Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည် – တံတားဦးလမ်းပိုင်းတွင် တပ်စွဲထားသော စစ်ကောင်စီတ​ပ်အား ဗုံးသီးဖြင့်တိုက်ခိုက်

“စစ်ကောင်စီအထိုင်ချထားတဲ့ ကင်းဂိတ်ကို ကျွန်တော်တို့ အီနာဂါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ တိုက်ခိုက်ပြီးတဲ့နောက် အဲဒီဂိတ်မှာ စစ်ဆေးမှုတွေတင်းကျပ်လာတယ်လို့သိရပါတယ်။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)တာဝန်ရှိသူက ပြောသည်။

ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)
ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ကျောက်ဆည် – တံတားဦးလမ်းပိုင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတ​ပ်အား ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က ထုတ်ပြန်သည်။

ယနေ့(ဇွန်လ၂၉ရက်)နံနက် ၅နာရီ၂၀မိနစ်အချိန်က ကျောက်ဆည်မြို့နယ်၊ ညောင်ပင်ဇောက်ကျေးရွာအနီး ကျောက်ဆည် – တံတားဦး ခရိုင်ပတ်လမ်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အီနာဂါဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KDDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အကြမ်းဖက်စစ်တ​ပ်ထိခိုက်မှုအခြေအနေ မသိရသေးဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“စစ်ကောင်စီအထိုင်ချထားတဲ့ ကင်းဂိတ်ကို ကျွန်တော်တို့ အီနာဂါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ တိုက်ခိုက်ပြီးတဲ့နောက် အဲဒီဂိတ်မှာ စစ်ဆေးမှုတွေတင်းကျပ်လာတယ်လို့သိရပါတယ်။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား ကျောက်ဆည်ခရိုင်ကာကွယ် ရေးတပ်ဖွဲ့ (K.D.D.F)နှင့် BARMAHTE PEOPLE DEFENSE FORCE တို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဇွန်လ၁၉ ရက်ကလည်း ကျောက်ဆည်မြို့ရှိ ဦးသန်းရွှေ၏ နေအိမ်ခြံဝင်းထိပ် ဗုံးထုတိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook