Connect with us

Hi, what are you looking for?

သတင်း

ပင်းတယ ၊ထန်းတပင်၊အုတ်တွင်းမြို့နယ်တို့တွင် ရေဘေးကြောင့် ပြည်သူ ၉ဦးထက်မနည်းသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်းပင်းတယမြို့နှင့် ထန်းတပင်၊ အုတ်တွင်းမြို့နယ်တို့တွင်ရုတ်တရက်ရေကြီးမှုကြောင့်သေဆုံးသူ၉ဦးထက်မနည်းရှိနေကြောင်း ဒေသခံလူမှုရေးအဖွဲ့များထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းပင်းတယမြို့နှင့် ထန်းတပင်၊ အုတ်တွင်းမြို့နယ်တို့တွင်ရုတ်တရက်ရေကြီးမှုကြောင့်သေဆုံးသူ၉ဦးထက်မနည်းရှိနေကြောင်း ဒေသခံလူမှုရေးအဖွဲ့များထံမှ သိရသည်။

ဇူလိုင်-၂၈၊၂၀၂၅။လူအေး/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်းပင်းတယမြို့နှင့် ထန်းတပင်၊ အုတ်တွင်းမြို့နယ်တို့တွင်ရုတ်တရက်ရေကြီးမှုကြောင့်သေဆုံးသူ၉ဦးထက်မနည်းရှိနေကြောင်း ဒေသခံလူမှုရေးအဖွဲ့များထံမှ သိရသည်။

ဇူလိုင်၂၇ရက်ညနက်ပိုင်းက ပင်းတယမြို့နယ် သိမ်ကုန်းရွာ၊ကုန်းစောင်းရွာနှင့် ရွှေပုထိုးကျေးရွာတို့တွင်တောင်ကျရေရုတ်တရက်ဆင်းလာပြီးနေအိမ်များအားတိုက်စားသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြော သည်။

စိုက်ခင်းများ၊ နေအိမ်များပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၆ဦး သေဆုံးသည်ဟု ပင်းတယမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

၎င်းက ” မိုးကကောင်းပြီး တောင်ပေါ်က ရေဆင်းလာတာလေ။ ဘာမှ ပြင်ဆင်ချိန်မရဘူး။ သတိပေးချက်လည်း မရှိဘူးလေ။ လူသေဆုံးတဲ့အပြင် တော်တော်လေးအထိအခိုက်များသွားတယ်” ဟု ပြောသည်။

လူသေဆုံးမှုများ၊ ထိခိုက်ပျက်စီးမှုမှုများနှင့်ပတ်သက်၍အသေးစိတ်မေးမြန်းနေဆဲဖြစ်သည်။

လက်ရှိရှမ်းပြည်နယ်တောင်ပိုင်းမှ ပင်းတယ၊ ရွာငံ၊ ကလော၊ ရွှေညောင်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တာချီလိတ်နှင့် ဝ‌ဒေသမိုင်းပေါက်၊ ပန်ဆိုင်းမြို့တို့တွင် ရေဘေးကြုံတွေ့နေသည်။ ဇူလိုင်၂၁ရက်ကမိုင်းပေါက်မြို့တွင်လည်း ရေဘေးကြောင့် လူသုံးဦး သေဆုံးခဲ့သည်။

ပဲခူးတိုင်းတွင်လည်းစစ်တောင်းနှင့်ရွှေကျင်မြစ်ရေသည်တောင်ငူ၊မဒေါက်၊ ရွှေကျင်မြို့တို့တွင်စိုးရိမ်ရေမှတ်အထက်၌မြင့်တက်နေပြီးတောင်ငူမြို့နယ်မှ အုတ်တွင်း၊ ထန်းတပင်၊ မုန်းမြို့နယ်တို့တွင် ရေဘေးရင်ဆိုင်နေရသည်။အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင်လည်း လူသုံးဦးရေစီးနေမျောပါ သေဆုံးကြောင်း သတင်းရရှိသည်။

” ပဲခူးတိုင်း(အရှေ့ခြမ်း) ထန်းတပင်ဒိုင်နယ် ဒိုးသောင်ကျေးရွာအုပ်စုတွေထဲက သောက်ရေခပ်ချောင်းနဲ့စစ်တောင်းမြစ်ဆုံတဲ့နားကရွာတွေ ရွှေဈေး၊သဖန်းချောင်း၊ ဥယျာဥ်စု၊ချောင်ဝ၊ပဲဲပုပ် ရွာတွေ မှာလည်း အခြေ အနေ ဆိုးပါတယ်။ ဆည်လွှတ်မယ်ဆိုတော့ အိမ်ပေါ်ထပ်တက်ပြေးနေကြရင်း အခုကြတော့ ဘယ်မှမပြေးတတ်တော့ပဲပိတ်မိနေကြတဲ့ လူတွေရှိပါတယ်။ ရေစီးလည်း ကြမ်းတယ်။တချို့တွေကတော့ ရွှေကြက်တောင် ကုန်းပေါ် ကို ပြောင်းနေကြတယ်” ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးတင်ထားသည်။

ယ‌နေ့ (ဇူလိုင် ၂၈ရက်)မှဩဂုတ်၃ရက်အတွင်းနေပြည်တော်၊စစ်ကိုင်း တိုင်း (အထက်ပိုင်း)၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုအမျိုး သားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

Facebook