Connect with us

Hi, what are you looking for?

သတင်း

NLD ဌာနချုပ်ရုံး ပြန်ဖွင့်ရန် ကြံစည်ကြိုးပမ်းနေသူများ၏ လုပ်ရပ်ကိုလုံးဝမခွင့်မပြုကြောင်းပါတီဗဟိုအလုပ်ကော်မတီထုတ်ပြန်

နိုင်ငံတဝန်းရှိ ပါတီရုံးများ ဖျက်ဆီးခံရမှုမှာNLD လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူရေးအဖွဲ့၏ ၂၀၂၂ ၊ ဇူလိုင် ၁ ရက်အထိ ကောက်ယူထားသော စာရင်းများအရ ဗဟို ရုံးချုပ်အပါအဝင် စုစုပေါင်း ၁၀၆ ကြိမ်ရှိပြီဟု ဆိုသည်။

(စစ်​ကောင်စီတပ်က ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁၅ ရက်တွင် ​ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်ကိုစီးနင်းစဥ် ပြည်သူများကလာ​ရောက်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။)
(စစ်​ကောင်စီတပ်က ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁၅ ရက်တွင် ​ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်ကိုစီးနင်းစဥ် ပြည်သူများကလာ​ရောက်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။)

●ရုံးချုပ်အပါအဝင်နိုင်ငံတစ်ဝန်းပါတီရုံးဖျက်ဆီးခံရမှု ၁၀၆ကြိမ်ရှိ၊ ဒီချုပ်အမတ်နှင့်ပါတီဝင်စုစု​ပေါင်း ၂၂၄ဦး၏​နေအိမ်ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခံထားရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဌာနချုပ်ရုံးကို နည်းလမ်းမျိုးစုံသုံးကာ ဖွင့်လှစ်ရန် ကြံစည်ကြိုးပမ်းနေသူများ၏ လုပ်ရပ်ကို လုံး၀ခွင့်မပြုကြောင်း ယင်းပါတီဗဟိုအလုပ်ကော်မတီက ယနေ့ထုတ်ပြန်သည်။

NLD က တရားဝင်တာဝန်ပေးခန့်အပ်ထားခြင်းမရှိသူများက အဖွဲ့ချုပ်ရုံးအတွင်းသို့ အကြောင်း အမျိုးမျိုးပြကာ ဝင်ရောက်ရန်ကြံစည်ကြိုးပမ်းမှုများရှိနေ၍ ထိုသို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

“ဟိုအကြောင်းပြ၊ ဒီအကြောင်းပြပြီးရုံးချုပ်ထဲဝင်ဖို့ ကြိုးစားနေတာပေါ့။ ကြိုးစားတဲ့နေရာမှာ စကစက လက်သပ်မွေးလိုက်တဲ့သူ နှစ်ယောက်၊ သုံးယောက်လောက်ကနေ ကြိုးစားတယ်လို့ သိထားရတယ်” ဟု အမည်မဖော်လိုသူ အထက်ပါဗဟိုကော်မတီဝင်က ဆိုသည်။

(စစ်​ကောင်စီတပ်က ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁၅ ရက်တွင် ​ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်ကိုစီးနင်းစဥ် ပြည်သူများကလာ​ရောက်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။)

အဖွဲ့ချုပ်ရုံးခန်းအဆောက်အဦများအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်လာပါကတရားဥပဒေကြောင်းအရ လည်းကောင်း၊ပါတီစည်းကမ်းထိန်းသိမ်းရေးအရလည်းကောင်းထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းNLDဗဟိုအလုပ်ကော်မတီကသတိပေးကြေညာသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ NLD ဌာနချုပ်ရုံးကို ၂၀၂၁ ဖေဖော်ဝါရီ ၉ ရက် ည ၉ နာရီတွင် တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့များက သော့ဖျက်ဝင်ရောက် စီးနင်းရှာဖွေကာ ပါတီ၏ စာရွက်စာတမ်းများကို ယူဆောင်သွားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(စစ်​ကောင်စီတပ်က ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁၅ ရက်တွင် ​ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်ကိုစီးနင်းစဥ် ပြည်သူများကလာ​ရောက်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။)
(စစ်​ကောင်စီတပ်က ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁၅ ရက်တွင် ​ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်ကိုစီးနင်းစဥ် ပြည်သူများကလာ​ရောက်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။)

ထို့အပြင် ဌာနချုပ်ရုံးကို ၂၀၂၁ မတ်လ ၂၆ နံနက် ၄ နာရီတွင် မီးကွင်းပစ်ခြင်း၊ ၂၀၂၁ ဇွန် ၁၇ ည ၉ ခွဲတွင် ဗုံးဖြင့်လာရောက်ပစ်ခတ်ခြင်း စသည့် ဥပဒေမဲ့လုပ်ရပ်များ ဖျက်ဆီးဖောက်ခွဲမှုလုပ်ရပ် များကို ကျူးလွန်ဖောက်ဖျက်ခြင်းခံရကြောင်း NLD က ထုတ်ပြန်သည်။

နိုင်ငံတဝန်းရှိ ပါတီရုံးများ ဖျက်ဆီးခံရမှုမှာNLD လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူရေးအဖွဲ့၏ ၂၀၂၂ ၊ ဇူလိုင် ၁ ရက်အထိ ကောက်ယူထားသော စာရင်းများအရ ဗဟို ရုံးချုပ်အပါအဝင် စုစုပေါင်း ၁၀၆ ကြိမ်ရှိပြီဟု ဆိုသည်။

(စစ်​ကောင်စီတပ်က ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁၅ ရက်တွင် ​ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်ကိုစီးနင်းစဥ် ပြည်သူများကလာ​ရောက်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။)
(စစ်​ကောင်စီတပ်က ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁၅ ရက်တွင် ​ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်ကိုစီးနင်းစဥ် ပြည်သူများကလာ​ရောက်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။)

ကျူးကျော်ဖျက်ဆီးခံရသော အချိန်အများစုမှာ စစ်ကောင်စီက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များသာသွားလာခွင့်ရှိသော အချိန်များတွင်ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ဦးအပါအဝင် ပါတီဝင် ၂၂၄ ဦးတို့၏ နေအိမ် ပိုင်ဆိုင်မှုများကိုလည်း ၀ရမ်းကပ်၊ ချိတ်ပိတ်သိမ်းဆည်းခံနေရကြောင်း ထုတ်ပြန်သည်။

“အဲဒီလိုအခြေအနေမျိုးမှာ ရုံးကို ဖွင့်မယ်လုပ်တာ စဉ်းစားကြည့်ဗျာ။ ဘယ်လိုမျိုးလဲ။ ဒီလောက် ရက်ရက်စက်စက် (ပါတီဝင်တွေကို) မိတာနဲ့ ညှင်းပန်းသတ်ဖြတ်နေတာ။ အဲဒီလိုအခြေအနေမျိုး မှာရုံးဖွင့်မယ်ဆိုတော့။ ရှိသမျှ တပြည်လုံးရုံးတွေ ပိတ်ပြေးနေရတဲ့အချိန်မှာ အဲဒီသူတွေကဘယ်
လိုပုံစံနဲ့ရုံးထဲဝင်ဖို့ ကြိုးစားနေရတာလဲ” ဟု ဗဟိုကော်မတီဝင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဒီနေ့မှာလည်း ဘာသတင်းအချက်အလက်မှ မရရှိသေးဘူးလို့ NLD ပါတီဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်တဦးကပြောပါတယ်။

သတင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာဘေးကင်းစေဖို့ ရည်ရွယ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ မေတ္တာပို့ဆုတောင်းတာတွေ ပြုလုပ်ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။