Connect with us

Hi, what are you looking for?

သတင်း

ဟင်္သာတတွင် စစ်ကောင်စီဖွဲ့စည်းသည့် ပြည်သူ့လုံခြုံရေးအဖွဲ့တွင် Family ဟိုတယ်ပိုင်ရှင် ဦးဝင်းဇော်ပါဝင်၍ အမြန်နှုတ်ထွက်ရန် သတိပေး

စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့မှ ဦးဝင်းဇော် နှုတ်ထွက်၊မထွက်ကို အချိန်ကာလတစ်ခု စောင့်မည်ဖြစ်ပြီး မြို့ခံများအနေ​ဖြင့် Family ဟိုတယ်နှင့် မိသားစုရွှေဆိုင်များအား အသွားအလာ ရှောင်ကြဥ်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက သတိပေးသည်။

ဦးဝင်းဇော်မိသားစု
ဦးဝင်းဇော်မိသားစု

ဟင်္သာတမြို့တွင် စစ်ကောင်စီက ဖွဲ့စည်းသည့် ပြည်သူ့လုံခြုံရေးအဖွဲ့တွင် Family ဟိုတယ်နှင့် ရွှေဆိုင်လုပ်ငန်းရှင် ဦးဝင်းဇော်ပါဝင်ရာ အမြန်နှုတ်ထွက်ရန်နှင့် မလိုက်နာပါက ဖောက်ခွဲတိုက်ခိုက်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က သတိပေးလိုက်သည်။

စစ်ကောင်စီက ဇွန်လ ၂၂ရက်တွင် ဖွဲ့စည်းလိုက်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုသည့် ၁၂ဦးပါအဖွဲ့ စာရင်းတွင် မြို့ခံများအကြား လူသိများသည့် Family ဟိုတယ်နှင့် ရွှေဆိုင်လုပ်ငန်းရှင်ဦးဝင်းဇော်ပါဝင်နေသည်။ ဦးဝင်းဇော်နှင့်သူ၏သား အေးချမ်းဗိုလ်သည် စစ်ကောင်စီတပ်နှင့်နီးစပ်သူဖြစ်ပြီး Family ဟိုတယ် ၊ မိသားစုရတနာရွှေဆိုင်၊ Family ပုဂ္ဂလိကကျောင်းတို့ကို ဖွင့်လှစ်ထားကြောင်း မြို့ခံများက ပြောသည်။

” ဦးဝင်းဇော်ကို ကျွန်တော်တို့ စောင့်ကြည့်နေတာကြာပြီ။ အခုတော့ စစ်ကောင်စီအဖွဲ့မှာ ပေါ်ပေါ်တင်တင် ပါလာတယ်။သူ့လုပ်ရပ်တွေ မရပ်တန့်ရင် သူပိုင်တဲ့ ဟိုတယ်နဲ့လုပ်ငန်းတွေအပြင် မိသားစုဝင်တွေရဲ့ အသက်ကိုပါ အာမမခံနိုင်ဘူး”ဟု ဟင်္သာတမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ဦးဝင်းဇော်၏သား အေးချမ်းဗိုလ်သည် မူးယစ်ဆေးသုံးစွဲနေသူဖြစ်ပြီး မကြာသေးမီကလည်း မူးယစ်ဆေးဖြင့် ဖမ်းမိခဲ့ကြောင်း၊ သို့သော် စစ်ကောင်စီကို ဦးဝင်း​​ဇော်က ကျပ်သိန်းတစ်ထောင်ကျော် လာဘ်ထိုးခဲ့ရာ အမှုမှကွင်းလုံးကျွတ်လွတ်ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့မှ ဦးဝင်းဇော် နှုတ်ထွက်၊မထွက်ကို အချိန်ကာလတစ်ခု စောင့်မည်ဖြစ်ပြီး မြို့ခံများအနေ​ဖြင့် Family ဟိုတယ်နှင့် မိသားစုရွှေဆိုင်များအား အသွားအလာ ရှောင်ကြဥ်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက သတိပေးသည်။

ဒေါ်ခင်မေဝင်းကျော်(လက်ကိုင်အိတ်အကွက်ကိုင်ထားသည့် အမျိုးသမီး)
ဒေါ်ခင်မေဝင်းကျော်(လက်ကိုင်အိတ်အကွက်ကိုင်ထားသည့် အမျိုးသမီး)

ထို့အပြင် စစ်ကောင်စီက ဖွဲ့စည်းလိုက်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုသည့် ၁၂ဦးတွင် ဦးဝင်းဇော်နှင့်အတူ ဟင်္သာတမြို့ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ခင်မေဝင်းကျော်လည်း ပါဝင်နေသည်။ ဒေါ်ခင်မေဝင်းကျော်သည် စစ်ကောင်စီနှင့် ပူးပေါင်းကာ လာဘ်စားသူအဖြစ် နာမည်ပျက်ရှိနေသူဖြစ်သည်။

ဧရာဝတီတိုင်းတွင် ဟင်္သာတအပါအဝင် ​မြို့များအားလုံး၌ စစ်ကောင်စီက ပြည်သူလုံခြုံရေး ခေါင်းစဥ်ဖြင့်အဖွဲ့များ ဖွဲ့စည်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။