Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်​ဆောင်၏ ရန်ကုန်အိမ်တစ်လုံးထပ်မံ​ရောင်းမည်ဟု NUG ​ပြော

ထိုပြင် ရန်ကုန်မြို့၏ အချက်အချာကျသည့်နေရာရှိစစ်တပ်ပိုင်မြေများကို နွေဦးတော်လှန်ရေး အထိမ်းအမှတ် ပန်းခြံပါဝင်သည့် စိမ်းလန်းဧရိယာ(Green Area) တစ်ခုအဖြစ်ဖော်ဆောင်သွားမည်ဖြစ်ပြီး ၎င်းအတွက် စီမံကိန်းအဆိုပြုလွှားများဖိတ်ခေါ်သွားမည်ဟုထုတ်ပြန်ထားသည်။

(​အစုရှယ်ယာ ဒေါ်လာ ၈သန်းဖိုး​ရောင်းချပြီးဖြစ်​သော အာဏာသိမ်း​ခေါင်း​ဆောင်သိမ်းယူထားသည့် အင်လျားလမ်းအိမ်နံမှတ် ၁၄ ​နေအိမ် ။ ။ဓါတ်ပုံ-Google Map)
(​အစုရှယ်ယာ ဒေါ်လာ ၈သန်းဖိုး​ရောင်းချပြီးဖြစ်​သော အာဏာသိမ်း​ခေါင်း​ဆောင်သိမ်းယူထားသည့် အင်လျားလမ်းအိမ်နံမှတ် ၁၄ ​နေအိမ် ။ ။ဓါတ်ပုံ-Google Map)

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပိုင်ဆိုင်သည့် ရန်ကုန်မြို့မှ နေအိမ်တစ်လုံးကို ထပ်မံရောင်းချသွားမည်ဟုအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးကယနေ့ထုတ်ပြန်
သည်။

အာဏာရှင် အဆုံးသတ်နိဂုံး(EOD)အစီအစဉ်ဖြင့် NUGက စစ်ခေါင်းဆောင်ပိုင်ဆိုင်သည့် အင်းလျားလမ်းရှိ အိမ်နံပတ် ၁၄ကို ဒေါ်လာ ၁၀ သန်းဖြင့်ရောင်းချပြီးနောက် ဒုတိယမြောက် အိမ်တစ်လုံးကို ထပ်မံရောင်းချရန် NUGကစီစဥ်​နေခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်၏ အင်လျားလမ်း အိမ်နံပတ် ၁၄ကို ရောင်းချရာတွင် လက်ရှိတွင် ဒေါ်လာ ၈ သန်းကျော်ရရှိထားပြီး ရောင်းချရန် ရှယ်ယာ ၁၇၀၀၀ကျော် (ဒေါ်လာ ၁ ဒသမ ၇ သန်း)သာကျန်ရှိတော့သည်ဟု ရှယ်ယာရောင်းချပေးနေသူများထံမှသိရသည်။

ထိုအိမ်အတွက် Final Call(နောက်ဆုံးရှယ်ယာရောင်းချမှု) ရောက်ရှိလာတော့မည်ဟု NUGကအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

နှစ်ဧကခန့်ကျယ်ဝန်းသောအာဏာသိမ်း စစ်ခေါင်းဆောင် ပိုင်ဆိုင်သည့် အင်လျားလမ်းမှ အိမ်နံပတ် ၁၄ ကို NUGက ဒေါ်လာ ၁၀သန်းတန်ဖိုးရှိသည့် အစုရှယ်ယာ တစ်သိန်းကို မေ ၅ ရက်တွင် စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ ထိုအိမ်နှင်ခြံသည် ကာလတန်ဖိုးဒေါ်လာ ၃၆ သန်းတန်​သော်လည်းကာလတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းဖြင့် NUGက ရောင်းချခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် အမည်ဖြင့် အဓမ္မသိမ်းယူထားသည့် အိမ်လေးလုံးရှိပြီးစစ်အုပ်စုက သိမ်းယူထားသည့် မြေကွက်ပေါင်း ၆၀ ကျော်အထိရှိသည်ဟု NUG၊စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောထားသည်။

ထိုပြင် ရန်ကုန်မြို့၏ အချက်အချာကျသည့်နေရာရှိစစ်တပ်ပိုင်မြေများကို နွေဦးတော်လှန်ရေး အထိမ်းအမှတ် ပန်းခြံပါဝင်သည့် စိမ်းလန်းဧရိယာ(Green Area) တစ်ခုအဖြစ်ဖော်ဆောင်သွားမည်ဖြစ်ပြီး ၎င်းအတွက် စီမံကိန်းအဆိုပြုလွှားများဖိတ်ခေါ်သွားမည်ဟုထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ တနေရာမှာ တော်လှန်ပြည်သူတွေက အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မစစ်မှုထမ်းစနစ်ကို တိုက်ဖျက်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတရပ် စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook