Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင် ပြတ်ပြတ်သားသား အနိုင်ရခဲ့ကြောင်း ရုရှား ရွေးကောက်ပွဲ ကော်မရှင်ဆို

ပူတင်ကတော့ အရမ်းဝါကြွားပြနေတာမျိုး အခြေအနေကို ရှောင်ရှားခဲ့ပေမယ့် အွန်လိုင်းက မဲပေးသူ ၈ သန်းရှိခဲ့တဲ့ ရုရှား ရွေးကောက်ပွဲဟာ အမေရိကန်ထက်တောင် ခေတ်မီသေးတယ်လို့ ပြောကြားသွားပါတယ်။

ပူတင် ပြတ်ပြတ်သားသား အနိုင်ရခဲ့ကြောင်း ရုရှား ရွေးကောက်ပွဲ ကော်မရှင်ဆို
ပူတင် ပြတ်ပြတ်သားသား အနိုင်ရခဲ့ကြောင်း ရုရှား ရွေးကောက်ပွဲ ကော်မရှင်ဆို

ရွေးကောက်ပွဲမှာ သမ္မတ ဗလာဒီမာ ပူတင်ပဲ ပြတ်သားလှတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရခဲ့တယ်လို့ ရုရှား ရွေးကောက်ပွဲ အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ၃ ရက်ကြာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲရလဒ်တွေကို တရားဝင် မထုတ်ပြန်သေးပေမယ့် ပူတင်ဟာ ထောက်ခံမဲ ၈၇ ရာခိုင်နှုန်းကျော်ထိ ပိုင်ဆိုင်ခဲ့ကြောင်း ဗဟိုရွေးကောက်ပွဲ ကော်မရှင် (CEC)ရဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အခု ရွေးကောက်ပွဲမှာ ပူတင်ဟာ ပြိုင်ဘက် ၃ ယောက်နဲ့ ယှဉ်ပြိုင်ခဲ့ရတယ် ဆိုပေမယ့်လည်း ဟန်ပြသဘော သက်သက်သာဖြစ်ပြီး အားကောင်းတဲ့ အတိုက်အခံ စိန်ခေါ်မှုမျိုးတွေ လုံးဝ မရှိခဲ့ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် တစ်လလောက် အလိုက အကျဉ်းချခံရချိန် ရုတ်တရက် ကွယ်လွန်ခဲ့သူ အတိုက်အခံခေါင်းဆောင် အလက်စီ နက်ဗယ်လ်နီကို ထောက်ခံသူတွေက ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း စုရုံး ဆန္ဒပြတဲ့ အခြေအနေတချို့ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး မဲရုံတွေကို ပစ်မှတ်ထားပြီး နှောင့်ယှက်တာ၊ မိုလိုတော့ဗ် ပုလင်းဗုံးတွေနဲ့ ပစ်ပေါက်ပြီး မီးရှို့တာမျိုး အဖျက်လုပ်ရပ်တွေက နေရာပေါင်း ၃၀ လောက်မှာ ဖြစ်ပွားခဲ့တယ်လို့လည်း CECက ဆိုပါတယ်။

အဓိက အတိုက်အခံတွေ မပါဝင်နိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ဖိအားပေး ပိတ်ဆို့ထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု လုံးဝမရှိဘူးလို့ အနောက်မဟာမိတ် နိုင်ငံတွေက ရှုတ်ချထားကြပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ပွဲကာလအတွင်း ရုရှားက သိမ်းပိုက် ရရှိခဲ့တဲ့ ယူကရိန်း နယ်မြေတွေမှာပါ ရုရှားက ရွေးကောက်ပွဲတွေ ထည့်သွင်း ကျင်းပခဲ့တာနဲ့ ပတ်သက်လို့ ယူကရိန်း အစိုးရရော၊ အနောက်မဟာမိတ်တွေကပါ ကန့်ကွက်ခဲ့ကြပါတယ်။

ဒါပေမဲ့ ရုရှား အစိုးရ မီဒီယာတွေကတော့ ရွေးကောက်ပွဲ ရလဒ်ကို ဂုဏ်ပြုဖော်ပြနေကြပြီး အနောက်နိုင်ငံတွေကို တုန်လှုပ်စေမယ့် ပူတင်ရဲ့ အောင်ပွဲကြီး တစ်ခုလို့ ရည်ညွှန်းနေကြပါတယ်။

ပူတင်ကတော့ အရမ်းဝါကြွားပြနေတာမျိုး အခြေအနေကို ရှောင်ရှားခဲ့ပေမယ့် အွန်လိုင်းက မဲပေးသူ ၈ သန်းရှိခဲ့တဲ့ ရုရှား ရွေးကောက်ပွဲဟာ အမေရိကန်ထက်တောင် ခေတ်မီသေးတယ်လို့ ပြောကြားသွားပါတယ်။

ရွေးကောက်ပွဲမှာတော့ ပူတင်ကို အနီးကပ်ဆုံး စိန်ခေါ်ခဲ့သူလို့ ဆိုရမယ့် ကွန်မြူနစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း နစ်ကိုလိုင် ခါရီတိုနော့ဗ်ဟာ ထောက်ခံမဲ ၄ ရာခိုင်နှုန်းကျော်သာ ရခဲ့ပြီး ကျန်တဲ့ ၂ ယောက်က သူ့ထက် အခြေအနေ ပိုဆိုးခဲ့ပါတယ်။ တစ်နည်းအားဖြင့် သန်းပေါင်းများစွာသော ရုရှား ပြည်သူတွေဟာ ပူတင်ကို ပဉ္စမ သက်တမ်းအတွက် အာဏာ အပ်နှင်းဖို့ မဲပေးရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိခဲ့တဲ့ သဘောပါပဲ။ ရွေးကောက်ပွဲ ရလဒ်ကြောင့် ပူတင်ဟာ အနည်းဆုံး ၂၀၃၀ ပြည့်နှစ်အထိ ကရင်မလင် နန်းတော်မှာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။