Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

BGF က စစ်ဆေးရေးဂိတ်တွေချငွေကောက်နေတာကြောင့် ကုန်စည်စျေးတွေတက်နေတာလို့ ရောင်းဝယ်သူတွေပြော

ပြီးခဲ့တဲ့လက ဆန်တစ်အိတ်ကို ကျပ်(၅၀၀၀၀)အထိသာရှိနေပေမယ့် အခုဇူလိုင်လထဲမှာတော့ ဆန်တစ်အိတ်ကို ကျပ်(၇၅၀၀၀)အထိ မြင့်တက်လာနေပြီး စားသုံးဆီတစ်လီတာမှာလည်း ကျပ်(၆၀၀၀)၊ စက်သုံးဆီ(ဓာတ်ဆီ)တစ်လီတာကို ကျပ်(၇၅၀၀)အထိ စျေးနှုန်းတွေ တဟုန်ထိုးမြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

BGF က စစ်ဆေးရေးဂိတ်တွေချငွေကောက်နေတာကြောင့် ကုန်စည်စျေးတွေတက်နေတာလို့ ရောင်းဝယ်သူတွေပြော
BGF က စစ်ဆေးရေးဂိတ်တွေချငွေကောက်နေတာကြောင့် ကုန်စည်စျေးတွေတက်နေတာလို့ ရောင်းဝယ်သူတွေပြော

ဖာပွန်ခရိုင်အတွင်းမှာ လမ်းပန်းဆက်သွယ်ရေးအခြေအနေနဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF)တွေက လမ်းမပေါ်မှာ စစ်ဆေးရေးဂိတ်တွေအများအပြားချပြီး ငွေကြေးကောက်ခံမှုများပြားနေတာကြောင့် ကုန်ပစ္စည်းစျေးနှုန်းမြင့်တက်ရတယ်လို့ ရောင်းဝယ်ဖောက်ကားသူတွေက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းမီအချိန်က ဖာပွန်ခရိုင်မှာ ဆန်သုံးပုံးတစ်အိတ်ကို ငွေကျပ်(၁၅၀၀၀)ကနေ (၂၀၀၀၀) ဝန်းကျင်အထိရှိနေပြီး စားသုံးဆီကတော့ တစ်လီတာကို ကျပ်(၁၅၀၀)ကနေ (၂၀၀၀)ဝန်းကျင်နဲ့ စက်သုံးဆီကတော့ ဓာတ်ဆီတစ်လီတာကို ကျပ်(၁၅၀၀)၊ ဒီဇယ်တစ်လီတာကို ကျပ်(၂၀၀၀)အတွင်းမှာသာရှိနေတယ်လို့ ဆိုပါတယ်လို့ ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားသူတွေက ပြောကြားခဲ့ကြောင်း ကေအဲန်ယူ-မူတြော်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။ ။

ဒါပေမဲ့ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးလိုက်တဲ့နောက်ပိုင်း ကုန်ပစ္စည်းစျေးနှုန်းတွေ တဖြည်းဖြည်းမြင့်တက်လာနေပြီး စားသုံးကုန်ပစ္စည်းတွေနဲ့ စက်သုံးဆီစျေးနှုန်းတွေဟာ တဖြည်းဖြည်းမြင့်တက်လာရာကနေ အခု ၂၀၂၂ ခုနှစ် တစ်လနှစ်လအတွင်းမှာ စားသုံးကုန်ပစ္စည်းတွေနဲ့ စက်သုံးဆီစျေးနှုန်းမှာ တဟုန်ထိုးမြင့်တက်လာနေတယ်လို့ မူတြော်သတင်းစဉ်မှာဖော်ပြထားတာပါ။

ပြီးခဲ့တဲ့လက ဆန်တစ်အိတ်ကို ကျပ်(၅၀၀၀၀)အထိသာရှိနေပေမယ့် အခုဇူလိုင်လထဲမှာတော့ ဆန်တစ်အိတ်ကို ကျပ်(၇၅၀၀၀)အထိ မြင့်တက်လာနေပြီး စားသုံးဆီတစ်လီတာမှာလည်း ကျပ်(၆၀၀၀)၊ စက်သုံးဆီ(ဓာတ်ဆီ)တစ်လီတာကို ကျပ်(၇၅၀၀)အထိ စျေးနှုန်းတွေ တဟုန်ထိုးမြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုလိုကုန်ပစ္စည်းစျေးနှုန်းတွေ တဟုန်ထိုးမြင့်တက်လာနေရတဲ့ အကြောင်းအရင်းဟာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေနဲ့ လမ်းတွေမှာ စစ်ကောင်စီ BGF တပ်ဖွဲ့တွေက စစ်ဆေးရေးဂိတ်တွေအများအပြားချထားပြီး ငွေကြေးကောက်ခံမှုများပြားနေတာကြောင့်ဖြစ်တယ်လို့ ကုန်စည်ကူးသန်းရောင်းဝယ်သူတွေက ပြောဆိုနေကြပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲရတဲ့အကြောင်းရင်းဟာ ကားလမ်းကြီးတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေအကြား နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတာကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်သူတွေက ကားလမ်းမတွေကို အသုံးမပြုရဲကြပဲ ကြမ်းတမ်းခက်ခဲလှတဲ့ တောတွင်းမြေနီလမ်းကိုသာ အသုံးပြုနေရတာဖြစ်တယ်လို့ မူတြော်သတင်းစဉ်မှာ ဖော်ပြချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း KIA က ပြီးခဲ့သည့် နှစ်ပိုင်းကတည်း က အသိပေး​ကြေညာထားသည်။

သတင်း

တိုက်ခိုက်ခံရမှုကြောင့် စစ်ဆေးရေးဂိတ်တွင်ရှိနေသော စစ်ကောင်စီတပ်သားများမှ အနီးဝန်းကျင်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိရာ ပြည်သူထိခိုက်မှုရှိ မရှိမသိရသေးဘဲ ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း Hero ပြောက်ကျားတပ်က အသိပေးသည်။

သတင်း

ယနေ့နံနက်ပိုင်းတွင် ရွှေဘိုမြို့လေ့ကျင့်ရေး (၈)တပ်မှ အင်အား ၄၀၀ခန့်ဖြင့် ရွှေဘိုမြို့မြောက်ဘက်ခြမ်းနှင့် ခင်ဦးမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးခဲ့ကြောင်း သတင်းရရှိသည်။