Connect with us

Hi, what are you looking for?

သတင်း

BGF က စစ်ဆေးရေးဂိတ်တွေချငွေကောက်နေတာကြောင့် ကုန်စည်စျေးတွေတက်နေတာလို့ ရောင်းဝယ်သူတွေပြော

ပြီးခဲ့တဲ့လက ဆန်တစ်အိတ်ကို ကျပ်(၅၀၀၀၀)အထိသာရှိနေပေမယ့် အခုဇူလိုင်လထဲမှာတော့ ဆန်တစ်အိတ်ကို ကျပ်(၇၅၀၀၀)အထိ မြင့်တက်လာနေပြီး စားသုံးဆီတစ်လီတာမှာလည်း ကျပ်(၆၀၀၀)၊ စက်သုံးဆီ(ဓာတ်ဆီ)တစ်လီတာကို ကျပ်(၇၅၀၀)အထိ စျေးနှုန်းတွေ တဟုန်ထိုးမြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

BGF က စစ်ဆေးရေးဂိတ်တွေချငွေကောက်နေတာကြောင့် ကုန်စည်စျေးတွေတက်နေတာလို့ ရောင်းဝယ်သူတွေပြော
BGF က စစ်ဆေးရေးဂိတ်တွေချငွေကောက်နေတာကြောင့် ကုန်စည်စျေးတွေတက်နေတာလို့ ရောင်းဝယ်သူတွေပြော

ဖာပွန်ခရိုင်အတွင်းမှာ လမ်းပန်းဆက်သွယ်ရေးအခြေအနေနဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF)တွေက လမ်းမပေါ်မှာ စစ်ဆေးရေးဂိတ်တွေအများအပြားချပြီး ငွေကြေးကောက်ခံမှုများပြားနေတာကြောင့် ကုန်ပစ္စည်းစျေးနှုန်းမြင့်တက်ရတယ်လို့ ရောင်းဝယ်ဖောက်ကားသူတွေက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းမီအချိန်က ဖာပွန်ခရိုင်မှာ ဆန်သုံးပုံးတစ်အိတ်ကို ငွေကျပ်(၁၅၀၀၀)ကနေ (၂၀၀၀၀) ဝန်းကျင်အထိရှိနေပြီး စားသုံးဆီကတော့ တစ်လီတာကို ကျပ်(၁၅၀၀)ကနေ (၂၀၀၀)ဝန်းကျင်နဲ့ စက်သုံးဆီကတော့ ဓာတ်ဆီတစ်လီတာကို ကျပ်(၁၅၀၀)၊ ဒီဇယ်တစ်လီတာကို ကျပ်(၂၀၀၀)အတွင်းမှာသာရှိနေတယ်လို့ ဆိုပါတယ်လို့ ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားသူတွေက ပြောကြားခဲ့ကြောင်း ကေအဲန်ယူ-မူတြော်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။ ။

ဒါပေမဲ့ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးလိုက်တဲ့နောက်ပိုင်း ကုန်ပစ္စည်းစျေးနှုန်းတွေ တဖြည်းဖြည်းမြင့်တက်လာနေပြီး စားသုံးကုန်ပစ္စည်းတွေနဲ့ စက်သုံးဆီစျေးနှုန်းတွေဟာ တဖြည်းဖြည်းမြင့်တက်လာရာကနေ အခု ၂၀၂၂ ခုနှစ် တစ်လနှစ်လအတွင်းမှာ စားသုံးကုန်ပစ္စည်းတွေနဲ့ စက်သုံးဆီစျေးနှုန်းမှာ တဟုန်ထိုးမြင့်တက်လာနေတယ်လို့ မူတြော်သတင်းစဉ်မှာဖော်ပြထားတာပါ။

ပြီးခဲ့တဲ့လက ဆန်တစ်အိတ်ကို ကျပ်(၅၀၀၀၀)အထိသာရှိနေပေမယ့် အခုဇူလိုင်လထဲမှာတော့ ဆန်တစ်အိတ်ကို ကျပ်(၇၅၀၀၀)အထိ မြင့်တက်လာနေပြီး စားသုံးဆီတစ်လီတာမှာလည်း ကျပ်(၆၀၀၀)၊ စက်သုံးဆီ(ဓာတ်ဆီ)တစ်လီတာကို ကျပ်(၇၅၀၀)အထိ စျေးနှုန်းတွေ တဟုန်ထိုးမြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုလိုကုန်ပစ္စည်းစျေးနှုန်းတွေ တဟုန်ထိုးမြင့်တက်လာနေရတဲ့ အကြောင်းအရင်းဟာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေနဲ့ လမ်းတွေမှာ စစ်ကောင်စီ BGF တပ်ဖွဲ့တွေက စစ်ဆေးရေးဂိတ်တွေအများအပြားချထားပြီး ငွေကြေးကောက်ခံမှုများပြားနေတာကြောင့်ဖြစ်တယ်လို့ ကုန်စည်ကူးသန်းရောင်းဝယ်သူတွေက ပြောဆိုနေကြပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲရတဲ့အကြောင်းရင်းဟာ ကားလမ်းကြီးတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေအကြား နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတာကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်သူတွေက ကားလမ်းမတွေကို အသုံးမပြုရဲကြပဲ ကြမ်းတမ်းခက်ခဲလှတဲ့ တောတွင်းမြေနီလမ်းကိုသာ အသုံးပြုနေရတာဖြစ်တယ်လို့ မူတြော်သတင်းစဉ်မှာ ဖော်ပြချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။