Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို-မန္တ​လေးလမ်းတွင်စစ်​ကားများကိုတစ်​ရက်တည်းငါးကြိမ်တိုင်ဗုံးခွဲတိုက်ခိုက်ရာ ၂၀ထက်မနည်း​သေနိုင်ဟုနတ်​တောင်နဂါးပကဖ​ပြော

အကြမ်းဖက်စစ်ကားတစ်စီးထိမှန်သွားပြီးကားပေါ်ရှိအကြမ်းဖက်စစ်သား၅ဦး မိုင်းထိခဲ့ကာ အခြားစစ်သားများလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း၊ ဝက်လက်ဆေးရုံထဲသို့ သယ်ဆောင်သွားကြာင်း နီးစပ်သူများ၏ပြောကြားသည်ဟု နတ်တောင်နဂါးအဖွဲ့က​ပြောသည်။

(ရွှေဘို-မန္တလေးလမ်းပိုင်းတစ်​နေရာ ။ ။ဓါတ်ပုံ-CJ)
(ရွှေဘို-မန္တလေးလမ်းပိုင်းတစ်​နေရာ ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင်စစ်ကောင်စီယာဥ်များအား ယမန်နေ့တစ်ရက်တည်းငါးကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား ၂၀ထက်မနည်းသေဆုံးနိုင်ကြောင်းနတ်တောင်နဂါး (ပ က ဖ)ပြောက်ကျားတပ်ဖွဲ့ ကသတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင်လ၆ရက်) နံနက် ၅နာရီ ၄၀ခန့်က ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာပြီး ရွှေဘိုဘက်သို့မောင်းနှင်လာသော High Class Express အပြာရောင်ကားတစ်စီးအား လှတောရွာနှင့်ဘုန်းဘွဲ့ရွာအကြားတစ်နေရာတွင်ပဒေသာမိုင်း (၆)လုံးဖြင့် ဖေါက်ခွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်သား (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်း နတ်တောင်နဂါးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ရွှေဘို-မန္တလေးလမ်းပိုင်းတစ်​နေရာ ။ ။ဓါတ်ပုံ-CJ)
(ရွှေဘို-မန္တလေးလမ်းပိုင်းတစ်​နေရာ ။ ။ဓါတ်ပုံ-CJ)

ထိုအပြင်ယမန်နေ့ မွန်းလွဲ ၁၂နာရီခွဲခန့်ကလည်း ထိုလမ်းမကြီးပေါ်၌ပင် အကြမ်းဖက်စစ်ကောင်စီတပ်သည် Fawကားတစ်စီးနှင့် အိမ်စီးကားများအသုံးပြုပြီး ဝက်လက်မှ ထွက်ခွာလာခဲ့သည်။ ထိုကားများကို လှတောရွာနှင့် စိုင်နိုင်ကွေ့ အကြား၌ မိုင်း၆လုံးဖြင့်ဖေါက်ခွဲတိုက်ခိုက်ရာ (အရာရှိ)ကားဟုယူဆရသော အိမ်စီးကားအား မိုင်းထိမှန်ပြီး ကားဦးခေါင်းပိုင်းထိသွားသည်။သို့သော် ရွှေဘိုဘက်သို့ ဖြစ်သလိုဆက်လက်မောင်းနှင်သွားသောကြောင့် ထိုကားကိုပင် စိုင်နိုင်ကွေ့နှင့် ဘုန်းဘွဲ့ရွာအကြားတွင် အကြို ပွိုင့်ဖြင့်မိုင်း(၆)လုံးဆွဲကာ ထပ်မံတိုက်ခိုက်ခဲ့ကြောင်းအသိ​ပေးသည်။

Public Service Announcement
Public Service Announcement

အလားတူညနေ ၄နာရီ ၄၅ မိနစ်တွင်လည်း ရွှေဘိုမှစစ်ကိုင်းဘက်သို့ ပြန်လည်ထွက်ခွာလာသည့်High Class Expressအပြာရောင်ကားကို မိုင်း(၆)လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုအပြင်​ညနေ ၅ နာရီခန့်ကလည်း အကြမ်းဖက်စစ်တပ်သည် ဝက်လက်မြို့နယ်၊ကျွဲဇင်းရွာအားလုယက်မွှေနှောက်ပြီး ပြည်သူပိုင်ပစ္စည်းများအား သယ်ယူကာ ထိုရွာမှ ထွက်လာစဉ် ကျွဲဇင်းရွာနှင့် စိုင်နိုင်ကြီးရွာအကြား၌ မိုင်း(၆)လုံးဖြင့် ဖေါက်ခွဲတိုက်ခိုက်ရာ ကားများစုတ်ပြတ်သတ်သွားခဲ့ကြောင်းနတ်တောင်နဂါးတပ်ဖွဲ့က​ပြောသည်။

အဝေးကမိုင်းဆွဲတိုက်ခိုက်ရခြင်းဖြစ်၍ အကြမ်းဖက်စစ်သားထိခိုက်မှု အတိအကျမသိရဘဲ ဇူလိုင် ၆ ရက်တိုက်ခိုက်မှုအားလုံးတွင်အကြမ်းဖက်စစ်သား (၂၀)ဦးထက်မနည်းသေဆုံးနိုင်ကြောင်း နတ်တောင်နဂါးတပ်ဖွဲ့က ခန့်မှန်းသည်။

“ဖြစ်စဥ်တွေဖြစ်ပွားအပြီး ရွှေဘို-မန္တလေးလမ်းပေါ်မှာ အစစ်ဆေးတွေ ပိုလုပ်ပါတယ်။ အနီးနားတွေကိုလည်း ရမ်းသမ်းပြီး ပစ်ခတ်တာတွေလဲရှိပါတယ်။ နောက်ဆုံး လုယက်ပြန်လာတာအဖွဲ့ကအထိနာဆုံးပဲ။ ပျက်စီးသွားတဲ့ကားတွေကို အဲဒီနေ့ကပဲ အကူတွေခေါ်ပြီး ရမ်းသမ်းပစ်ပြီး လာဆွဲသွားကြတယ်။”ဟု နတ်တောင်နဂါး ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက People’s spring သို့ပြောသည်။

အကြမ်းဖက်စစ်တပ်၏ သေဆုံးထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဇွန်လ ၂၉ ရက်ည၈ နာရီခွဲကျော်ကလည်ရွှေဘို-မန္တလေးလမ်းပေါ်တွင် ရွှေဘိုမှ စစ်ကိုင်းဘက်သို့မောင်းနှင်လာပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ လိုက်ပါလာသော ကား၇စီးအားကြိုတင်သတင်းရရှိ၍မိုင်းဆွဲတိုက်ခိုက်ခဲသည်။

အကြမ်းဖက်စစ်ကားတစ်စီးထိမှန်သွားပြီးကားပေါ်ရှိအကြမ်းဖက်စစ်သား၅ဦး မိုင်းထိခဲ့ကာ အခြားစစ်သားများလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း၊ ဝက်လက်ဆေးရုံထဲသို့ သယ်ဆောင်သွားကြာင်း နီးစပ်သူများ၏ပြောကြားသည်ဟု နတ်တောင်နဂါးအဖွဲ့က​ပြောသည်။

အထက်ပါတိုက်ခိုက်မှုများအား ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ GHOST RIDER Special Task Force BURMA နှင့် နတ်တောင်နဂါးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု၎င်းတို့ကအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါတိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျန်ထိခိုက်မှုအ​သေးစိပ်ကို မသိရ​သေး​ကြောင်း အ​နောက်ပိုင်းခရိုင်ပကဖ စစ်ဆင်​ရေးတာဝန်ခံက ဆိုသည်။

သတင်း

ယနေ့ (နိုဝင်ဘာ ၂၀ ရက်) နံနက် ၇နာရီ ၁၅ မိနစ်ခန့်မှစတင်ကာ ရွှေဘို-ကျောက်မြောင်း လမ်းပေါ်၌ ရွှေဘိုမြို့နှင့် ကျောက်မြောင်းမြို့နယ်မှ ထွက်လာသော စစ်ကောင်စီတပ်သားများသည်။

သတင်း

အဆိုပါ ပျူစောထီးရွာနှစ်ရွာ၌ မင်္ဂလာဆောင်ပွဲများပြုလုပ်နေစဥ် ဒရုန်းဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးကာ ၂ဝ ကျော် ဒဏ်ရာရရှိထားကြောင်း စစ်ကောင်စီ၏ တယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်နေသည်။

သတင်း

ယမန်နေ့(အောက်တိုဘာ ၂၂ ရက်) ညနေ ၅နာရီခန့်က ရွှေဘိုမြို့နယ်၊ ဂျိုးမြေဇင်းကျေးရွာရှိ ပျူစောထီး အထိုင်ချရာနေရာအား အဝေးထိန်းစနစ်ဖြင့် မိုင်းငါးလုံးခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ရှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ၎င်းက ပြောသည်။