Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင်ဆိုင်ကယ်နှစ်​ယောက်စီး၍ဆိုကာစစ်​တပ်က​သေနတ်ဖြင့် ပစ်၍အသက် ၂၀ ​အရွယ်လူငယ်တစ်ဦး​သေဆုံး

မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်ကနေရာအနှံ့ပိုက်စိပ်တိုက်စစ်ဆေးမှုများ ပြုလုပ်နေပြီး မလိုအပ်ဘဲ အပြင်မထွက်ကြရန် ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

(​အကြမ်းဖက်စစ်တပ်ကသေနတ်ဖြင့်ပစ်၍ ကွယ်လွန်ခဲ့​သောလူငယ်)
(​အကြမ်းဖက်စစ်တပ်ကသေနတ်ဖြင့်ပစ်၍ ကွယ်လွန်ခဲ့​သောလူငယ်)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်တပ်က ဆိုင်ကယ်နှစ်ယောက်စီးလာသည့် လူငယ်ညီအစ်ကိုနှစ်ဦးကို အကြောင်းမဲ့လိုက်လံပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန်ရ​သောညီဖြစ်သူမှာ ဇူလိုင် ၂၀ တွင်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင်လ ၁၇ ရက် ည ၇ နာရီခွဲ အချိန်တွင် မုံရွာမြို့ ဆည်မြောင်းလမ်း၌ အကြမ်းဖက်စစ်တပ်က အလုပ်ကိစ္စဖြင့် ဆိုင်ကယ်နှစ်ယောက်ပိုးစီးလာသည့် ညီအစ်ကိုနှစ်ယောက်အား အကြမ်းဖက်စစ်တပ်က လိုက်လံပစ်ခတ်ခဲ့ရာညီဖြစ်သူ အသက်၂၀ နှစ်​မောင်ဝင်းညွှန်လွင်ဆိုသူ ကွယ်လွန်ခဲ့ကြောင်း ​​ဒေသခံအချို့က​ပြောသည်။

“အဲဒီနေ့က ညကြီး ညီအကိုနှစ်ယောက်အလုပ်ကိစ္စတစ်ခုနဲ့ ဆိုင်ကယ် နှစ်ယောက်ပိုးစီးပြီး အပြင်သွားကြတာ၊။ အဲဒီမှာအကြမ်းဖက်စစ်​ွေးတွေက လူငယ်နှစ်ယောက် ဆိုင်ကယ်တစ်စီးတည်းစီးလာ‌တာမြင်တော့ကြောက်အားလန့်အားနဲ့ လှမ်းပစ်တာ ညီဖြစ်တဲ့ ဆယ်ပိုအသက်(၂၀)နှစ်ရဲ့ လည်ပင်းကိုကျည်ဖောက်သွားတာဗျ။ အဲ့အချိန်မှာ အကိုဖြစ်သူကတော့ပြေးနိုင်လို့ လွတ်တယ်။ စစ်​ွေးတွေက ဆိုင်ကယ်နဲ့ ညီဖြစ်တဲ့ ဆယ်ပိုကို နမခစစ်ဆေးရုံကိုခေါ်သွားတယ်။ဆေးရုံရောက်တော့ဆယ်ပိုအောက်ပိုင်းကလှုပ်မရတော့ဘူးတဲ့ဗျ။ဒီနေ့(ဇူလိုင် ၂၀ )တော့ ဆယ်ပိုသေသွားပြီဗျ။”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး​ဖေစ်ဘွခ်စာမျက်နှာသို့ ပြည်သူတစ်ဦးက​ဖြေကြား​ကြောင်း ​ဖော်ပြထားသည်။

“အဲ့နေ့ညက သူတို့ညီအကိုနှစ်ယောက်စီးတဲ့ဆိုင်ကယ်ကလည်း သူတို့အပိုင်မဟုတ်ဘူး ငှားစီးသွားတာ။အခု အဲ့ဒီ ဆိုင်ကယ်ကိုပါ စခတွေက သိမ်းလိုက်ပြီတဲ့ဗျာ။အမေဖြစ်သူကတော့ တစ်ပူကနေနှစ်ပူပေါ့ဗျာ။ သားဖြစ်သူအတွက်က တစ်မျိုး၊ဆိုင်ကယ်အစားပြန်ပေးဖို့ကတစ်မျိုးနဲ့။”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဆိုင်ကယ်မှာ ကလစ်အမျိုးအစားဖြစ်ပြီး ကျပ်သိန်း ၂၀ ​ကျော်တန်ဖိုးရှိကာ စစ်​ကောင်စီတပ်ထံပြန်​တောင်းရာ ​နောင်မှအ​ကြောင်ပြန်မည်​ပြောပြီး ​ပြန်မ​ပေး​သေး​ကြောင်း​ဒေသခံအချို့က​ပြောသည်။

မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်ကနေရာအနှံ့ပိုက်စိပ်တိုက်စစ်ဆေးမှုများ ပြုလုပ်နေပြီး မလိုအပ်ဘဲ အပြင်မထွက်ကြရန် ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။