Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၅)နယ်မြေရှိ AAတပ်စခန်းကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်

စစ်ကောင်စီအနေဖြင့်လည်း KNU တပ်မဟာ(၅) နယ်မြေ၌ AA တပ်စခန်းတည်ရှိမှုကို အသေးစိတ် မဟုတ်သည့်တိုင် သတင်းအချက်အလက်များ သိရှိထားနိုင်ကြောင်း ၎င်းက ပြောသည်။

KNUတပ်မဟာ(၅)နယ်မြေရှိ AAတပ်စခန်းကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်
KNUတပ်မဟာ(၅)နယ်မြေရှိ AAတပ်စခန်းကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်

▪️တပ်ဖွဲ့ဝင်အချို့ကျဆုံးဒဏ်ရာရပြီး ဆေးဘက်ဆိုင်ရာအဆောက်အဦးနှင့် စက်ချုပ်စက်ရုံ ပျက်စီးဟု AA ထုတ်ပြန်

▪️ဗုံးကြဲပြီးနောက် လေယာဉ်သည်ထိုင်းလေပိုင်နက်သို့ ဝင်ရောက် ပျံသန်းသွားဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေရှိ ရက္ခိုင့်တပ်တော်(AA) တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးခဲ့ကြောင်း AAက ထုတ်ပြန် သည်။

ယနေ့ (ဇူလိုင် ၄ရက်) နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်က မြန်မာ – ထိုင်းနယ်စပ် ရှိ AA တပ်စခန်းကို ဗုံးကြဲပြီးနောက် ထိုင်းနိုင်ငံ လေပိုင်နက်အတွင်း ဝင်ရောက်ပျံသန်းသွားသည်ဟု ဖော်ပြသည်။ စစ်ကောင်စီတပ်သည် မြ၀တီ ဥကရစ်ထ တပ်စခန်းတိုက်ပွဲ၌လည်းလေကြောင်းတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံလေပိုင်နက်ကို အသုံးပြု တိုက်ခိုက်ခဲ့သေးသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စခန်းအနီးဝန်းကျင်ရှိ AA တပ်ဖွဲ့ဝင်အချို့ ကျဆုံးထိခိုက်ခဲ့ပြီး ဆေးရုံ၊ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အဦးအချို့ ပျက်စီးခဲ့သည်ဟု AAက အသိပေးသည်။

KNUတပ်မဟာ(၅)နယ်မြေရှိ AAတပ်စခန်းကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်
KNUတပ်မဟာ(၅)နယ်မြေရှိ AAတပ်စခန်းကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်

“ အဲဒီဘက်မှာက ကြာပြီ။ AA ကတိယအကြီးဆုံးလောက်ဖြစ်တဲ့ ဗိုလ်မှူးကြီးကျော်ဟန် တောင် ကရင်တော်လှန်ရေးနေ့လုပ်ရင်သွားတာ အဲဒီမှာပဲလေ။ AAက မြောက်ပိုင်း မဟာမိတ်ထဲမှာပါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခြားနေရာတွေမှာလည်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိတယ်လို့ သိရတယ်။ ဥပမာ ကချင်၊ ကရင်တင်မဟုတ်ဘူး ကယားမှာလည်းရှိတယ်။ ကယားမှာရှိတဲ့ တချို့တိုက်ပွဲတွေမှာ AAက ပူးပေါင်းပြီး တိုက်တာရှိတယ်”ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီအနေဖြင့်လည်း KNU တပ်မဟာ(၅) နယ်မြေ၌ AA တပ်စခန်းတည်ရှိမှုကို အသေးစိတ် မဟုတ်သည့်တိုင် သတင်းအချက်အလက်များ သိရှိထားနိုင်ကြောင်း ၎င်းက ပြောသည်။

“တပ်ဖက်ကလည်း သိမယ်ထင်တယ်။ ၂၀၂၁ တုန်းက ဆိုရင် ကရင်အမျိုးသားတော်လှန်ရေးနေ့ လုပ်တဲ့အချိန်မှာ AAက တတိယအဆင့်ရှိတဲ့ ဗိုလ်မှူးကြီးကျော်ဟန် ကိုယ်တိုင်တက်တယ်။ တက်တဲ့ ဓာတ်ပုံတွေလည်း သတင်းမီဒီယာတွေမှာ တက်တာပဲ။ စစ်တပ်ကလည်း AAရဲ့ လှုပ်ရှားမှုနဲ့ မဟာမိတ်ဆက်ဆံရေး ခြေလှမ်းတွေကို သူတို့က သတင်းအတိအကျ မဟုတ်တောင် တချို့ဟာတွေ သိမှာပဲ”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်၏ ယခုတိုက်ခိုက်မှုကြောင့် ရခိုင် ပြည်နယ်အတွင်း စစ်ရေးအပေါ် သက်ရောက်မှု ရှိလာနိုင်သည်ဟုလည်း ရခိုင်ဒေသခံက သုံးသပ်သည်။

“ သက်ရောက်မှုက အနည်းနဲ့အများရှိမှာပဲ။ AAက ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိုင်းလာမှာတုန်းက ပြောထားတာ ရှိတယ်။ မြန်မာနိုင်ငံမှာ အခြားမဟာမိတ်နယ်မြေမှာ သူ့တပ်ဖွဲ့ဝင်က ၈ထောင်နီးပါးလောက်ရှိတယ်လို့ တရားဝင်ပြောထားတယ်။ ရခိုင်ပြည်ထဲမှာလည်း သူက သုံးသောင်းလောက်ရှိတယ်ဆိုတော့ သူတို့ ထိခိုက်မှုရှိမယ်ဆိုရင် ရခိုင်ပြည်ထဲက တချို့နေရာတွေကို သူက စစ်ရေးအရ အကောင်အထည်ဖော်မှာပဲ။ ဥပမာ သူတို့ ထိန်းချုပ်ထားတဲ့ အင်အားများတဲ့ တချို့တပ်စခန်းတွေတောင် ဝင်သိမ်းရင် သိမ်းနိုင်တာပေါ့။ ဒီရက်ပိုင်းလည်း စစ်တပ်က ရခိုင်မှာ စစ်ရေးလှုပ်ရှားမှု တွေလုပ်နေတာ” ဟု ၎င်းက ပြောသည်။

AAနှင့် စစ်ကောင်စီတပ်သည် ၂၀၂၀ ရွေးကောက်ပွဲ ကာလကတည်းက နားလည်မှုဖြင့် အပစ်အခတ်ရပ်ထားခဲ့သည်။ လက်ရှိတွင်မူ ရခိုင်ဒေသ၌ နှစ်ဖက်အကြား တင်းမာနေကြောင်း နှင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ကြောင်း AAပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။