Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် စစ်အုပ်စုအား PDF ရဲဘော်တစ်ဦးက အသေခံမိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအနည်းဆုံး ၁၅ဦးသေဟု YRGပြော

ကျဆုံးသွားသော ရပ်ရွာကာကွယ်ရေး PDF ရဲဘော်အား Yesagyo Revolution Group – YRG တော်လှန်ရေးအဖွဲ့သားများက အလေးနီပြုလိုက်ကြောင်း YRG က ထုတ်ပြန်ထားသည်။

(အသေခံမိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟုဆိုသူ PDF ရဲဘော်အား မီးရှို့ သတ်ဖြတ်ခဲ့ပြီးနောက် တွေ့ရစဥ်။ PDF ရဲဘော်စီးနင်းခဲ့သည့် ဆိုင်ကယ်။ဓာတ်ပုံ - YRG)
(အသေခံမိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟုဆိုသူ PDF ရဲဘော်အား မီးရှို့ သတ်ဖြတ်ခဲ့ပြီးနောက် တွေ့ရစဥ်။ PDF ရဲဘော်စီးနင်းခဲ့သည့် ဆိုင်ကယ်။ဓာတ်ပုံ - YRG)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ရပ်ရွာကာကွယ်ရေး PDF ရဲဘော်တစ်ဦးက အသေခံမိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Yesagyo Revolution Group – YRGက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်၈ရက်က ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်ကြားတွင် စစ်ကြောင်းထိုးပြန်လာသော စစ်ကောင်စီတပ်သည် ညနေ ၆နာရီခန့်တွင် သဲတောကျေးရွာ ဘုန်းကြီးကျောင်း၌ ယာယီတပ်စွဲ ခဲ့သည်။

Yesagyo Revolution Group – YRG နှင့် မဟာမိတ်ဖွဲ့ထားသော ရပ်ရွာ ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တစ်ဦးသည် တပ်စွဲထားကြောင်းမသိသေးသဖြင့် အဆိုပါဘုန်းကြီးကျောင်းကို ၆နာရီခွဲခန့်တွင် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွား လာခဲ့ရာ ဘုန်းကြီးကျောင်းရှေ့အရောက်တွင် စစ်ကောင်စီတပ်သားများက သေနတ်များဖြင့် ပစ်ခတ်ခြင်းခံခဲ့ရကြောင်း YRG၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

PDF ရဲဘော်သည် ပစ်ခတ်ခြင်းခံရသောကြောင့် ဆိုင်ကယ်လဲသွားသဖြင့် သူ့တွင်ပါရှိလာသော လက်ပစ်မိုင်းသုံးလုံးဖြင့် အသေခံမိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးခန့် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု YRGက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် PDF ရဲဘော်အား ဘုန်းကြီးကျောင်းမြောက်ဘက်ရှိ သဲချောင်းထဲတွင် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ စစ်သားအလောင်းများအား နောက်တစ်နေ့နံနက်ပိုင်းတွင် ကားများဖြင့် ပခုက္ကူမြို့ပေါ်သို့ သယ်ဆောင်သွားကြောင်း YRG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒဏ်ရာအပြင်းအထန်ရရှိသော စစ်သားများကို ပခန်းကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြရာ ဆေးရုံတွင်လည်း ထပ်မံသေဆုံးမှုရှိခဲ့သည်ဟု YRG က ဆိုသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ YRG အဖွဲ့တာဝန်ရှိသူက “အမှတ်တရပြောရမယ်ဆိုရင် အရမ်းလေးစားပါတယ်။ သူ့လိုသတ္တိမျိုးကို ကျွန်တော်တို့လည်း မွေးထားပါ့မယ်။ ကျန်ရှိနေတဲ့ တာဝန်တွေကိုလည်း ကျွန်တော်တို့PDF ညီအစ်ကိုတွေက ဆက်လက်ထမ်းဆောင်ပါ့မယ်။”ဟု ပြောကြားသည်။

စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကျဆုံးသွားသော ရပ်ရွာကာကွယ်ရေး PDF ရဲဘော်အား Yesagyo Revolution Group – YRG တော်လှန်ရေးအဖွဲ့သားများက အလေးနီပြုလိုက်ကြောင်း YRG က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။