Connect with us

Hi, what are you looking for?

သတင်း

ရွာငံ-ပင်းတယလမ်းတွင်စစ်​ကောင်စီခန့်မြို့နယ်အုပ်ချုပ်​ရေးမှူးပါစစ်ကားတန်းကိုမိုင်းဆွဲတိုက်ခိုက် သေဆုံးထိခိုက်မှုများနိုင်ဟု ​ကျောက်ဆည်နဂါးနီ​ပျောပ်ကြားတပ်ဖွဲ့ထုတ်ပြန်

သေဆုံးမှုအခြေအနေများအား မြေပြင်ရဲဘော်များနှင့် ဖရဲသီး(စစ်ကောင်စီ၏ သတင်းများပြန်လည်ပေးပို့နေသူ)များ၏ ပေးပို့ချက်အရ သိရှိရသည်ဟု ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့က ပြောသည်။

(မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာအား Google Map ကတဆင့်​တွေ့ရမှု)
(မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာအား Google Map ကတဆင့်​တွေ့ရမှု)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံ-ပင်းတယလမ်းပိုင်းတွင် ယမန်နေ့နေ့လယ်ပိုင်းကစစ်​ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူး လိုက်ပါလာသောစစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်​ကောင်စီတပ်သား၁၀ဦးခန့်သေဆုံးနိုင်ကြောင်းကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင်လ၁၀ရက်) မွန်းလွဲ ၁နာရီ ဝန်းကျင်ကရွာငံ-ပင်းတယလမ်းပိုင်း၊ ရွာငံမြို့နှင့် လေးမိုင်ခန့်အကွာ ညောင်ကုန်းရွာနှင့် လက်ပံရွာကြားတွင် ရွာငံမြို့မှ ပြန်လာသော ရွာငံ-ပင်းတယမြို့နယ်ဦးစီးမှူး ဒေသဦးစီးမှူး အာကာလင်းလိုက်ပါလာသောကား ၇ စီးပါ အကြမ်းဖက် စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကားနှစ်စီး ပျက်စီးသွားပြီး အကြမ်းဖက်စစ်သား ၁၀ ဦးခန့် နေရာတွင်ပင် သေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာရသူ အကြမ်းဖက်စစ်သားများအား အောင်ပန်းမြို့ ကုတင်(၇၀၀)စစ်ဆေးရုံသို့ သယ်ဆောင်သွားပြီး များစွာသေဆုံးနိုင်ကြောင်း ပါရှိသည်။

သေဆုံးမှုအခြေအနေများအား မြေပြင်ရဲဘော်များနှင့် ဖရဲသီး(စစ်ကောင်စီ၏ သတင်းများပြန်လည်ပေးပို့နေသူ)များ၏ ပေးပို့ချက်အရ သိရှိရသည်ဟု ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“အခင်းဖြစ်ပြီး ရွာငံမြို့ပေါ်ကကော ပတ်ဝန်းကျင်က လူနာကားတွေ အကုန်ခေါ်သွားတယ်လို့ သိရပါတယ်။ လမ်းကိုတော့ မနေ့ညကတည်းက ပိက်ပစ်လိုက်ပါပြီ။ ဒဏ်ရာရ စခတွေကို ကုတင် ၇၀၀ စစ်ဆေးရုံကို ခေါ်သွားတာပါ”ဟု ​ပြောသည်။

အကြမ်းဖက်စစ်တပ်၏ သေဆုံးထိခိုက်မှုအခြေအနေများအား People’s Springက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုတိုက်ခိုက်မှုအား ကျောက်ဆည်နဂါးနီပျောက်ကြားတပ်ဖွဲ့ နှင့် ရွာငံပြည်သူ့ကာကွယ်ရေး အဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲဘော်များမှာ အန္တရာယ်မရှိပြန်လည်ဆုက်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

တော်လှန်ရေး အင်အားစုများသည် ပြည်သူများကို မှီခိုနေရ၍ ယခုဖြစ်စဥ်ကဲ့သို့ စစ်ဆင်ရေးများပြုလုပ်နိုင်ရန်အတွက် ပြည်သူများက အတက်နိုင်ဆုံး ထောက်ပံ့ကူညီပေးကြရန် ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့ကမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။