Connect with us

Hi, what are you looking for?

သတင်း

ကချင်တွင်စစ်ကောင်စီတပ်အား စွန့်ခွာ ၍ ပြည်သူ့ဘက် ကူးပြောင်းခဲ့သောအရာရှိ၊ စစ်သည်များမှ လေးဦးကိုဂုဏ်ပြုငွေတစ်သိန်းစီ ပေးအပ်

အဆိုပါ CDM စစ်သား ၁၁ ဦးတွင် ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သည် (၉) ဦး၊ စုစု ပေါင်း ၁၁ ဦးဖြစ်ပြီး ၎င်း CDM စစ်သည်အား လုံး အကူအညီလိုအပ်လျက်ရှိကြောင်းကို ဇွန်လ ၉ ရက်က ပြည်သူ့ပန်းတိုင်မှ ကြေငြာခဲ့သည်။

(CDM ပြုလုပ်ခဲ့​သောတပ်မ​တော်သားများကို ဂုဏ်ပြု​​ငွေချီးမြှင့်စဥ်။ ဓါတ်ပုံ-ပြည်သူ့ပန်းတိုင်)
(CDM ပြုလုပ်ခဲ့​သောတပ်မ​တော်သားများကို ဂုဏ်ပြု​​ငွေချီးမြှင့်စဥ်။ ဓါတ်ပုံ-ပြည်သူ့ပန်းတိုင်)

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်အားစွန့်ခွာ၍ ပြည်သူ့ဘက် ကူးပြောင်းခဲ့သော အရာရှိ၊ စစ်သည်များမှ လေးဦးကို ဂုဏ်ပြုငွေတစ်သိန်းစီ ပေးအပ်ခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့(ဇူလိုင် ၉)ထုတ်ပြန်သည်။

နွေဦးတော်လှန်ရေးအစမှသည်လက်ရှိအချိန်ထိ ကချင်ဒေသလွတ်မြောက်နယ်မြေဘက်သို့ အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်မှ လက်နက်ခဲယမ်းများဖြင့် ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်ခဲ့သော CDM စစ်သား ၁၁ ဦးတွင် လေးဦးကိုထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။

အဆိုပါ CDM စစ်သား ၁၁ ဦးတွင် ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သည် (၉) ဦး၊ စုစု ပေါင်း ၁၁ ဦးဖြစ်ပြီး ၎င်း CDM စစ်သည်အား လုံး အကူအညီလိုအပ်လျက်ရှိကြောင်းကို ဇွန်လ ၉ ရက်က ပြည်သူ့ပန်းတိုင်မှ ကြေငြာခဲ့သည်။

“ပြည်သူတို့၏ ဆက်သွယ်ကူညီမှုကြောင့် ပထ မဦးစွာ ၎င်းတို့အထဲမှ (၄) ဦးကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဂုဏ်ပြုငွေ တစ်သိန်းစီကို ပေးအပ်ခဲ့ပါသည်။ ကျန်ရှိနေသော အရာရှိ၊ စစ်သည်များကိုလည်း ထပ်မံချိတ်ဆက်၍ ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်သူထံသို့ အသိပေးတင်ပြအပ်ပါသည်”ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ စွန့်ခွာ၍ CDM ပြုလုပ်ကာ ပြည်သူနှင့် အတူရပ်တည်လိုသည့် အရာရှိ/စစ်သည်များအနေဖြင့် ပြည်သူ့ပန်းတိုင်အဖွဲ့၏ Telegram https://t.me/CDMSOLDIERS သို့ ချိတ်ဆက်၍ လိုအပ်သည့် အကူအညီ ရယူနိုင်ပြီး မိဘပြည်သူများ အနေဖြင့်လည်း CDM ပြုလုပ်လာသည့် တပ်မတော်သားများအား ကူညီထောက်ပံ့လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့ ၏ Facebook page messenger (သို့) www.peoplesoldiers.org သို့ဆက်သွယ်၍ ကူညီထောက်ပံ့နိုင်ပါကြောင်း သတင်းစကားပါးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။