Connect with us

Hi, what are you looking for?

သတင်း

ပင်းတယရေဘေး သေဆုံးသူ ရှစ်ဦးရှိလာ

တောင်ကျရေအန္တရာယ်ဆိုးဝါးစွာကြုံတွေ့ခဲ့ရသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် ရေဘေးကြောင့်သေဆုံးသူ ရှစ်ဦးရှိလာပြီး ဒေသတွင်းရှိ ရွာငံ၊ အောင်ပန်း၊ ကလောမြို့တို့တွင်လည်း ရေဘေးအန္တရာယ်ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

ပင်းတယမြို့နယ်တွင် တောင်ကျရေကြောင့် တိုက်စားမှုကြောင့် ဆိုင်ကယ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၂၈၊၂၀၂၅။လူအေး/People’s Spring

တောင်ကျရေအန္တရာယ်ဆိုးဝါးစွာကြုံတွေ့ခဲ့ရသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် ရေဘေးကြောင့်သေဆုံးသူ ရှစ်ဦးရှိလာပြီး ဒေသတွင်းရှိ ရွာငံ၊ အောင်ပန်း၊ ကလောမြို့တို့တွင်လည်း ရေဘေးအန္တရာယ်ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဇူလိုင် ၂၇ရက် ညနက်ပိုင်းက ပင်းတယမြို့နယ် သိမ်ကုန်းရွာ၊ကုန်းစောင်းရွာနှင့် ရွှေပုထိုးကျေးရွာတို့တွင် တောင်ကျရေရုတ်တရက်ဆင်းလာပြီး နေအိမ်များအား တိုက်စားသွားခြင်းဖြစ်သည်။

ယနေ့ (ဇူလိုင် ၂၈ရက်)ညအထိရရှိထားသော စာရင်းများအရ သေဆုံးသူရှစ်ဦးရှိလာပြီး နေအိမ် ၈၀ခန့်ပျက်စီးခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပင်းတယမြို့နယ်တွင် တောင်ကျရေကြောင့် တိုက်စားမှုကြောင့် ဆိုင်ကယ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ

ပင်းတယမြို့သည် ရွာငံမြို့နှင့်အတူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်ပြီး ရွာငံမြို့တွင်လည်း ရေဘေးကြုံတွေ့နေသည်။ ထို့အပြင် ဒေသချင်းဆက်စပ်နေသော အောင်ပန်းနှင့်ကလောမြို့တို့တွင်လည်း မြို့ပေါ်ရပ်ကွက်များ၌ ရေလျှံနေပြီး ဒေသခံလူဦးရေသုံးထောင်ကျော်မှာ ရေဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့အချို့က ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ ပင်းတယ၊ ရွာငံ၊ အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တာချီလိတ်နှင့် ဝ‌ဒေသ မိုင်းပေါက်၊ ပန်ဆိုင်းမြို့တို့တွင် ရေဘေးကြုံတွေ့နေသည်။ မိုင်းပေါက်မြို့တွင် ဇူလိုင်၂၁ရက်က ရေဘေးကြောင့် လူသုံးဦးသေဆုံးခဲ့သည်။

ဇူလိုင် ၂၈ရက်မှ ဩဂုတ် ၃ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားသည်။

မိုးကြီးမှုနှင့်အတူ မြေပြိုမှုဘေးကိုလည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေကာတာကျိုးပေါက်မှုကြောင့်ဖြစ်တဲ့ လေးမျက်နှာမြို့ရေဘေးမှာ ပိတ်မိနေသူတွေအများအပြားရှိနေပြီး ကယ်ဆယ်ရေးအင်အားလိုအပ်နေတယ်လို့ လူမှုကူညီ ရေးအဖွဲ့တွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နာမြို့မှာ ငဝန်မြစ် ရေကာတာကျိုးလို့ ရပ်ကွက်နဲ့ကျေးရွာ ၆ ခုထက်မနည်း အရေးပေါ်ရွေ့ပြောင်းနေရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းရာက ရေကြီးမှုတွေကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။