Connect with us

Hi, what are you looking for?

သတင်း

PDFလေးဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီ လိမ်လည်ဝါဒဖြန့်နေဟု အုတ်ဖို PDFထုတ်ပြန်

အုတ်ဖို PDFကို ၂၀၂၁ ဇူလိုင်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်သူအချို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ မတ်လ အတွင်းက အုတ်ဖို မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့နယ် စစ်ကောင်စီ အဖွဲ့ဝင်) ခင်မောင်ဝင်းအား ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

PDFလေးဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီ လိမ်လည်ဝါဒဖြန့်နေဟု အုတ်ဖို PDFထုတ်ပြန်
PDFလေးဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီ လိမ်လည်ဝါဒဖြန့်နေဟု အုတ်ဖို PDFထုတ်ပြန်

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မှ တပ်ဖွဲ့ဝင် ​လေးဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီက လိမ်လည်ဝါဒဖြန့်နေကြောင်း အုတ်ဖို PDFက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီက ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် ၎င်းတို့၏ ဝါဒဖြန့် သတင်းမီဒီယာများ၌ ရေးသားဖော်ပြနေခြင်းဖြစ်ကြောင်း၊ အုတ်ဖို PDF ဆိုသူများမှာ တရားရုံးမှ ပုဒ်မ (၅၀၅) ဖြင့် ဖမ်းဆီးရန် ထုတ်ပြန်ထားသူများ ဖြစ်ပြီး အိုဖိုမြို့နယ် PDF တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း ဖော်ပြထားသည်။

အုတ်ဖို PDF များအနေဖြင့် အမှတ်ရားဘက်မှ ရပ်တည် ၍ ပြည်သူများ၏ အသက်အိုးအိမ်၊စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ပြီး စစ်အာဏာရှင် အမြစ်ပြတ်သည့်တိုင် အဆုံးထိ တိုက်ပွဲဝင်သွားမည့်သူများ ဖြစ် သည်ဟု ထုတ်ပြန်သည်။ မည်သည့်အခါမှ စစ်အာဏာ ရှင်အောက် ဒူးထောက်အညံ့ခံမည် မဟုတ်ကြောင်း လည်း အသိပေးထားသည်။

အုတ်ဖို PDFကို ၂၀၂၁ ဇူလိုင်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်သူအချို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ မတ်လ အတွင်းက အုတ်ဖို မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့နယ် စစ်ကောင်စီ အဖွဲ့ဝင်) ခင်မောင်ဝင်းအား ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook