Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို-မန္တ​လေးလမ်းတွင်စစ်​ကားများကိုတစ်​ရက်တည်းငါးကြိမ်တိုင်ဗုံးခွဲတိုက်ခိုက်ရာ ၂၀ထက်မနည်း​သေနိုင်ဟုနတ်​တောင်နဂါးပကဖ​ပြော

အကြမ်းဖက်စစ်ကားတစ်စီးထိမှန်သွားပြီးကားပေါ်ရှိအကြမ်းဖက်စစ်သား၅ဦး မိုင်းထိခဲ့ကာ အခြားစစ်သားများလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း၊ ဝက်လက်ဆေးရုံထဲသို့ သယ်ဆောင်သွားကြာင်း နီးစပ်သူများ၏ပြောကြားသည်ဟု နတ်တောင်နဂါးအဖွဲ့က​ပြောသည်။

(ရွှေဘို-မန္တလေးလမ်းပိုင်းတစ်​နေရာ ။ ။ဓါတ်ပုံ-CJ)
(ရွှေဘို-မန္တလေးလမ်းပိုင်းတစ်​နေရာ ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင်စစ်ကောင်စီယာဥ်များအား ယမန်နေ့တစ်ရက်တည်းငါးကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား ၂၀ထက်မနည်းသေဆုံးနိုင်ကြောင်းနတ်တောင်နဂါး (ပ က ဖ)ပြောက်ကျားတပ်ဖွဲ့ ကသတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင်လ၆ရက်) နံနက် ၅နာရီ ၄၀ခန့်က ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာပြီး ရွှေဘိုဘက်သို့မောင်းနှင်လာသော High Class Express အပြာရောင်ကားတစ်စီးအား လှတောရွာနှင့်ဘုန်းဘွဲ့ရွာအကြားတစ်နေရာတွင်ပဒေသာမိုင်း (၆)လုံးဖြင့် ဖေါက်ခွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်သား (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်း နတ်တောင်နဂါးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ရွှေဘို-မန္တလေးလမ်းပိုင်းတစ်​နေရာ ။ ။ဓါတ်ပုံ-CJ)
(ရွှေဘို-မန္တလေးလမ်းပိုင်းတစ်​နေရာ ။ ။ဓါတ်ပုံ-CJ)

ထိုအပြင်ယမန်နေ့ မွန်းလွဲ ၁၂နာရီခွဲခန့်ကလည်း ထိုလမ်းမကြီးပေါ်၌ပင် အကြမ်းဖက်စစ်ကောင်စီတပ်သည် Fawကားတစ်စီးနှင့် အိမ်စီးကားများအသုံးပြုပြီး ဝက်လက်မှ ထွက်ခွာလာခဲ့သည်။ ထိုကားများကို လှတောရွာနှင့် စိုင်နိုင်ကွေ့ အကြား၌ မိုင်း၆လုံးဖြင့်ဖေါက်ခွဲတိုက်ခိုက်ရာ (အရာရှိ)ကားဟုယူဆရသော အိမ်စီးကားအား မိုင်းထိမှန်ပြီး ကားဦးခေါင်းပိုင်းထိသွားသည်။သို့သော် ရွှေဘိုဘက်သို့ ဖြစ်သလိုဆက်လက်မောင်းနှင်သွားသောကြောင့် ထိုကားကိုပင် စိုင်နိုင်ကွေ့နှင့် ဘုန်းဘွဲ့ရွာအကြားတွင် အကြို ပွိုင့်ဖြင့်မိုင်း(၆)လုံးဆွဲကာ ထပ်မံတိုက်ခိုက်ခဲ့ကြောင်းအသိ​ပေးသည်။

Public Service Announcement
Public Service Announcement

အလားတူညနေ ၄နာရီ ၄၅ မိနစ်တွင်လည်း ရွှေဘိုမှစစ်ကိုင်းဘက်သို့ ပြန်လည်ထွက်ခွာလာသည့်High Class Expressအပြာရောင်ကားကို မိုင်း(၆)လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုအပြင်​ညနေ ၅ နာရီခန့်ကလည်း အကြမ်းဖက်စစ်တပ်သည် ဝက်လက်မြို့နယ်၊ကျွဲဇင်းရွာအားလုယက်မွှေနှောက်ပြီး ပြည်သူပိုင်ပစ္စည်းများအား သယ်ယူကာ ထိုရွာမှ ထွက်လာစဉ် ကျွဲဇင်းရွာနှင့် စိုင်နိုင်ကြီးရွာအကြား၌ မိုင်း(၆)လုံးဖြင့် ဖေါက်ခွဲတိုက်ခိုက်ရာ ကားများစုတ်ပြတ်သတ်သွားခဲ့ကြောင်းနတ်တောင်နဂါးတပ်ဖွဲ့က​ပြောသည်။

အဝေးကမိုင်းဆွဲတိုက်ခိုက်ရခြင်းဖြစ်၍ အကြမ်းဖက်စစ်သားထိခိုက်မှု အတိအကျမသိရဘဲ ဇူလိုင် ၆ ရက်တိုက်ခိုက်မှုအားလုံးတွင်အကြမ်းဖက်စစ်သား (၂၀)ဦးထက်မနည်းသေဆုံးနိုင်ကြောင်း နတ်တောင်နဂါးတပ်ဖွဲ့က ခန့်မှန်းသည်။

“ဖြစ်စဥ်တွေဖြစ်ပွားအပြီး ရွှေဘို-မန္တလေးလမ်းပေါ်မှာ အစစ်ဆေးတွေ ပိုလုပ်ပါတယ်။ အနီးနားတွေကိုလည်း ရမ်းသမ်းပြီး ပစ်ခတ်တာတွေလဲရှိပါတယ်။ နောက်ဆုံး လုယက်ပြန်လာတာအဖွဲ့ကအထိနာဆုံးပဲ။ ပျက်စီးသွားတဲ့ကားတွေကို အဲဒီနေ့ကပဲ အကူတွေခေါ်ပြီး ရမ်းသမ်းပစ်ပြီး လာဆွဲသွားကြတယ်။”ဟု နတ်တောင်နဂါး ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက People’s spring သို့ပြောသည်။

အကြမ်းဖက်စစ်တပ်၏ သေဆုံးထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဇွန်လ ၂၉ ရက်ည၈ နာရီခွဲကျော်ကလည်ရွှေဘို-မန္တလေးလမ်းပေါ်တွင် ရွှေဘိုမှ စစ်ကိုင်းဘက်သို့မောင်းနှင်လာပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ လိုက်ပါလာသော ကား၇စီးအားကြိုတင်သတင်းရရှိ၍မိုင်းဆွဲတိုက်ခိုက်ခဲသည်။

အကြမ်းဖက်စစ်ကားတစ်စီးထိမှန်သွားပြီးကားပေါ်ရှိအကြမ်းဖက်စစ်သား၅ဦး မိုင်းထိခဲ့ကာ အခြားစစ်သားများလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း၊ ဝက်လက်ဆေးရုံထဲသို့ သယ်ဆောင်သွားကြာင်း နီးစပ်သူများ၏ပြောကြားသည်ဟု နတ်တောင်နဂါးအဖွဲ့က​ပြောသည်။

အထက်ပါတိုက်ခိုက်မှုများအား ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ GHOST RIDER Special Task Force BURMA နှင့် နတ်တောင်နဂါးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု၎င်းတို့ကအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်အတွင်းဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ကနေဆောက်လုပ်ပေးဖို့စီစဥ်ခဲ့ပေမယ့် အစီအစဥ်ပျက်သွားတဲ့တံတားကိုဒေသခံပြည်သူတွေကိုယ်ထူကိုယ်ထစနစ်နဲ့ အကောင်အထည်ဖော်တည်ဆောက်နေ​ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း မဲတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

သင်္ကြန်အကြိုနေ့မှာစစ်တပ်ကရွှေဘိုမြို့နယ်အနောက်ခြမ်း၊ဆိပ်ခွန်ရွာဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့တာ​ကြောင့် သင်္ကြန်တွင်း ရဟန်းခံထားတဲ့ သံဃာတပါး ပျံလွန်ခဲ့ပြီး ၃ပါးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ ​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဆည်အင်းကျေးရွာက ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားလို့ သံဃာတော်ချို့အပါအဝင်စစ်ဘေးရှောင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သတင်းရရှိပါတယ်။