Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းအောင်လှိုင်ကို ရုရှားအစိုးရထိပ်တန်းပုဂ္ဂိုလ်များ လက်ခံတွေ့ဆုံခြင်းမရှိ

မင်းအောင်လှိုင်သည် တရားမဝင်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ရုရှားသို့ ဒုတိယအကြိမ် သွားရောက်ခြင်းဖြစ်ပြီး ပထမအကြိမ်က ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံခွင့်မရခဲ့ပေ။

(အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇွန်လအတွင်းက ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသော လုံခြုံရေးဆိုင်ရာညီလာခံ တက်ရောက်ခဲ့စဉ်။ ဓာတ်ပုံ - Reuters)
(အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇွန်လအတွင်းက ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသော လုံခြုံရေးဆိုင်ရာညီလာခံ တက်ရောက်ခဲ့စဉ်။ ဓာတ်ပုံ - Reuters)

တရားမဝင်အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း လက်ရှိအချိန်အထိ ဒုတိယဝန်ကြီးအဆင့်ကိုသာ အမြင့်ဆုံးတွေ့ဆုံခွင့်ရရှိထားပြီး ရုရှားအစိုးရထိပ်တန်း ပုဂ္ဂိုလ်များက လက်ခံတွေ့ဆုံခြင်းမရှိပေ။

နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားနှင့် စစ်ဘက်ဆိုင်ရာနည်းပညာပူးပေါင်းဆောင်ရွက်မှုများမြှင့် တင်ရေး အခြေအနေများကို ဆွေးနွေးခဲ့သော်လည်း အဆိုပါ ဆွေးနွေးပွဲကို ရုရှားဘက်မှ ကာကွယ်ရေးဝန်ကြီးအစား ဒုတိယဝန်ကြီး အလက်ဇန်းဒါးဖိုမင်ကသာ ဦးဆောင်တက်ရောက် ခြင်းဖြစ်သည်။

မင်းအောင်လှိုင်သည် ရုရှားသို့ လျှို့ဝှက်သွားရောက်ခဲ့ကာ ခရီးစဉ် သုံးရက်မြောက်နေ့တွင်မှ ၎င်း၏ စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်သတင်းစာများက သတင်းထုတ်ပြန်လာခြင်းဖြစ် သည်။

ခရီးစဉ် ပထမနှစ်ရက်အတွင်း မင်းအောင်လှိုင်သည် ရုရှားကာကွယ်ရေးဒုတိယဝန်ကြီး၊ Roscosmos အထွေထွေညွှန်ကြားရေးမှူးချုပ် အဆင့်များကိုသာ တွေ့ဆုံခွင့်ရခဲ့သည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်သည် တရားမဝင်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ရုရှားသို့ ဒုတိယအကြိမ် သွားရောက်ခြင်းဖြစ်ပြီး ပထမအကြိမ်က ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံခွင့်မရခဲ့ပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။