ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အစိုးရ ရဲဌာနချုပ်မှ ဖွင့်လှစ်သည့် အမှတ်စဉ် (၁၅) ရဲသင်တန်းဆင်းပွဲကို ဇွန်လ ၂၈ရက်က ပြုလုပ်ခဲ့ကြောင်း KIO သတင်းနှင့် ပြန်ကြား ရေးဌာနက ဖော်ပြသည်။
ယခု အမှတ်စဉ် (၁၅) ရဲသင်တန်းတွင် သင်တန်းဆင်း ရဲသား ၁၂၄ဦး ရှိသည်ဟု ဆိုသည်။


“ရဲဘော်တို့ဟာ ကျရာနေရာမှာတာဝန်ထမ်းဆောင်ရမှာဖြစ်တယ် ပြည်သူလူထုများရဲ့ လုံခြုံရေးကို တာဝန်ယူနိုင်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်ဖို့ လိုအပ်ပါတယ် အလုပ်လုပ်ရာမှာစေတနာထားပြီးတာဝန်ထမ်းဆောင် ကြဖို့ လိုအပ်မှာဖြစ်ပါတယ်”ဟု KIO၏ အထွေထွေအုပ်ချူပ်ရေးဌာန တာဝန်ရှိသူက သင်တန်းဆင်းပွဲ၌ ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ အမှတ်စဉ် (၁၅) ရဲသင်တန်းကို မတ်လက စတင်ခဲ့ခြင်းဖြစ်ပြီး ၄လခန့်ကြာမြင့်ခဲ့သည်။

Public Service Announcement


















































