမိုကရေစီချာတာ အတိုင်းလျှောက်လှမ်းနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖက်ဒရယ်ဒီမိုကေရစီ အခြေခံဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒ ရေးဆွဲကာ ၎င်း ဖွဲ့စည်းပုံကို ပြည်သူလူထု အတည်ပြုပြီးပါက ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအရ လုပ်မည့် ရွေးကောက်ပွဲ ရှိလာမည်ဟုလည်း ဦးကျော်ဇောက ရှင်းပြသည်။

ပြည်သူများအနေဖြင့်လည်း စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း၊ စစ်အာဏာရှင်၏ ရွေးကောက်ပွဲကို လက်မခံကြောင်းကို သတ္တိရှိရှိ ဆက်လက်ဆန့်ကျင်ဆန္ဒထုတ်ဖော်သွားမည်ကို ယုံကြည်ကြောင်း ဦးကျော်ဇောက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။