Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုဝါဒဖြန့် MRTV တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ် ပိတ်ပင်ခံရ

နာရီပိုင်းအကြာတွင် MRTV ဝဘ်ဆိုက်နှင့် အက်ပလီကေးရှင်းများတွင် ပိတ်ပင်ခံရကြောင်းစာသားကို တွေ့ရှိရကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

MRTV
MRTV

အမေရိကန်ကုမ္ပဏီ Dacast သည် မြန်မာစစ်တပ်ဝါဒဖြန့်ရုပ်သံ MRTV ၏ တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ်ကိုပိတ်ပင်လိုက်ကြောင်း Justice For Myanmar က ယနေ့ထုတ်ပြန်သည်။

တရားမဝင်မြန်မာစစ်တပ်က ထိန်းချုပ်ထားသော MRTV သည် ဝဘ်ဆိုက်နှင့် မိုဘိုင်းအက်ပလီကေးရှင်းများပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းကို အမေရိကန်၊ ကယ်လီဖိုနီးယားအခြေစိုက် Dacast ၏ နည်းပညာကို အသုံးပြုခြင်းဖြစ်ပြီး Dacast က ၎င်းတို့၏ ဝန်ဆောင်မှုကို MRTV အား အသုံးပြုခွင့်မပေးတော့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်သည် အမုန်းစကားနှင့် သတင်းမှားများကို ဖြန့်ချိထုတ်လွှင့်ရန် MRTV ကို အသုံးချနေခြင်းလည်းဖြစ်သည်။

ထို့အတွက် မြန်မာစစ်တပ်သည် Ducats ၏နည်းပညာကို အသုံးချနေသည့်အကြောင်း Justice For Myanmar က ဆက်သွယ်သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

နာရီပိုင်းအကြာတွင် MRTV ဝဘ်ဆိုက်နှင့် အက်ပလီကေးရှင်းများတွင် ပိတ်ပင်ခံရကြောင်းစာသားကို တွေ့ရှိရကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သော MRTV အက်ပလီကေးရှင်းများကို App Store နှင့် Google Play တို့က ၎င်းတို့၏ ပလက်ဖောင်းမှ ဖယ်ရှားခဲ့သည်။

သို့သော် ဝဘ်ဆိုက်ကို ဒိုမိန်းအသစ်ဖြင့် ပြန်လည်လွှင့်တင်ခဲ့ပြီးနောက် အဆိုပါ အက်ပလီကေးရှင်းများကို App Store နှင့် Google Play တို့၌ ပြန်လည်မြင်တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။