Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်အက်ဥပဒေနဲ့ နေပြည်တော်ထောင် တရားရုံးမှာ မနက်ဖြန် စစ်ဆေးမယ်

အာဏာသိမ်းပြီးနောက် ရှောင်တာနယ်ကို စစ်ကောင်စီက ဖမ်းဆီးရာမှာ စီးပွားရေးဆိုင်ရာစီမံကိန်းစာရွက်စာတမ်းတွေ တွေ့ရတယ်ဆိုပြီး ရှောင်တာနယ်နဲ့အတူ ၊ဒေါ်အောင်ဆန်းစုကြည် ၊NLD အစိုးရ လက်ထက် စီးပွားရေးဝန်ကြီး ၃ ဦးကို အစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့စစ်ကောင်စီက တရားစွဲဆိုထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့စွဲဆိုထားတဲ့ အမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန်မှာနေပြည်တော် အချုပ်ထောင်ကတရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ်လို့သိရပါတယ်။

နေပြည်တော်အချုပ်ထောင်မှာ ဆောက်လုပ်ထားတဲ့တရားရုံးပြီးစီးပြီဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေ ကို အဲဒီတရားရုံးမှာပြောင်းရွှေ့စစ်ဆေးမှာကို တရားရုံးက မနေ့က အသိပေးထားခဲ့ပါတယ်။

ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကနေ နေပြည်တော်အချုပ်ထောင် ဆီ ပို့လိုက်တယ်လို့သတင်းတွေ ထွက်လာခဲ့ပါတယ်။

နေ့လယ်ပိုင်း ၂ နာရီလောက်က နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွှေ့လိုက်တာလို့ သတင်းတွေထွက်နေတာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

မနက်ဖြန် နေပြည်တော်အချုပ်ထောင်က တရားရုံးမှာ ပထမဦးဆုံးရုံးထုတ်စစ်ဆေးမယ့် အမှုကတော့ NLD အစိုးရ စီးပွားရေးအကြံပေး သြစတြေးလျ နိုင်ငံသားပါမောက္ခရှောင်တာနယ်နဲ့ဆက်စပ်တဲ့အမှုဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ရှောင်တာနယ်ကို စစ်ကောင်စီက ဖမ်းဆီးရာမှာ စီးပွားရေးဆိုင်ရာစီမံကိန်းစာရွက်စာတမ်းတွေ တွေ့ရတယ်ဆိုပြီး ရှောင်တာနယ်နဲ့အတူ ၊ဒေါ်အောင်ဆန်းစုကြည် ၊NLD အစိုးရ လက်ထက် စီးပွားရေးဝန်ကြီး ၃ ဦးကို အစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့စစ်ကောင်စီက တရားစွဲဆိုထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။