Connect with us

Hi, what are you looking for?

သတင်း

ရွာကိုမီးရှို့ပြီး ကျန်တဲ့ပစ္စည်းတွေကိုပါ စစ်ကောင်စီတပ်က ယူသွား

ထုံးဘိုလေးကျေးရွာက စစ်ကောင်စီတပ်သားတွေ ယူဆောင်သွားတဲ့ ပစ္စည်းတွေဟာ ဆိုင်ကယ် (၂၁) စီး၊ နေအိမ်ဆောက်လုပ်မယ့်သစ် (၉၃) တန်ကျော်၊ စပါးတင်းပေါင်း (၃၀၀)ကျော်၊ စားဆီ၊ အိုးခွက်ပန်းကန်အမြောက်အများနဲ့ အခြားလူသုံးကုန်ပစ္စည်းတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရွာကိုမီးရှို့ပြီး ကျန်တဲ့ပစ္စည်းတွေကိုပါ စစ်ကောင်စီတပ်က ယူသွား
ရွာကိုမီးရှို့ပြီး ကျန်တဲ့ပစ္စည်းတွေကိုပါ စစ်ကောင်စီတပ်က ယူသွား

စစ်ကောင်စီတပ်က ကေအဲန်ယူ-သထုံမြို့နယ်ထဲက ထုံးဘိုလေးကျေးရွာကို မီးရှို့ပြီး မီးမလောင်ဘဲ ကျန်နေတဲ့ ဆိုင်ကယ်၊ သစ်တွေနဲ့ အခြားပစ္စည်းတွေကို သယ်သွားကြတယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က မီးရှို့ဖျတ်ဆီးခဲ့တဲ့ သထုံမြို့နယ် ထုံးဘိုလေးကျေးရွာအတွင်း မီးမလောင်ပဲ ကျန်ရှိနေသေးတဲ့ ရွာသားပိုင်ဆိုင်ကယ်တွေ၊ ဝါး သစ်တွေ စားအုန်းဆီတွေ အိုးခွက်ပန်းကန်များနဲ့ အခြားပစ္စည်းတွေကို တပ်စခန်းတွေဆီကို ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်က သယ်ယူသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထုံးဘိုလေးကျေးရွာက စစ်ကောင်စီတပ်သားတွေ ယူဆောင်သွားတဲ့ ပစ္စည်းတွေဟာ ဆိုင်ကယ် (၂၁) စီး၊ နေအိမ်ဆောက်လုပ်မယ့်သစ် (၉၃) တန်ကျော်၊ စပါးတင်းပေါင်း (၃၀၀)ကျော်၊ စားဆီ၊ အိုးခွက်ပန်းကန်အမြောက်အများနဲ့ အခြားလူသုံးကုန်ပစ္စည်းတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement
Public Service Announcement

ဒါ့အပြင် ဇွန်လ (၂၉) ရက် နံနက်ပိုင်းကလည်း ကျန်ရှိနေသေးတဲ့ ပစ္စည်းတွေကို ကား(၄)စီးနဲ့ သယ်ယူသွားခဲ့တယ်လို့ သိရပါသေးတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ (၂၅) ရက်က ကေအဲန်ယူ-သထုံမြို့နယ်အတွင်း နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီရဲ့ ခမရ(၉) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား မိနစ် (၄၀) ခန့်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဝီယော်ကျေးနယ်အုပ်စုရှိ ထုံးဘိုလေးကျေးရွာကို မီးရှို့ဖျတ်ဆီးတာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ထုံးဘိုလေးရွာနဲ့အနီးတစ်ဝိုက်က ဒေသခံ ဦးရေ(၁၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။