Connect with us

Hi, what are you looking for?

သတင်း

ကချင်ပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်၏ မြစ်ကြီးနားမြို့ရှိနေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

“သူများအိမ်တွေကိုချိပ်လိုက်ပိတ်နေရတာကို သာယာနေကြတဲ့ အာဏာရှင်ဒေါက်တိုင်တွေကို မြင်ရတာ ကျက်သ ရေမဲ့တယ်။ အချိန်တန်ရင် စစ်ကောင်စီ ဆင်းသွားရမှာကို သိသိကြီးနဲ့ ​လိုက်လုပ်နေကြတာ”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်၏ မြစ်ကြီးနားမြို့ရှိနေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ ချိပ်ပိတ်သွားကြောင်း မြို့ခံများက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကိုယ်စားပြုရွေးကောက်ပွဲအနိုင်ရပြီး လီဆူတိုင်းရင်းသားရေးရာဝန်ကြီးတာဝန်ထမ်းဆောင်နေသော ဦးအားတီယောဟန်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် ယနေ့ (ဇူလိုင်၈ရက်)တွင် ​နေအိမ်အား ချိတ်ပိတ်ခြင်းဖြစ်သည်။

“သူများအိမ်တွေကိုချိပ်လိုက်ပိတ်နေရတာကို သာယာနေကြတဲ့ အာဏာရှင်ဒေါက်တိုင်တွေကို မြင်ရတာ ကျက်သ ရေမဲ့တယ်။ အချိန်တန်ရင် စစ်ကောင်စီ ဆင်းသွားရမှာကို သိသိကြီးနဲ့ ​လိုက်လုပ်နေကြတာ”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ မိဖများပိုင်ဆိုင်သောအိမ်ကိုလည်း ဇွန်လ ၂၉ရက်တွင် ချိတ်ပိတ်ပြီးနောက် ဖြိုချဖျက်ဆီးပစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

” ရန်သူက ရန်သူ့အလုပ် လုပ်​နေသလို ကျွန်​တော်တို့ဘက်ကလည်း လုပ်စရာရှိတာ ဆက်လုပ်​နေမှာပါပဲ။ ဆက်​တော်လှန်​နေမှာပဲ။ အိမ်ဆိုတာ​လောက်က ကျွန်​တော်တို့ နိုင်ရင် ပြန်ရနိုင်တဲ့အရာပါ။ အဆုံးအရှုံးများထားတဲ့ ကျွန်​တော်တို့ ရဲ​ဘော်ရဲဘက်​တွေ ပြည်သူ​တွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်​ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်​တော်တို့ အဆုံးထိသွားကြမယ်။ အ​ရေး​တော်ပုံကြီး ​အောင်မြင်တဲ့အထိ ​တော်လှန်ကြမယ်”ဟု ဦးအောင်ဟိန်းမင်းက သူ၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းခဲ့သည့်အချိန်မှစ၍ ၂၀၂၂ ဇူလိုင် ၁ရက်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ဦး၊ ပါတီဝင်၂၂၄ ဦး၏ နေအိမ်များချိတ်ပိတ် သိမ်းဆည်းခံထားရကြောင်း NLD ပါတီက ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

နယ်စပ်အနီး စစ်တပ်စခန်းမီးလောင်မှု၊ စစ်သားအလောင်းတွေကျန်ခဲ့တဲ့ရုပ်သံတွေထွက်ပေါ်