Connect with us

Hi, what are you looking for?

သတင်း

အမှားတွေကိုထပ်ခါတလဲလဲကျုးလွန်နေတဲ့စစ်ကောင်စီ လမ်းဆုံးတော့မယ်လို့ KNU ဆို

“လူမဆန်စွာကနေပြီးတော့ ဘယ်လောက်အထိမိုက်ရိုင်းပြီး ရိုင်းစိုင်းတဲ့ အပြုအမှုတွေ ၊ လုံးဝလက်ခံလို့မရတဲ့ အနေအထား က ပိုပြီးတော့ ပြင်းထန်များလာတယ်ဆိုတာ ပြောလို့ရတယ်” လို့ပဒိုစောတောနီးက ဆိုပါတယ်။

ပဒိုစောတောနီး
ပဒိုစောတောနီး

စစ်ကောင်စီဟာ အမှားတွေကို ထပ်ခါတလဲလဲ ကျုးလွန်နေပြီး လမ်းဆုံးကို တိုးဝင်နေတဲ့အနေအထားဖြစ်နေပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက စစ်ကောင်စီရဲ့အခြေအနေကို ပြောပါတယ်။

“ဒီနေ့ ဒီကာလမှာ စစ်ကောင်စီဟာ အမှားကို အမှားနဲ့ ပြန်ပြီးတော့ ထပ်ခါ ထပ်ခါ လုပ်နေတာတွေ့ရတယ်” လို့ပဒိုစောတောနီးကဆိုပါတယ်။

လက်ရှိအချိန်မှာ KNU ထိန်းချုပ်နယ်မြေတွေအတွင်း စစ်ကောင်စီရဲ့တပ်တွေ နဲ့တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

KNU တပ်မဟာ အလိုက် နယ်မြေတွေမှာ နေ့စဉ်နီးပါး ထိတွေ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ KNU ရဲ့ုထုတ်ပြန်ချက်တွေအရသိရပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာ ညောင်လေးပင်ခရိုင် KNU တပ်မဟာ ၃ နယ်မြေ လယ်ဒိုနဲ့ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှု ၊လေကြောင်းကနေ တိုက်ခိုက်မှု တွေကြောင့် ဒေသခံအရပ်သား ထောင်နဲ့ချီပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး ၁၅ ဦးထက်မနည်းအသက်ဆုံးရှုံးခဲ့ရတယ်လို့ KNU ကဆိုထားပါတယ်။

ဒါအပြင် KNU တပ်မဟာ ၁ ၊ တပ်မဟာ ၆ နယ်မြေတွေထဲမှာဆိုရင်လည်း စစ်ကောင်စီရဲ့လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် သံဃာတစ်ပါးအပါအဝင် အရပ်သား ၆ ဦးခန့်သေဆုံးခဲ့ရကာ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။

ဒီလိုအရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာတွေဟာ စစ်ကောင်စီတပ်ရဲ့လုပ်နေကျ အလုပ်လိုဖြစ်နေကာ ဒီနောက်ပိုင်းမှာတော့ ပြည်သူတွေကို ပစ်မှတ်ထားတာဟာပိုမိုပြင်းထန်လာတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောပါတယ်။

“လူမဆန်စွာကနေပြီးတော့ ဘယ်လောက်အထိမိုက်ရိုင်းပြီး ရိုင်းစိုင်းတဲ့ အပြုအမှုတွေ ၊ လုံးဝလက်ခံလို့မရတဲ့ အနေအထား က ပိုပြီးတော့ ပြင်းထန်များလာတယ်ဆိုတာ ပြောလို့ရတယ်” လို့ပဒိုစောတောနီးက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်