Connect with us

Hi, what are you looking for?

သတင်း

မြန်မာအပါအဝင် အာဆီယံ ၅ နိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သွားရောက်မည်

အကြမ်းဖက်စစ်ကောင်စီ ဦးဆောင်ပြုလုပ်မည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး၀န်ကြီးအစည်းအဝေးသည် မြန်မာပြည်သူများ၏ဆန္ဒကို ချိုးဖောက်ကျူးလွန်ခြင်းဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။

(တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝန်ယီ ။ ဓါတ်ပုံ-ဆင်ဟွာ)
(တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝန်ယီ ။ ဓါတ်ပုံ-ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇူလိုင် ၃ မှ ၁၄ ရက်အထိ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ တရားဝင်ခရီးစဉ်သွားရောက် မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိခွင့်ရှိသူက ယနေ့ ကြေညာသည်။

ဝမ်ယိသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်မည်ဖြစ်ပြီး အင်ဒိုနီးရှား၏ ဖိတ်ကြားချက်အရG20 နိုင်ငံခြားရေးဝန်ကြီးများ ကွန်ဖရင့်ကိုတက်ရောက်မည်ဟု တရုတ်အစိုးရပိုင် CGTN သတင်းဌာနက ဖော်ပြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ယခုတကြိမ်မြန်မာနိုင်ငံခရီးစဉ်သည် စစ်တပ်၏ တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်းတရုတ်၏ထိပ်တန်းအစိုးရတာဝန်ရှိတစ်ဦးပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပုဂံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ပုဂံ-ညောင်ဦးလေဆိပ်လမ်းမပေါ်ရှိ Heritage Bagan Hotel ၌ တည်းခိုမည်ဟု စစ်​ကောင်စီတပ်တွင်းသတင်းရင်းမြစ်တ​စ်ခုကပြောသည်။

Public Service Announcement

Public Service Announcement

ဝမ်ယိသည် အဆိုပါအစည်းအဝေးတက်ရောက်ရန် ပုဂံသို့ လာရောက်မည်ဖြစ်သော်လည်းစစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်ဖြစ်၊ မဖြစ်ကိုမူ မသိရသေးပေ။

အကြမ်းဖက်စစ်ကောင်စီ ဦးဆောင်ပြုလုပ်မည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး၀န်ကြီးအစည်းအဝေးသည် မြန်မာပြည်သူများ၏ဆန္ဒကို ချိုးဖောက်ကျူးလွန်ခြင်းဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”