Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်

မြိုင်(ပကဖ)အဖွဲ့သည် ဇွန်လ၁၈ရက်ကလည်း ကန်နီကျေးရွာရှိ အကြမ်းဖက်စစ်တပ်အတွက် ရိက္ခါလာဝယ်သော ပျူစောထီး လေးဦးပါ HIJETကားတစ်စီးအား တိုက်ခိုက်ခဲ့ရာ ပျူ သုံးဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

(မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)
(မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းက စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ပြေးဝင်ခိုအောင်းသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ၂၆ရက်) ညနေ၅နာရီခန့်က မြိုင်မြို့နယ်၊ နယ်သတ်ကျေးရွာအနီးသို့ ခန့်မှန်းအင်အား ၃၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများအား မိုင်း လေးလုံး၊ ရှေ့ထွက်မိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုင်းထိပြီးနောက် အကြမ်းဖက်စစ်သားအချို့ လဲကျသေဆုံးမှုများရှိပြီး ဒဏ်ရာရသူများအား နယ်သတ်ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ တွဲခေါ်သယ်ယူသွားသ​ည်ဟု မြိုင်(ပကဖ)အဖွဲ့က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မြိုင်(ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

မြိုင်(ပကဖ)အဖွဲ့သည် ဇွန်လ၁၈ရက်ကလည်း ကန်နီကျေးရွာရှိ အကြမ်းဖက်စစ်တပ်အတွက် ရိက္ခါလာဝယ်သော ပျူစောထီး လေးဦးပါ HIJETကားတစ်စီးအား တိုက်ခိုက်ခဲ့ရာ ပျူ သုံးဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။