Connect with us

Hi, what are you looking for?

သတင်း

ယာယီသမ္မတ မွန်ဂိုလီးယားသမ္မတဟောင်းနှင့်တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေး

NUG ယာယီသမ္မတသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြပြီး ငြိမ်းချမ်း သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် ပြည်သူများ၏ ကြိုးပမ်းနေမှုများကို မျှ ဝေခဲ့သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလသည် မွန်ဂိုလီးယားသမ္မတဟောင်း H.E. Tsakhiagiin Elbegdorjနှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။

မွန်ဂိုလီးယားသမ္မတဟောင်း
မွန်ဂိုလီးယားသမ္မတဟောင်း

NUG ယာယီသမ္မတသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြပြီး ငြိမ်းချမ်း သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် ပြည်သူများ၏ ကြိုးပမ်းနေမှုများကို မျှ ဝေခဲ့သည်ဟု ဆိုသည်။

မွန်ဂိုလီးယားသမ္မတဟောင်းအနေဖြင့်လည်း ၎င်း၏ ကတိကဝတ်ပြုမှု၊ လွတ်လပ်ရေးနှင့် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုတွင် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် မြန်မာနိုင်ငံသားများအတွက် စဉ်ဆက်မပြတ် ထောက်ခံအားပေး နေမည်ဖြစ်ကြောင်း အခိုင်အမာဆိုသည်။

မြန်မာပြည်သူပြည်သားများ၏ လွတ်လပ်ရေး နှင့် ဒီမိုကရေစီရရှိနိုင်ရေး ထောက်ခံအားပေးမှုအတွက် သမ္မတ Elbegdorj ကို ယာယီသမ္မတ ဒူဝါလရှီးလက ကျေးဇူးတင်စကားပြောသည်။

Public Service Announcement

Public Service Announcement

သမ္မတဟောင်း Elbegdorj သည် မြန်မာလူမျိုးများ၏ ကာလရှည်ကြာ မိတ်ဆွေကောင်းတစ်ဦးဖြစ် ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အခိုင်အမာ ထောက်ခံသူဖြစ်သည်။

ထို့အပြင် ၎င်းသည် မွန်ဂိုလီးယားသမ္မတ တာဝန်ထမ်းဆောင်ပြီးနောက် ကမ္ဘာတဝှမ်းရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ မြှင့်တင်ရန်အတွက် Club de Madrid၊ International Democrat Union ကဲ့သို့သော အဖွဲ့အစည်းများတွင် နိုင်ငံ့ခေါင်းဆောင်ဟောင်းများနှင့် တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဘုတလင်တိုက်ပွဲတွင် ဗိုလ်မှူးဦးဆောင်သည့် ၈၅ ဦးပါ စစ်ကောင်စီစစ်ကြောင်း​တွင် သုံးဆယ်​ကျော်​သေဆုံပြီး ဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိကာလက်နက်မျိုးစုံ (၅၆) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းနိုင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)သတင်းထုတ်ပြန်သည်။

သတင်း

အကြမ်းဖက်စစ်အုပ်စု ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက်ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု NUCC နှင့် NUGတို့က ပူးတွဲ ကြေညာသည်။

သတင်း

အောက်တိုဘာပထမပတ်အတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် တို့တွင် မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီသည် တရုတ်အစိုးရ အကြိုက်တွေ့နိုင်ဖွယ်ရှိသည့် စကားလုံးများဖြင့် အချက်အလက်အမှားများ ပြည့်နှက်နေသော ဝါဒဖြန့်စာ သုံးစောင်ကို ၎င်း၏သြဇာခံ မီဒီယာအချို့မှတဆင့် စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တွင်ထုတ်ပြန်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် အမေရိကန်ပြည်ထောင်စုထံမှ နှစ်စဥ် ဒေါ်လာသန်း ၂၀၀ ခန့် ရရှိနေကြောင်း...

Trending

Facebook