Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက် ထွေအုပ်ရုံး၊ ပညာရေးရုံးနှင့် အထက်တန်း ကျောင်းတွင်တပ်စွဲထားသည် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ဟု CDF အသိပေး

ဇူလိုင် ၁၂ရက်လည်း ကန်ပက်လက်မြို့၊မြို့နယ်ပညာ ရေးရုံးနှင့် မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(ကန်ပက်လက် CDFရဲ​ဘော်များအား ​တွေ့ရစဥ်)
(ကန်ပက်လက် CDFရဲ​ဘော်များအား ​တွေ့ရစဥ်)

ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာ သုံးနေရာကိုတိုက်ခိုက်ခဲ့ကြောင်း ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန် သည်။

ဇူလိုင် ၁၁ရက်တွင် ကန်ပက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ၃နာရီကြာတိုက်ခိုက်ခဲ့ကြောင်း အသိပေးထား သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း CDF ရဲဘော်များ အထိ အခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဇူလိုင် ၁၂ရက်လည်း ကန်ပက်လက်မြို့၊မြို့နယ်ပညာ ရေးရုံးနှင့် မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲသည် ၃နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံး၍ CDFဘက်မှ မထိအခိုက်မရှိဟု ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook