Connect with us

Hi, what are you looking for?

သတင်း

KNUနှင့် PDF ပူးပေါင်းတပ်၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဉ်တန်းမှ ကားလေးစီးထိခိုက်

အဆိုပါ တိုက်ခိုက်မှုကို KNLAတပ်မဟာ(၁) တပ်ရင်း (၂)၊ PDFတပ်ရင်း(၂)နှင့် သထုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအင်အားစု(TPDF)ပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

(သထုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအင်အားစု (TPDF)မှ ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်)
(သထုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအင်အားစု (TPDF)မှ ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်)

▪️စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုရှိနိုင်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့သွားသော စစ်ကောင်စီ၏ယာဉ်တန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်ပြည်သူ့ကာ ကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့တို့မှမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိနိုင်သည်ဟု သထုံ PDFက သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၁၀ရက်) နံနက် ၃နာရီ ၄၀မိနစ်ခန့်တွင် သထုံမှ ဘီးလင်းမြို့ဘက်သို့သွားသော ယာဉ်တန်းကို ကမာစိုင်ကျေးရွာတစ်လျှောက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

ထို့သို့ မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီးလက်နက်ငယ်များပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ကားကြီး (၃)စီးနှင့်ကားသေးတစ်စီး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးဒဏ်ရာရသူရှိနိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLAတပ်မဟာ(၁) တပ်ရင်း (၂)၊ PDFတပ်ရင်း(၂)နှင့် သထုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအင်အားစု(TPDF)ပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook