Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ကိုရီယား​ရောက်မြန်မာများ ဆိုးလ်မြို့ရှိ ရုရှားသံရုံးရှေ့တွင် မင်းအောင်လှိုင်နှင့် သမ္မတပူတင်ကို ကန့်ကွက်ဆန္ဒပြ

ဆန္ဒပြသူများက ရုရှားနိုင်ငံအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးတွင် အနှောက်အယှက်ပေး၍ အာဏာသိမ်း စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့နေခြင်းအပေါ် ကန့်ကွက်ခဲ့ပြီး “Don`t Support Myanmar Dictatorship!”ဆိုသည့် စာတန်းဖြင့် မြန်မာစစ်အာဏာရှင်ကိုထောက်ပံ့ခြင်းမပြုရန် ကြွေးကြော်ဆန္ဒပြခဲ့သည်။

ဓာတ်ပုံ - မြန်မာ့နွေဦးတော်လှန်ရေး ထောက်ခံသူများ ကိုရီးယားအဖွဲ့
ဓာတ်ပုံ - မြန်မာ့နွေဦးတော်လှန်ရေး ထောက်ခံသူများ ကိုရီးယားအဖွဲ့

ရှရှားအစိုးရအား မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူများကို လေကြောင်းဖြင့် ဗုံးကျဲခြင်း အပေါ် ရှုတ်ချ

တောင်ကိုရီးယားနိုင်ငံ​ရောက်မြန်မာများက ဆိုလ်းမြို့ရှိ ရုရှားသံရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၁၀)သွား​ရောက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေသော စစ်အာဏာရှင်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ရုရှားသမ္မတပူတင်တို့ကို ရှုတ်ချကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြပွဲကို မြန်မာကျောင်းသားများအသင်း ကိုရီးယား(M.S.O) ၊ မြန်မာ့နွေဦးတော်လှန်ရေး ထောက်ခံသူများ ကိုရီးယားအဖွဲ့ (M.S.R.S.Kr) နှင့် မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (M.F.D.M.C)တို့မှ ဦးဆောင်ပြီး တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဆန္ဒပြသူများက ရုရှားနိုင်ငံအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးတွင် အနှောက်အယှက်ပေး၍ အာဏာသိမ်း စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့နေခြင်းအပေါ် ကန့်ကွက်ခဲ့ပြီး “Don`t Support Myanmar Dictatorship!”ဆိုသည့် စာတန်းဖြင့် မြန်မာစစ်အာဏာရှင်ကိုထောက်ပံ့ခြင်းမပြုရန် ကြွေးကြော်ဆန္ဒပြခဲ့သည်။

ဓာတ်ပုံ - မြန်မာ့နွေဦးတော်လှန်ရေး ထောက်ခံသူများ ကိုရီးယားအဖွဲ့
ဓာတ်ပုံ – မြန်မာ့နွေဦးတော်လှန်ရေး ထောက်ခံသူများ ကိုရီးယားအဖွဲ့

ထို့အပြင် ရုရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ စစ်​ကောင်စီတပ်နှင့် ပူးပေါင်းကာ ပြည်သူများအပေါ် လေကြောင်းဖြင့် အင်အားသုံး ဗုံးကြဲခြင်းများ ပူးပေါင်းဆောင်ရွက်နေခြင်းကိုလည်း ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

ပူတင်ကတော့ အရမ်းဝါကြွားပြနေတာမျိုး အခြေအနေကို ရှောင်ရှားခဲ့ပေမယ့် အွန်လိုင်းက မဲပေးသူ ၈ သန်းရှိခဲ့တဲ့ ရုရှား ရွေးကောက်ပွဲဟာ အမေရိကန်ထက်တောင် ခေတ်မီသေးတယ်လို့ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဇီလန်စကီးဟာ ဇာလုဇ်ညီကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူကရိန်း စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်လာနေတာလို့ ဆိုပါတယ်။

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။