Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကချင်ပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်၏ မြစ်ကြီးနားမြို့ရှိနေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

“သူများအိမ်တွေကိုချိပ်လိုက်ပိတ်နေရတာကို သာယာနေကြတဲ့ အာဏာရှင်ဒေါက်တိုင်တွေကို မြင်ရတာ ကျက်သ ရေမဲ့တယ်။ အချိန်တန်ရင် စစ်ကောင်စီ ဆင်းသွားရမှာကို သိသိကြီးနဲ့ ​လိုက်လုပ်နေကြတာ”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်၏ မြစ်ကြီးနားမြို့ရှိနေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ ချိပ်ပိတ်သွားကြောင်း မြို့ခံများက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကိုယ်စားပြုရွေးကောက်ပွဲအနိုင်ရပြီး လီဆူတိုင်းရင်းသားရေးရာဝန်ကြီးတာဝန်ထမ်းဆောင်နေသော ဦးအားတီယောဟန်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် ယနေ့ (ဇူလိုင်၈ရက်)တွင် ​နေအိမ်အား ချိတ်ပိတ်ခြင်းဖြစ်သည်။

“သူများအိမ်တွေကိုချိပ်လိုက်ပိတ်နေရတာကို သာယာနေကြတဲ့ အာဏာရှင်ဒေါက်တိုင်တွေကို မြင်ရတာ ကျက်သ ရေမဲ့တယ်။ အချိန်တန်ရင် စစ်ကောင်စီ ဆင်းသွားရမှာကို သိသိကြီးနဲ့ ​လိုက်လုပ်နေကြတာ”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ မိဖများပိုင်ဆိုင်သောအိမ်ကိုလည်း ဇွန်လ ၂၉ရက်တွင် ချိတ်ပိတ်ပြီးနောက် ဖြိုချဖျက်ဆီးပစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

” ရန်သူက ရန်သူ့အလုပ် လုပ်​နေသလို ကျွန်​တော်တို့ဘက်ကလည်း လုပ်စရာရှိတာ ဆက်လုပ်​နေမှာပါပဲ။ ဆက်​တော်လှန်​နေမှာပဲ။ အိမ်ဆိုတာ​လောက်က ကျွန်​တော်တို့ နိုင်ရင် ပြန်ရနိုင်တဲ့အရာပါ။ အဆုံးအရှုံးများထားတဲ့ ကျွန်​တော်တို့ ရဲ​ဘော်ရဲဘက်​တွေ ပြည်သူ​တွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်​ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်​တော်တို့ အဆုံးထိသွားကြမယ်။ အ​ရေး​တော်ပုံကြီး ​အောင်မြင်တဲ့အထိ ​တော်လှန်ကြမယ်”ဟု ဦးအောင်ဟိန်းမင်းက သူ၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းခဲ့သည့်အချိန်မှစ၍ ၂၀၂၂ ဇူလိုင် ၁ရက်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ဦး၊ ပါတီဝင်၂၂၄ ဦး၏ နေအိမ်များချိတ်ပိတ် သိမ်းဆည်းခံထားရကြောင်း NLD ပါတီက ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။