Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုဝါဒဖြန့် MRTV တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ် ပိတ်ပင်ခံရ

နာရီပိုင်းအကြာတွင် MRTV ဝဘ်ဆိုက်နှင့် အက်ပလီကေးရှင်းများတွင် ပိတ်ပင်ခံရကြောင်းစာသားကို တွေ့ရှိရကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

MRTV
MRTV

အမေရိကန်ကုမ္ပဏီ Dacast သည် မြန်မာစစ်တပ်ဝါဒဖြန့်ရုပ်သံ MRTV ၏ တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ်ကိုပိတ်ပင်လိုက်ကြောင်း Justice For Myanmar က ယနေ့ထုတ်ပြန်သည်။

တရားမဝင်မြန်မာစစ်တပ်က ထိန်းချုပ်ထားသော MRTV သည် ဝဘ်ဆိုက်နှင့် မိုဘိုင်းအက်ပလီကေးရှင်းများပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းကို အမေရိကန်၊ ကယ်လီဖိုနီးယားအခြေစိုက် Dacast ၏ နည်းပညာကို အသုံးပြုခြင်းဖြစ်ပြီး Dacast က ၎င်းတို့၏ ဝန်ဆောင်မှုကို MRTV အား အသုံးပြုခွင့်မပေးတော့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်သည် အမုန်းစကားနှင့် သတင်းမှားများကို ဖြန့်ချိထုတ်လွှင့်ရန် MRTV ကို အသုံးချနေခြင်းလည်းဖြစ်သည်။

ထို့အတွက် မြန်မာစစ်တပ်သည် Ducats ၏နည်းပညာကို အသုံးချနေသည့်အကြောင်း Justice For Myanmar က ဆက်သွယ်သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

နာရီပိုင်းအကြာတွင် MRTV ဝဘ်ဆိုက်နှင့် အက်ပလီကေးရှင်းများတွင် ပိတ်ပင်ခံရကြောင်းစာသားကို တွေ့ရှိရကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သော MRTV အက်ပလီကေးရှင်းများကို App Store နှင့် Google Play တို့က ၎င်းတို့၏ ပလက်ဖောင်းမှ ဖယ်ရှားခဲ့သည်။

သို့သော် ဝဘ်ဆိုက်ကို ဒိုမိန်းအသစ်ဖြင့် ပြန်လည်လွှင့်တင်ခဲ့ပြီးနောက် အဆိုပါ အက်ပလီကေးရှင်းများကို App Store နှင့် Google Play တို့၌ ပြန်လည်မြင်တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက လူထုအချို့ကို လူသားဒိုင်းအဖြစ်လုပ်ကာ ဝါဒဖြန့်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း၊ ပြည်သူများ ထိခိုက်မည်စိုး၍ ယမန်နေ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းမပြုခဲ့ကြောင်း PNLAက အသိပေးသည်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

နိုဝင်ဘာ ၁၁ရက် ယမန်နေ့က ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်း၌ ယာယီသမ္မတက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။