Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူ – ဆောလမ်းပိုင်းတွင် စစ်ကောင်စီတပ်အား သုံးကြိမ်တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ဦးခန့်သေ

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

(ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ဆိပ်ဖြူဘာမထီ)
(ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ဆိပ်ဖြူဘာမထီ)

မကွေးတိုင်း၊ ဆိပ်ဖြူ – ဆောလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်အား သုံးကြိမ်တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ဦးခန့်သေဆုံးကြောင်း ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင်၇ရက်) နံနက် ၁၁နာရီမှ ညနေ၆နာရီအတွင်းက ဆိပ်ဖြူ – ဆောလမ်းပိုင်း၊ ဆိပ်ဖြူမြို့နယ် ကဇွန်းမကျေးရွာအနောက်ဘက် ကဇွန်းမ – ဖလံမကြား မိုင်တိုင် အမှတ် ၃၄-၃၅တွင် အကြမ်းဖက်စစ်တပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်အား သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ဦးခန့်သေဆုံးပြီး ခုနစ်ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဆိပ်ဖြူဘာမထီတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါထိတွေ့တိုက်ပွဲဖြစ်စဥ်တွင် မဟာမိတ်ညီနောင်များဖြစ်သော ဆိပ်ဖြူဘာမထီ၊ ချောက် (ပကဖ)၊ ခွပ်ဒေါင်းတပ်ခွဲ(ဆော)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်နောင်တွင်လည်း စစ်ကောင်စီနှင့် ပြည်သူအားဆန့်ကျင်သော စစ်ကောင်စီလက်အောက်ခံ မည်သည့် အကြမ်းဖက်များကိုမဆို အရှိန်အဟုန်မြှင့်၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများကလည်း ပါဝင်ကူညီကြရန်နှင့် သတိပေးချက်များအား လိုက်နာဆောင်ရွက်ကြရန် ဆိပ်ဖြူဘာမထီတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် ယနေ့(ဇူလိုင်လ၈ရက်)နံနက်ပိုင်းက ဆိပ်ဖြူမြို့နယ်မြောက်ပိုင်း၊
ပခုက္ကူမြို့နယ်အတွင်းရှိ ရှားဒူးကျေးရွာနှင့် စိုင်ဖြူကျေးရွာများအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး နှစ်ရွာပေါင်း အိမ်ခြေ ၁၂၀နီးပါး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ဆိပ်ဖြူဘာမထီ)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ‌ပြောပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook