Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီယား​ရောက်မြန်မာများ ဆိုးလ်မြို့ရှိ ရုရှားသံရုံးရှေ့တွင် မင်းအောင်လှိုင်နှင့် သမ္မတပူတင်ကို ကန့်ကွက်ဆန္ဒပြ

ဆန္ဒပြသူများက ရုရှားနိုင်ငံအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးတွင် အနှောက်အယှက်ပေး၍ အာဏာသိမ်း စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့နေခြင်းအပေါ် ကန့်ကွက်ခဲ့ပြီး “Don`t Support Myanmar Dictatorship!”ဆိုသည့် စာတန်းဖြင့် မြန်မာစစ်အာဏာရှင်ကိုထောက်ပံ့ခြင်းမပြုရန် ကြွေးကြော်ဆန္ဒပြခဲ့သည်။

ဓာတ်ပုံ - မြန်မာ့နွေဦးတော်လှန်ရေး ထောက်ခံသူများ ကိုရီးယားအဖွဲ့
ဓာတ်ပုံ - မြန်မာ့နွေဦးတော်လှန်ရေး ထောက်ခံသူများ ကိုရီးယားအဖွဲ့

ရှရှားအစိုးရအား မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူများကို လေကြောင်းဖြင့် ဗုံးကျဲခြင်း အပေါ် ရှုတ်ချ

တောင်ကိုရီးယားနိုင်ငံ​ရောက်မြန်မာများက ဆိုလ်းမြို့ရှိ ရုရှားသံရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၁၀)သွား​ရောက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေသော စစ်အာဏာရှင်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ရုရှားသမ္မတပူတင်တို့ကို ရှုတ်ချကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြပွဲကို မြန်မာကျောင်းသားများအသင်း ကိုရီးယား(M.S.O) ၊ မြန်မာ့နွေဦးတော်လှန်ရေး ထောက်ခံသူများ ကိုရီးယားအဖွဲ့ (M.S.R.S.Kr) နှင့် မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (M.F.D.M.C)တို့မှ ဦးဆောင်ပြီး တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဆန္ဒပြသူများက ရုရှားနိုင်ငံအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးတွင် အနှောက်အယှက်ပေး၍ အာဏာသိမ်း စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့နေခြင်းအပေါ် ကန့်ကွက်ခဲ့ပြီး “Don`t Support Myanmar Dictatorship!”ဆိုသည့် စာတန်းဖြင့် မြန်မာစစ်အာဏာရှင်ကိုထောက်ပံ့ခြင်းမပြုရန် ကြွေးကြော်ဆန္ဒပြခဲ့သည်။

ဓာတ်ပုံ - မြန်မာ့နွေဦးတော်လှန်ရေး ထောက်ခံသူများ ကိုရီးယားအဖွဲ့
ဓာတ်ပုံ – မြန်မာ့နွေဦးတော်လှန်ရေး ထောက်ခံသူများ ကိုရီးယားအဖွဲ့

ထို့အပြင် ရုရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ စစ်​ကောင်စီတပ်နှင့် ပူးပေါင်းကာ ပြည်သူများအပေါ် လေကြောင်းဖြင့် အင်အားသုံး ဗုံးကြဲခြင်းများ ပူးပေါင်းဆောင်ရွက်နေခြင်းကိုလည်း ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

Facebook