Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကချင်တွင်စစ်ကောင်စီတပ်အား စွန့်ခွာ ၍ ပြည်သူ့ဘက် ကူးပြောင်းခဲ့သောအရာရှိ၊ စစ်သည်များမှ လေးဦးကိုဂုဏ်ပြုငွေတစ်သိန်းစီ ပေးအပ်

အဆိုပါ CDM စစ်သား ၁၁ ဦးတွင် ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သည် (၉) ဦး၊ စုစု ပေါင်း ၁၁ ဦးဖြစ်ပြီး ၎င်း CDM စစ်သည်အား လုံး အကူအညီလိုအပ်လျက်ရှိကြောင်းကို ဇွန်လ ၉ ရက်က ပြည်သူ့ပန်းတိုင်မှ ကြေငြာခဲ့သည်။

(CDM ပြုလုပ်ခဲ့​သောတပ်မ​တော်သားများကို ဂုဏ်ပြု​​ငွေချီးမြှင့်စဥ်။ ဓါတ်ပုံ-ပြည်သူ့ပန်းတိုင်)
(CDM ပြုလုပ်ခဲ့​သောတပ်မ​တော်သားများကို ဂုဏ်ပြု​​ငွေချီးမြှင့်စဥ်။ ဓါတ်ပုံ-ပြည်သူ့ပန်းတိုင်)

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်အားစွန့်ခွာ၍ ပြည်သူ့ဘက် ကူးပြောင်းခဲ့သော အရာရှိ၊ စစ်သည်များမှ လေးဦးကို ဂုဏ်ပြုငွေတစ်သိန်းစီ ပေးအပ်ခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့(ဇူလိုင် ၉)ထုတ်ပြန်သည်။

နွေဦးတော်လှန်ရေးအစမှသည်လက်ရှိအချိန်ထိ ကချင်ဒေသလွတ်မြောက်နယ်မြေဘက်သို့ အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်မှ လက်နက်ခဲယမ်းများဖြင့် ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်ခဲ့သော CDM စစ်သား ၁၁ ဦးတွင် လေးဦးကိုထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။

အဆိုပါ CDM စစ်သား ၁၁ ဦးတွင် ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သည် (၉) ဦး၊ စုစု ပေါင်း ၁၁ ဦးဖြစ်ပြီး ၎င်း CDM စစ်သည်အား လုံး အကူအညီလိုအပ်လျက်ရှိကြောင်းကို ဇွန်လ ၉ ရက်က ပြည်သူ့ပန်းတိုင်မှ ကြေငြာခဲ့သည်။

“ပြည်သူတို့၏ ဆက်သွယ်ကူညီမှုကြောင့် ပထ မဦးစွာ ၎င်းတို့အထဲမှ (၄) ဦးကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဂုဏ်ပြုငွေ တစ်သိန်းစီကို ပေးအပ်ခဲ့ပါသည်။ ကျန်ရှိနေသော အရာရှိ၊ စစ်သည်များကိုလည်း ထပ်မံချိတ်ဆက်၍ ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်သူထံသို့ အသိပေးတင်ပြအပ်ပါသည်”ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ စွန့်ခွာ၍ CDM ပြုလုပ်ကာ ပြည်သူနှင့် အတူရပ်တည်လိုသည့် အရာရှိ/စစ်သည်များအနေဖြင့် ပြည်သူ့ပန်းတိုင်အဖွဲ့၏ Telegram https://t.me/CDMSOLDIERS သို့ ချိတ်ဆက်၍ လိုအပ်သည့် အကူအညီ ရယူနိုင်ပြီး မိဘပြည်သူများ အနေဖြင့်လည်း CDM ပြုလုပ်လာသည့် တပ်မတော်သားများအား ကူညီထောက်ပံ့လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့ ၏ Facebook page messenger (သို့) www.peoplesoldiers.org သို့ဆက်သွယ်၍ ကူညီထောက်ပံ့နိုင်ပါကြောင်း သတင်းစကားပါးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။