Connect with us

Hi, what are you looking for?

သတင်း

အမြှောက်တပ်ရင်းမှ စစ်သားတစ်ဦး တကောင်း PDF ထံအလင်းဝင်

အထက်ပါ CDM တပ်သား မောင်ကောင်းညိမ်းသည် စစ်ကောင်စီတပ်တွင် ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းနောက်ဆုံးတာဝန်ထမ်းခဲ့သော အမြှောက်တပ်ရင်း (၃၈၄)မှာ မိုးမိတ်မြို့နယ်တွင် အခြေစိုက်သည့် တပ်ရင်းတစ်ခုဖြစ်သည်။

(CDM ပြုလုပ်လာ​သော ​မောင်​ကောင်းညိမ်း။ ဓါတ်ပုံ-တ​ကောင်းPDF)
(CDM ပြုလုပ်လာ​သော ​မောင်​ကောင်းညိမ်း။ ဓါတ်ပုံ-တ​ကောင်းPDF)

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမြှောက်တပ်ရင်းတစ်ခုမှ စစ်သားတစ်ဦး ပြည်သူ့ဘက်ပူးပေါင်းပြီး CDM ပြုလုပ်ကာ အလင်း ဝင်လာကြောင်း တကောင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကယနေ့(ဇူလိုင် ၈)တွင်ထုတ်ပြန်သည်။

တကောင်း PDF ထံ CDM ပြုလုပ်လာသော တပ်သားမှာ မောင်ကောင်းညိမ်း ကိုယ်ပိုင်အ မှတ် (၄၇၈၆၁၁)ဖြစ်ပြီး အမတ (၃၈၄)မှဖြစ် ကြောင်း ဖော်ပြသည်။

“CDMပြုလုပ်ခဲ့သော ရဲဘော် မောင်ကောင်းညိမ်းအား တကောင်းမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ ၎င်းဖြစ်ချင်သော ဆန္ဒအရ ပြည်သူ့ရင်ခွင်သို့ပို့ဆောင်မည်ဖြစ်ပြီး လိုအပ်သည်များကို လုပ်ဆောင်ပေးမည်ဖြစ်သည်”ဟု အသိပေးသည်။

အဆိုပါ CDM တပ်သားနှင့်စပ်လျဥ်းပြီး တပ်ဖွဲ့တွင် လိုအပ်ချက်များစွာရှိသဖြင့် ဆုကြေးငွေများမထောက်ပံ့နိုင်သော်လည်း ထိုက်သင့်သည်များကို လုပ်ဆောင်ပေးသွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီ လက်အောက်ခံ စစ်သား/ရဲများ နောက်တစ်ကြိမ် ထပ်မံဝင်ရောက် CDM ပြုလုပ်ခဲ့ပါလျှင် ဆုကြေးငွေများပေးနိုင်ရန် အကောင်းဆုံးစီစဉ်ကြိုးစားသွားပါမည်”ဟု အသိပေးသည်။

ထို့ကြောင့် CDM ပြုလုပ်လိုသောစစ်ကောင်စီလက်အောက်ခံရဲနှင့် စစ်သားများကို နွေးထွေးစွာကြိုဆိုမည်ဖြစ်ပြီး အချိန်မီဝင်ရောက်ကြရန် တိုက်တွန်းထားသည်။

“ကျွန်တော်တို့အဖွဲ့စီမှာ စစ်သား CDMဝင်တာ ဒီတစ်ခါပဲရှိ‌တယ်။ ဒါမျိုးဝင်စေချင်နေတာကြာပြီ။ သူကပထမဦးဆုံးပေါ့။ ကျွန်တော်တို့အဖွဲ့အနေနဲ့ကတော့ အားရ၊ ကျေနပ်၊ ပီတိဖြစ်မိပါတယ်။ များများဝင်စေချင်တယ်။ ‌နွေးထွေးစွာကြိုဆိုပြီး သူတို့ဖြစ်ချင်တဲ့ ဆန္ဒတွေကိုတက်နိုင်သလောက်ဖြစ်ဆည်းပေးချင်တာ”ဟု တကောင်း PDF မှ နပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

အထက်ပါ CDM တပ်သား မောင်ကောင်းညိမ်းသည် စစ်ကောင်စီတပ်တွင် ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းနောက်ဆုံးတာဝန်ထမ်းခဲ့သော အမြှောက်တပ်ရင်း (၃၈၄)မှာ မိုးမိတ်မြို့နယ်တွင် အခြေစိုက်သည့် တပ်ရင်းတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။