Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်ရှိ စာသင်ကျောင်းနှင့် ဘုရားကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၍ ပြည်သူ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းက လက်နက် ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့၍ အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

(ချင်းပြည်နယ် မင်းတပ်မြို့ကို ​တွေ့ရစဥ်)
(ချင်းပြည်နယ် မင်းတပ်မြို့ကို ​တွေ့ရစဥ်)

စစ်ကောင်စီတပ်က ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ နှစ်ရွာကို ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ​ဒေသခံပြည်သူ နှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၂ရက်) နံနက် ၁၁နာရီ ဝန်းကျင်၌ စစ်ကောင်စီတပ်က ဗုံးကြဲ လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

“စာသင်ကျောင်း၊ ဘုရားကျောင်းတို့ကို အပြာရောင်ဂျက်လေယာဉ် ၂စီးဖြင့် လာရောက်ဗုံးကြဲသွားခြင်းဖြစ်သည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ယနေ့တွင် တိုက်ပွဲဖြစ်ပွားမှုရှိမရှိကို စုံစမ်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းက လက်နက် ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့၍ အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ထို့အပြင် ကရင်ပြည်နယ် မြ၀တီမြို့နယ် သေ့ဘော့ဘိုးကျေးရွာကိုလည်း စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။စစ်ကောင်စီတပ်သည် ယခင်ကလည်း စစ်ရှောင်စခန်းများ၊ လူနေထိုင်ရာ ကျေးရွာများ ၊ ဘုရားကျောင်းများစသည့် စစ်ရေးပစ်မှတ်မဟုတ်သည့် လူထုနေထိုင်ရာနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေ ကြောင်းမှ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့၍ ပြည်သူလူထုများသေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook