Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟင်္သာတတွင် စစ်ကောင်စီဖွဲ့စည်းသည့် ပြည်သူ့လုံခြုံရေးအဖွဲ့တွင် Family ဟိုတယ်ပိုင်ရှင် ဦးဝင်းဇော်ပါဝင်၍ အမြန်နှုတ်ထွက်ရန် သတိပေး

စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့မှ ဦးဝင်းဇော် နှုတ်ထွက်၊မထွက်ကို အချိန်ကာလတစ်ခု စောင့်မည်ဖြစ်ပြီး မြို့ခံများအနေ​ဖြင့် Family ဟိုတယ်နှင့် မိသားစုရွှေဆိုင်များအား အသွားအလာ ရှောင်ကြဥ်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက သတိပေးသည်။

ဦးဝင်းဇော်မိသားစု
ဦးဝင်းဇော်မိသားစု

ဟင်္သာတမြို့တွင် စစ်ကောင်စီက ဖွဲ့စည်းသည့် ပြည်သူ့လုံခြုံရေးအဖွဲ့တွင် Family ဟိုတယ်နှင့် ရွှေဆိုင်လုပ်ငန်းရှင် ဦးဝင်းဇော်ပါဝင်ရာ အမြန်နှုတ်ထွက်ရန်နှင့် မလိုက်နာပါက ဖောက်ခွဲတိုက်ခိုက်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က သတိပေးလိုက်သည်။

စစ်ကောင်စီက ဇွန်လ ၂၂ရက်တွင် ဖွဲ့စည်းလိုက်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုသည့် ၁၂ဦးပါအဖွဲ့ စာရင်းတွင် မြို့ခံများအကြား လူသိများသည့် Family ဟိုတယ်နှင့် ရွှေဆိုင်လုပ်ငန်းရှင်ဦးဝင်းဇော်ပါဝင်နေသည်။ ဦးဝင်းဇော်နှင့်သူ၏သား အေးချမ်းဗိုလ်သည် စစ်ကောင်စီတပ်နှင့်နီးစပ်သူဖြစ်ပြီး Family ဟိုတယ် ၊ မိသားစုရတနာရွှေဆိုင်၊ Family ပုဂ္ဂလိကကျောင်းတို့ကို ဖွင့်လှစ်ထားကြောင်း မြို့ခံများက ပြောသည်။

” ဦးဝင်းဇော်ကို ကျွန်တော်တို့ စောင့်ကြည့်နေတာကြာပြီ။ အခုတော့ စစ်ကောင်စီအဖွဲ့မှာ ပေါ်ပေါ်တင်တင် ပါလာတယ်။သူ့လုပ်ရပ်တွေ မရပ်တန့်ရင် သူပိုင်တဲ့ ဟိုတယ်နဲ့လုပ်ငန်းတွေအပြင် မိသားစုဝင်တွေရဲ့ အသက်ကိုပါ အာမမခံနိုင်ဘူး”ဟု ဟင်္သာတမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ဦးဝင်းဇော်၏သား အေးချမ်းဗိုလ်သည် မူးယစ်ဆေးသုံးစွဲနေသူဖြစ်ပြီး မကြာသေးမီကလည်း မူးယစ်ဆေးဖြင့် ဖမ်းမိခဲ့ကြောင်း၊ သို့သော် စစ်ကောင်စီကို ဦးဝင်း​​ဇော်က ကျပ်သိန်းတစ်ထောင်ကျော် လာဘ်ထိုးခဲ့ရာ အမှုမှကွင်းလုံးကျွတ်လွတ်ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့မှ ဦးဝင်းဇော် နှုတ်ထွက်၊မထွက်ကို အချိန်ကာလတစ်ခု စောင့်မည်ဖြစ်ပြီး မြို့ခံများအနေ​ဖြင့် Family ဟိုတယ်နှင့် မိသားစုရွှေဆိုင်များအား အသွားအလာ ရှောင်ကြဥ်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက သတိပေးသည်။

ဒေါ်ခင်မေဝင်းကျော်(လက်ကိုင်အိတ်အကွက်ကိုင်ထားသည့် အမျိုးသမီး)
ဒေါ်ခင်မေဝင်းကျော်(လက်ကိုင်အိတ်အကွက်ကိုင်ထားသည့် အမျိုးသမီး)

ထို့အပြင် စစ်ကောင်စီက ဖွဲ့စည်းလိုက်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုသည့် ၁၂ဦးတွင် ဦးဝင်းဇော်နှင့်အတူ ဟင်္သာတမြို့ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ခင်မေဝင်းကျော်လည်း ပါဝင်နေသည်။ ဒေါ်ခင်မေဝင်းကျော်သည် စစ်ကောင်စီနှင့် ပူးပေါင်းကာ လာဘ်စားသူအဖြစ် နာမည်ပျက်ရှိနေသူဖြစ်သည်။

ဧရာဝတီတိုင်းတွင် ဟင်္သာတအပါအဝင် ​မြို့များအားလုံး၌ စစ်ကောင်စီက ပြည်သူလုံခြုံရေး ခေါင်းစဥ်ဖြင့်အဖွဲ့များ ဖွဲ့စည်းနေသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။