Connect with us

Hi, what are you looking for?

သတင်း

ပင်းတယမြို့မရဲစခန်းဟောင်း တိုက်ခိုက်ခံရ

“ဒီညနေ ၄နာရီ ခွဲလောက်က ပစ်သွားတာ။ ထိခိုက်မှုရှိ၊မရှိတော့ မသိရသေးဘူး။ စခန်းကတော့ မြို့နယ်မှူးရော ရဲတွေပါနေတဲ့ လိုင်းခန်းပဲ”ဟု ပင်းတယမြို့ခံတစ်ဦးကပြောသည်။

ပင်းတယမြို့
ပင်းတယမြို့

ရှမ်းပြည်နယ်​တောင်ပိုင်း ပင်းတယမြို့မရဲစခန်းဟောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က သေနတ် ပစ် ခတ်တိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

ပင်းတယမြို့တွင် မြို့မရဲစခန်းအသစ်နှင့် အဟောင်းနှစ်ခုရှိပြီး အဟောင်းကို ပစ်ခတ်သွားခြင်းဖြစ်သည်။

“ဒီညနေ ၄နာရီ ခွဲလောက်က ပစ်သွားတာ။ ထိခိုက်မှုရှိ၊မရှိတော့ မသိရသေးဘူး။ စခန်းကတော့ မြို့နယ်မှူးရော ရဲတွေပါနေတဲ့ လိုင်းခန်းပဲ”ဟု ပင်းတယမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ပင်းတယမြို့မ ရဲစခန်းဟောင်းတွင် အချုပ်သားအချို့ထားရှိပြီး ရဲဝန်ထမ်းအိမ်ယာလည်း ရှိနေသည်။ ယနေ့ နံနက်က ပင်းတယ – ရွာငံလမ်းတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတင်းကြပ်ထားသည့်ကြားထဲမှ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်း ပင်းတယ – ရွာငံလမ်းကြားတိုက်ခိုက်မှုသည် ဓနုဒေသဦးစီးဥက္ကဌ ဦးအာကာလင်းကို ဦးတည်တိုက်ခိုက်ခြင်း ဖြစ်သည်။ ဦးအာကာလင်းသည် စစ်​ကောင်စီတပ်ယာဥ်တန်းနှင့်အတူ လိုက်ပါလာခဲ့သော် လည်း လွတ်မြောက်သွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့နှင့် ရွာငံပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ညနေပိုင်းက ပင်းတယမြို့မ ရဲစခန်းဟောင်းအား တိုက်ခိုက်သည့်အဖွဲ့ကို မသိရသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။